Rap ဆိုလည်းကောင်းသလို Game ဆော့လည်းကျွမ်းတဲ့ Bobby Soxer ရဲ့ ချစ်စရာပုံရိပ်များ
UNICODE
လူငယ်ကြိုက်အဆိုတော်တစ်ဦးဖြစ်တဲ့ အဆိုတော်မလေး Bobby Soxer က သီချင်းဆိုကောင်းပြီး ဖန်တီးဉာဏ်စွမ်းရည် အပြည့်အဝရှိသူ တစ်ဦးဖြစ်ပါတယ်။ သူမရဲ့ သီချင်းတွေကလည်း လူငယ်ပရိသတ်တွေကြားမှာ တော်တော်လေး ရေပန်းစားပြီး အောင်မြင်တာကို တွေ့ရပါတယ်။ Bobby Soxer ရဲ့ ချစ်စရာကောင်းတဲ့ မျက်နှာလေးကိုသာမက အေးဆေးတည်ငြိမ်လွန်းတဲ့ သူမရဲ့ ပုံစံလေးကိုလဲ ပရိသတ်တွေက နှစ်သက်သဘောကျကြပါတယ်။
လတ်တလောမှာတော့ Bobby Soxer က သူမရဲ့ အနုပညာလုပ်ငန်းတွေအပြင် ဖေ့စ်ဘုတ်စာ Game တွေဆော့ပြတဲ့ Streamer တစ်ယောက် အဖြစ်ပါ ရပ်တည်နေပြီ ဖြစ်ပါတယ်။ ယောကျာ်းလေးတွေနဲ့အပြိုင် Game တွေ လိုက်ဆော့နိုင်တဲ့ သူမကို ပရိသတ်တွေက သဘောမကျပဲ မနေနိုင်ပါဘူး။
ဒီတစ်ခေါက်မှာတော့ Bobby Soxer က သူမရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် မျှဝေပေးထားတာကို တွေ့ရပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် Bobby Soxer ရဲ့ အသည်းယားစရာ ပုံလေးတွေကို မျှဝေပေးလိုက်ပါတယ်နော်
Bobby Soxer က “မျက်ခွက်ပြောင်ထားတဲ့ selifes လေးတွေကတော့ bonus လောင်နေတာကြီးပဲမြင်နေရတော့လေ ” ဆိုပြီး ဂိမ်းဆော့တိုင်း ပူလောင်နေတဲ့ သူမရဲ့ အဖြစ်ကို အရွှန်းဖောက်ပြီး ပြောထားပါသေးတယ်။
Bobby Soxer ကတော့ အသက်အရွယ် တစ်ခုရလာတဲ့တိုင် အရင်ကအတိုင်း မပြောင်းလဲပဲ ချစ်စရာကောင်းနေတုန်းပဲနော်။ ပရိသတ်ကြိးလည်း Gamer မလေး Bobby Soxer ရဲ့ ပုံလေးတွေကို သဘောကျရင် Like & Share လုပ်ဖို့ မမေ့ပါနဲ့နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။။
CRD_Rowena,Source: Gwat Gwat