စိတ်ကောက်နေတဲ့ ချစ်သူအရုပ်မလေးကို ဗီဒီယိုကောခေါ်ပြီး ချော့နေရတဲ့ G Fatt

ပရိသတ်တွေ အရမ်းချစ်ကြတဲ့ G Fatt နဲ့ နန်းဆုရတီစိုးတို့ အနုပညာရှင်စုံတွဲလေးကတော့ တစ်ဦးအပေါ်တစ်ဦး အမြဲလိုလို အသေးစိတ်ကအစဂရုစိုက်ချစ်တတ်လွန်းတာကြောင့် ပျော်စရာတွေ ကြည်နူးစရာတွေ ပြည့်နှက်နေတဲ့ အချစ်ရေးကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။

ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ အချစ်တွေ ပိုပိုတိုးလာတဲ့ သူတို့ချစ်သူနှစ်ဦးကတော့ အရမ်း Ro တဲ့ စုံတွဲလေးဆိုလည်း မမှားပါဘူး။ လတ်တလောမှာတော့ G Fatt က ခရီးထွက်နေတာဖြစ်ပြီး မြန်မာပြည်မှာ ကျန်ခဲ့တဲ့ ချစ်သူလေးစိတ်ကောက်နေတဲ့အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။

ချစ်သူအရုပ်မလေးကို ဗီဒီယိုကောခေါ်ပြီး ချော့နေတဲ့ G Fatt ကတော့ တကယ့်ကို ချစ်တတ်လွန်းသူကြီးပါပဲနော်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် စိတ်ကောက်နေတဲ့ ချစ်သူအရုပ်မလေးကို ဗီဒီယိုကောခေါ်ပြီး ချော့နေရတဲ့ G Fatt ရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

G Fatt ကတော့ “ကောက်စိန်” ဆိုပြီး မသိဘူးကောက်မယ်ဆိုတဲ့ ချစ်သူလေးမျက်နှာရွှင်စေဖို့ ချော့နေရတဲ့ အကြောင်း ကြည်နူးစွာ တင်ထားတာပါ။

G Fatt နဲ့ နန်းဆုတို့ချစ်သူနှစ်ဦးကတော့ မကြာခဏဆိုသလို သူငယ်ချင်းတွေနဲ့ ခရီးအတူထွက်လေ့ရှိပြီး မကြာသေးခင်ကလည်း ကမ်းခြေကို အလည်အပတ်သွားခဲ့ပါသေးတယ်။

မမနန်းဆုနဲ့ မောင်လေး G Fatt တို့ချစ်သူနှစ်ဦးကတော့ အသက်အရွယ်အားဖြင့် ၄နှစ်ကွာပေမယ့်လည်း တစ်ဦးအပေါ်တစ်ဦး တူညီတဲ့ချစ်ခြင်းမေတ္တာနဲ့ ချစ်ကြတဲ့ စုံတွဲလေးပဲ ဖြစ်ပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း စိတ်ကောက်နေတဲ့ ချစ်သူလေးကို ယုယုယယနဲ့ ချော့နေရတဲ့ G Fatt ကို သဘောကျရင် share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source:G Fatt’s Facebook
Photo:Yee Yee Kham Hlaing