ရှုတင်မှာ သူငယ်ချင်းတွေနဲ့အတူတူ ဓာတ်ပုံရိုက်ကူးခဲ့တယ်ဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင်

အနုပညာလောကမှာ နှစ်ပေါင်း (၂၀) ကျော်တိုင် အောင်မြင်မှုတွေ ရရှိထားတဲ့ အဆိုတော်၊ သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်က ထိပ်တန်း အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်ရဲ့ သီချင်းတွေကို အသက်အရွယ်မရွေးကြိုက်နှစ်သက်ကြသလို စိုင်းစိုင်းခမ်းလှိုင် ပါဝင် သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကလည်း ဝက်ဝက်ကွဲအောင်မြင်လှတာကို တွေ့ရပါတယ်။

စိုင်းစိုင်းခမ်းလှိုင်က လက်ရှိမှာတော့ ဒါရိုက်တာ မီးပွား ရိုက်ကူးပုံဖော်တဲ့ “ပိတောက်ကတဲ့ဂီတ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို မန္တလေးမြို့မှာ သွားရောက် ရိုက်ကူးပေးနေတာပဲ ဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာတော့ စိုင်းစိုင်းခမ်းလှိုင်က “ပိတောက်ကတဲ့ဂီတ’ ရုပ်ရှင်ရိုက်ကွင်းပေါ်မှ ကလေးသရုပ်ဆောင်တွေနဲ့ တွေ့ရတာ ဖြစ်ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်က “ဒီနေ့ Shooting မှာ သူငယ်ချင်းတွေနဲ့” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပုံလေးတင်ထားတာ ဖြစ်ပါတယ်။

စိုင်းစိုင်းခမ်းလှိုင်က လက်ရှိမှာ ပိုးမမှီသာ၊ ကျော်သူ၊ စိုးမြတ်သူဇာတို့နဲ့ အတူတူ “ပိတောက်ကတဲ့ဂီတ” ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးနေပြီး ရိုးပွဲတွေကိုလည်း လက်မလည်အောင် သီဆိုပေးနေတာ ဖြစ်ပါတယ်။

စိုင်းစိုင်းခမ်းလှိုင်ကတော့ ကလေးတွေကို သူ့ရဲ့ သူငယ်ချင်းတွေဆိုပြီး စနောက်ထားတာ တကယ် ချစ်စရာကောင်းပါတယ်။ ပရိသတ်ကြီးလည်း စိုင်းစိုင်းခမ်းလှိုင်ရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: Sai Sai Kham Leng’s fb