You are here
Home > Health > “တန္ေဆးလြန္ေဘးနဲ႕ ေခြးေလွးယားသီး (အနက္ေစ့)အေၾကာင္း”

“တန္ေဆးလြန္ေဘးနဲ႕ ေခြးေလွးယားသီး (အနက္ေစ့)အေၾကာင္း”

က်န္းမာေရးအတြက္ ေခြးေလွးယားသီး (အနက္ေစ့)ေလွာ္စားပါ

ေခြးေလွးယားသီးဆိုတာနဲ႔ လူတိုင္း သိၾကမွာပါ။ ေခြးေလွးယားသီးေပၚမွ အေမြးမ်ားသည္ လူကို မခံမရပ္ႏိုင္ေအာင္ ယားသည္ဟု ကြၽန္ေတာ္တို႔ ငယ္စဥ္က ၾကားသိခဲ့ရသည္။ ေခြးေလွးယားသီး ႏွစ္မ်ိဳးရွိသည္။ အယဥ္ႏွင့္ အ႐ိုင္းဟုေခၚဆိုသည္။ အ႐ိုင္းအသီး၏ အေမြးသည္ ယားၿပီး အယဥ္ပင္သည္ ေဆးဖက္ဝင္ေၾကာင္း သိရသည္။ အယဥ္သည္ ပဲမ်ိဳးႏြယ္ျဖစ္၍ လူမ်ားစားသုံးလွ်င္ အႏၲရာယ္မျဖစ္ႏိုင္ပါ။ အခ်ိဳ႕ေက်း႐ြာ မ်ားတြင္ ခ်က္၊ ျပဳတ္၊ သုပ္၍ပင္ စားၾကပါသည္။

ယခုေဆးဖက္ဝင္ေသာ ေခြးေလွးယားအယဥ္သီး(အနက္ေစ့)သည္ ေဆးဖက္ဝင္အပင္ျဖင့္ အသုံးျပဳလာသည္။ ေခြးေလွးယား (အနက္ေစ့)ကိုစားလွ်င္ ေလျဖတ္၊ ေသြးတိုး၊ ဆီးခ်ိဳ စသည့္ အေထြေထြ ေရာဂါေပ်ာက္သကဲ့သို႔ ေခြးေလွးယားသီး အျမစ္သည္လည္း ေဆးဖက္ဝင္ၿပီး ေရာဂါေပ်ာက္ကင္းေၾကာင္း သိရသည္။

ေခြးေလွးယားသီး (အနက္ေစ့)ကို စားသုံးေပးျခင္းျဖင့္ ေလမျဖတ္၊ ေလျဖတ္ေနလွ်င္ပင္ ျပန္ေကာင္းလာသည္။ ေသြးတိုး၊ ဆီးခ်ိဳက်ၿပီး အနာမ်ား အသားႏုတက္တာ ျမန္ေစသည္။ အဆစ္အျမစ္နာတာ သက္သာေပ်ာက္ကင္းၿပီး အာ႐ုံေၾကာမ်ား ျပန္ေကာင္းလာေစသည္။

ေျခ၊ လက္ မေအးေတာ့ဘဲ ကိုယ္ေငြ႕ေကာင္းၿပီး အေအးခံႏိုင္လာသည္။ အိပ္ေပ်ာ္စားဝင္ၿပီး ဆီးကို ႐ႊင္လန္းေစသည္။ အိပ္ရာထလွ်င္ ေခါင္း အၿမဲၾကည္လင္ေနၿပီး အေညာင္းလည္း ေျပေစသည္။ အစာ အိမ္ေရာဂါ ရွိသူမ်ားလည္း သက္သာ ေပ်ာက္ကင္းေစသည္။ ေခြးေလွးယားသီးကို ပုံမွန္စားပါက က်န္းမာ႐ႊင္လန္းၿပီး ခႏၶာကိုယ္ေပါ့ပါး သြက္လက္ကာ စိတ္ၾကည္လင္႐ႊင္လန္းေၾကာင္း သိရသည္။

