“ဗောဓိညောင်၁၀ပင် အဓိဌာန်ကို (၂၆)ကြိမ်တိတိ အောင်မြင်သွားတဲ့ ဆုပန်ထွာ




UNICODE

ဆုပန်ထွာကတော့ အောင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက်အနေနဲ့ အနုပညာလောကမှာ ဆယ်စုနှစ်တစ်ခုကျော်အထိရပ်တည်နေတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။သရုပ်ဆောင်တစ်ဦးအနေနဲ့ အနုပညာလောကထဲကို မဝင်ရောက်ခင်ကတည်းက သူမဝါသနာပါတဲ့ သီချင်းသီဆိုမှုတွေကို သီချင်းဆိုပြိုင်ပွဲတွေမှာ အဆိုရှင်တစ်ယောက်အနေနဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့ပါသေးတယ်။သရုပ်ဆောင်တစ်ဦးအနေနဲ့ အောင်မြင်မှုရရှိလာပြီးနောက်ပိုင်းမှာတော့ အဆိုတော်တစ်ယောက်အနေနဲ့ တေးစီးရီးအယ်ဘမ်တွေထွက်ရှိထားတဲ့ အထိ အဆိုပိုင်းမှာလည်း အောင်မြင်မှုတွေရရှိနေတာပဲဖြစ်ပါတယ်။

လက်ရှိမှာတော့ ဆုပန်ထွာဟာ ခင်ပွန်းဖြစ်သူကို ဥက္ကာကျော်နဲ့ အတူ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို တည်ဆောက်ထားပြီး ချစ်စရာကောင်းတဲ့ သားသားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပါသေးတယ်။ဆုပန်ထွာရဲ့ သားသားလေးဟာလည်း ပရိသတ်တွေရဲ့ သည်းသည်းလှုပ်ချစ်ခင်အားပေးခြင်းကို ခံနေရတဲ့အထိ ချစ်စရာကောင်းတဲ့ ကလေးလေးပဲဖြစ်ပါတယ်။

ရုပ်လေးလှသလို စိတ်ထားလေးလည်း လှတဲ့ဆုပန်ထွာကတော့ ကုသိုလ်ရေးတွေမှာလည်း အားကြိုးမာန်တက်နဲ့ လုပ်ဆောင်လေ့ရှိပါသေးတယ်။လတ်တလောမှာလည်း ဆုပန်ထွာဟာ “ဗောဓိညောင်(၁၀)ပင် အဓိဌာန်ကို အောင်မြင်ပါပြီ”လို့ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြထားတာဖြစ်ပြီး ယခုကဲ့သို အောင်မြင်တာ (၂၆)ကြိမ်မြောက်ရှိသွားပြီလို့လည်း သိရှိရတာကြောင့်ပရိသတ်တွေထဲက ပန်ပန်ရဲ့ ပရိသတ်တွေအတွက် ဒီသတင်းလေးကို မျှဝေပေးလိုက်ပါတယ်။

Source : Supan Htwar,CRD-CELE GABAR