ဘယ်လောက်ပဲ တောင်းပန်ပါစေ ပြတ်သားစွာဆောင်ရွက်ဖို့ သဘင်အစည်းအရုံးကိုတိုက်တွန်းလိုက်တဲ့ ကောင်းကျော်

ဟာသသရုပ်ဆောင် လူရွှင်တော်ကြီး ကောင်းကျော် ဟာဆိုရင် ရွှေညီအစ်ကို ဆိုတဲ့ လူရွှင်တော်အဖွဲ့နဲ့ ပရိသတ်တွေ ရဲ့ အားပေးမှု များစွာရရှိထားတာပဲ ဖြစ်ပါတယ်။သူ့ရဲ့ ပြောင်မြောက်တဲ့ ဟာသ ပညာတွေနဲ့ ပရိသတ်တွေကို အမြဲပျော်ရွှင်စေခဲ့တာပါ။

ဒီတစ်ခါမှာတော့ မိုမိုလေး ရဲ့ ချစ်ပရိသတ်တွေအတွက် ဦးကောင်းကျော် က မြန်မာ့ယဉ်ကျေးမှု ၀တ်စုံကို သရုပ်ပျက် အောင်ဖန်တီး ၀တ်ဆင်တဲ့ ဆယ်လီ နဲ့ပတ်သက်ပြီး မြန်မာ့ သဘင်အစည်းအရုံးကို တိုက်တွန်းလိုက်တဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

မြန်မာယဉ်ကျေးမှု ၀တ်စုံကို သရုပ်ပျက်အောင် ဖန်တီးဝတ်ဆင်ပြီး ပွဲတက်ခဲ့တဲ့ဆယ်လီ တစ်ဦးနဲ့ပတ်သက်ပြီး လူမှုကွန်ယက်မှာ အရမ်းကို နာမည်ကြီးနေတာပါ။ သရုပ်ပျက်ဝတ်ဆင်တဲ့ ဆယ်လီကို မြန်မာသဘင်အစည်းအရုံးမှ အရေးယူသွားမည် ဖြစ်ကြောင်းကိုလည်းဒီနေ့မှာကြေငြာချက်ထုတ်ခဲ့တာပဲ ဖြစ်ပါတယ်။ သဘင် အစည်းအရုံးမှ ကြေငြာချက်ထုတ်ပြန်ပြီး မကြာခင်မှာပဲ ဆယ်လီ ဖြစ်သူက သဘင်အစည်းအရုံးကို သွားရောက်တောင်းပန်ခဲ့တယ်လို့ သိရပါတယ်။

ဆယ်လီဖြစ်သူ လာတောင်းပန်တာနဲ့ ပတ်သက်ပြီး ဦးကောင်းကျော် က “လုပ်သင့် လုပ်ထိုက်သော ကိစ္စတစ်ခုအတွက် ယခုလိုပြတ်သားစွာ လုပ်ဆောင် ပေးသော မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)အား အထူလေးစား ဂုဏ်ပြုကျေးဇူးတင်ပါသည်။ဘုန်းကြီးခေါင်း ခေါက်ပြီးမှ ကန်တော့ပါဘုရားလို့ လုပ်တတ်တဲ့ ထိုပုဂ္ဂိုလ် ၏အကျင့်အတိုင်း လာရောက်ဝန်ချတောင်းပန် လာပါကလဲ မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)အနေဖြင့် နောင်အနာဂါတ်မှာဖြစ်လာနိုင်သည်များကို တွေးဆ ဆင်ချင်ပြီး လုပ်သင့်သည်များကို ပြတ်သားစွာဆောင်ရွက်ပေးကြပါရန် လည်း အထူးတောင်းဆို တိုက်တွန်းပါသည်ဗျာ ။ကောင်းကျော် လူရွှင်တော်” ဆိုပြီး ပြောထားပါတယ်။

ဦးကောင်းကျော် သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာရေးထားတဲ့ စာများ

အနုပညာရှင်များစွာ တို့ကလည်း ဒီလို ၀တ်စားဆင်ယင်မှုမျိုး နောက်မလုပ်သင့်ကြောင်းလာပြောထား တွေ့ရပါတယ်။

လူရွှင်တော် ဦးကောင်းကျော် က သဘင်အစည်းအရုံးကို ထိထိရောက်ရောက် ဆောင်ရွက်ဖို့ တိုက်တွန်းလိုက်တဲ့ အကြောင်းကို ပရိသတ်တွေ သိရလောက်ပြီ ထင်ပါတယ်။ ကြည့်ရှုပေးကြတဲ့ မိုမိုလေး ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Moekalay
Source; u kaung kyaw