ေခြးေလွးယားေစ့ (အနက္)ကို အမႈန႔္ျပဳလုပ္ၿပီး ပ်ားရည္၊ ေထာပတ္ႏွင့္ေရာ၍ လ်က္ေသာ္ ပန္းနာေပ်ာက္ကင္းသည္။ ေႁမြ၊ ကင္းကိုက္ခံရပါက အေစ့အစိမ္း ခုနစ္ေစ့ခန႔္ကို ဝါးစားျပဳတ္ေသာက္ၿပီး ဒဏ္ရာ ေနရာတြင္ ေခြးေလွးယား ဝါးဖတ္အုံေပး ပါက အဆိပ္ေျပေၾကာင္း သိရသည္။

၎အပင္၏ အျမစ္သည္လည္း ေရဖ်ဥ္း၊ ေလေရာဂါ၊ ဆင္ေျခေထာက္၊ ငန္းဖ်ား၊ ေသြးဝမ္း၊ လက္ေမာင္းသိမ္ျခင္းႏွင့္ မိခင္မ်ား ႏို႔ရည္မထြက္ပါက အ႐ြက္ကိုတို႔စားလွ်င္ မိခင္ႏို႔ရည္ ျပည့္ဝစြာထြက္ေၾကာင္း ျမစ္ႀကီးနားၿမိဳ႕ ေဈးအနီး ခ႐ိုင္ျပည္သူ႔စာၾကည့္တိုက္ေရွ႕ သစ္သီးဆိုင္ပိုင္ရွင္ ေဒၚျမဝင္းက ေျပာသည္။

လက္ေတြ႕ေပ်ာက္ကင္းတဲ့ ေရာဂါရွင္ေတြလည္း အမ်ားႀကီးပါ။ လက္ေတြ႕စားၾကည့္ပါ။ ျမစ္ႀကီးနားၿမိဳ႕ ဧရာရပ္ကြက္ ၁၂၃ မွ အသက္ ၄ဝ အ႐ြယ္ေဒၚေႏြးေႏြးက ”ကြၽန္မ ဒီေခြးေလွးယားသီး (အနက္ေစ့)ကို စားတာ ၂ဝ၁၅ ခုႏွစ္ ေမလပိုင္းမွ စစားတာပါ။ အခုလက္ရွိအထိ ဆက္စားေနတုန္းပါ။ အေစ့ကို ဝါးစားတာ စားလို႔လည္းေကာင္းတယ္။ ေဘးဥပဒ္လည္း မရွိဘူးေလ” ဟု သူမ၏အေတြ႕အႀကဳံကို ေျပာသည္။

”ကြၽန္မ အၿမဲတမ္းသြားရည္က်တယ္။ စကားေျပာေနရင္းလည္း က်တယ္။ အၿမဲသတိထားေနရတယ္။ အိပ္ရင္ပိုဆိုးတယ္။ တေဇာင္းအိပ္ေတာ့ေလ ေခါင္းအုံးမွာ သြားရည္ေတြ စို႐ႊဲေနတာပဲ။ အခု မက်ေတာ့ ဘူး။ ေသြးတိုးလည္း မရွိေတာ့ဘူး။ ခါတိုင္းဆို ေသြးက ၁၄ဝ/၉ဝ အထိ ေရာက္တယ္။ အခုဆိုရင္ ေနရထိုင္ရတာ ေပါ့ပါးၿပီးအိပ္ေပ်ာ္တယ္။ ဆီး႐ႊင္လာတယ္”ဟု ေဒၚေႏြးေႏြးက ဆက္ေျပာသည္။

ယခုခ်ိန္ခါတြင္ ေဈးကြက္၌ ေခြးေလွးယားသီး(အနက္ေစ့)ေလွာ္ကို က်န္းမာေရး အေထာက္အကူျပဳ ထုတ္ကုန္အျဖစ္ ျမင္ေနရၿပီျဖစ္သည္။ က်န္းမာေရးကို အက်ိဳးျပဳေစ႐ုံသာမက စီးပြားေရးအတြက္လည္း အလြန္အသုံးဝင္ေသာ ေခြးေလွးယားသီး (အနက္ေစ့)ျဖစ္သည္။

Credit – မင္းမင္း(ျမစ္ႀကီးနား) The Mirror Daily

ေခြးလ်ားသီးအနက္ ေၾကာင္း သိခ်င္တယ္ဆိုလို႔ ဖတ္မိသေလာက္ ရွာတင္ေပးလိုက္တယ္။
ေခြးလ်ားသီးဓါတ္စာ(အနက္ေစ့) ၏အာနိသင္မ်ားမွာ

