ရွှေသားအစစ်နဲ့ဖန်တီးထားတဲ့ ထိုင်မသိမ်းဝတ်စုံလေးကိုဆင်မြန်းထားပြီး တပင်တိုင်မင်းသမီးလေးလိုထည်ဝါစွာလှပနေတဲ့ နန်းစု


—-

—-


—-

—-


—-

—-

Source:Nansu Yati Soe/Photo:Zaw Myo Htet (Mandalay),CRD-Myanmarload

UNICODE

ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ မင်းသမီးချောလေး နန်းစုရတီစိုးကတော့ တိုင်းရင်းသွေးလေးစပ်တဲ့သူတစ်ယောက်ဖြစ်လို့ ဖြူဖွေးဝင်းမွတ်နေတဲ့အသားအရည်လေးက မိန်းကလေးအချင်းချင်းတောင်ငေးယူရပါတယ်နော်။ကိုရီးယားမင်းသမီးလေးတွေလို အရမ်းချစ်စရာကောင်းပြီး သွယ်လျလှပကာ မျက်နှာလေးကအရုပ်မလေးနဲ့တူတာကို ပရိသတ်ကြီးလည်းလက်ခံကြမှာပါ။နန်းစုကတော့ ယနေ့အချိန်ထိလည်း ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေနဲ့ ရပ်တည်နေတာဖြစ်ပါတယ်။

နန်းစုရတီစိုးက သရုပ်ဆောင်အိုင်တင်လည်းအရမ်းကောင်းသလို သီချင်းဆိုတဲ့အခါမှာလည်း သူမရဲ့အသံချိုချိုလေးက အရမ်းနားထောင်လို့ကောင်းပါတယ်နော်။နန်းစုရတီစိုးသီဆိုထားတဲ့ သီချင်းလေးတွေကလည်း လူငယ်ပရိသတ်တွေကြားမှာအရမ်းနာမည်ကြီးပြီး အမြဲတမ်းကြားနေရတဲ့သီချင်းကောင်းလေးတွေဖြစ်ပါတယ်။နန်းစုကတော့ လက်တလောမှာ ရှိုးပွဲတွေမှာပါဝင်လျှောက်လှမ်းပေးပြီး ပွဲအခမ်းအနားတွေတက်ရောက်နေတာကိုလည်း တွေ့မြင်ရပါတယ်နော်။

နန်းစုရဲ့နုပျိုလန်းဆန်းတဲ့အလှတရားတွေကလည်း အမြဲတမ်းဆယ်ကျော်သက်လေးတစ်ယောက်လို ချစ်စရာကောင်းနေပါတယ်နော်။အခုဆိုရင်တော့ နန်းစုရတီစိုးက ရွှေနန်းတော်ဆိုင်ရဲ့ပွဲလေးမှာ ရွှေသားအစစ်နဲ့ဖန်တီးပြုလုပ်ထားတဲ့ မြန်မာထိုင်မသိမ်းဝတ်စုံလေးကို ဆင်မြန်းထားပြီး တပင်တိုင်မင်းသမီးလေးလို တောက်ပထည်ဝါစွာလှပနေတဲ့ နန်းစုရဲ့အလှပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါရစေနော်။