၁။ အာ႐ုံေၾကာေရာဂါမ်ား
၂။ ေလးဘက္နာေရာဂါ
၃။ ယူရစ္ အက္ဆစ္ မ်ား၍အဆစ္အျမစ္ေရာင္ျခင္း (ျမန္မာအေခၚ ေဂါက္ေရာဂါ)
၄။ ကာမစြမ္းအားတိုးေစျခင္း
၅။ ေႁမြဆိပ္ကင္းဆိပ္ ႏိုင္ျခင္း

၆။ အမ်ိဳုးသမီးမ်ား မီးယပ္ဆိုင္ရာ ေရာဂါမ်ား
၇။ ေသြးထဲရွိသၾကားဓာတ္ကို ေလ်ာ့က်ေစသျဖင့္ ဆီးခ်ိဳေရာဂါကိုေပ်ာက္ကင္းႏိုင္ျခင္း
၈။ ေသြးတိုးေရာဂါ တို႔ကိုသက္သာေပ်ာက္ကင္းေစပါသည္။

ေခြးလ်ားသီး(အနက္)ေစ့

ေခြးလ်ားသီး အနက္ေစ့ကို ႏြားႏို႔နဲ႔ ေလွာ္ၿပီး ေလလုံေအာင္ပိတ္ၿပီး ေဆာင္ထားပါ။ ၎ေလွာ္ထားတဲ့ ေခြးလ်ားသီး (အနက္ေစ့)ကို ေသြးတိုးသမားမ်ား ေန႔စဥ္ ၃ ေစ့စီစားပါ။ ေသြးလုံးဝ မတိုးပါ။

[Unicode]

ကျန်းမာရေးအတွက် ခွေးလှေးယားသီး (အနက်စေ့)လှော်စားပါ

ခွေးလှေးယားသီး ဆိုတာနဲ့ လူတိုင်း သိကြမှာပါ။ ခွေးလှေးယား သီးပေါ်မှ အမွေးများသည် လူကို မခံမရပ်နိုင်အောင် ယားသည်ဟု ကျွန်တော်တို့ ငယ်စဉ်က ကြားသိခဲ့ရသည်။

ခွေးလှေးယားသီး နှစ်မျိုးရှိသည်။ အယဉ်နှင့် အရိုင်းဟုခေါ်ဆိုသည်။ အရိုင်းအသီး၏ အမွေးသည် ယားပြီး အယဉ်ပင်သည် ဆေးဖက်ဝင်ကြောင်း သိရသည်။ အယဉ်သည် ပဲမျိုးနွယ်ဖြစ်၍ လူများစားသုံးလျှင် အန္တရာယ်မဖြစ်နိုင်ပါ။ အချို့ကျေးရွာများတွင် ချက်၊ ပြုတ်၊ သုပ်၍ပင် စားကြပါသည်။

ယခုဆေးဖက်ဝင်သော ခွေးလှေးယားအယဉ်သီး (အနက်စေ့)သည် ဆေးဖက်ဝင်အပင်ဖြင့် အသုံးပြုလာသည်။ ခွေးလှေး ယား (အနက်စေ့) ကိုစားလျှင် လေဖြတ်၊ သွေးတိုး၊ ဆီးချို စသည့် အထွေထွေ ရောဂါပျောက်သကဲ့သို့ ခွေးလှေးယားသီး အမြစ်သည်လည်း ဆေးဖက်ဝင်ပြီး ရောဂါပျောက်ကင်းကြောင်း သိရသည်။

ခွေးလှေးယားသီး (အနက်စေ့)ကို စားသုံးပေးခြင်းဖြင့် လေမဖြတ်၊ လေဖြတ်နေလျှင်ပင် ပြန်ကောင်းလာသည်။ သွေးတိုး၊ ဆီးချိုကျပြီး အနာများ အသားနုတက်တာ မြန်စေသည်။ အဆစ်အမြစ်နာတာ သက်သာပျောက်ကင်းပြီး အာရုံကြောများ ပြန်ကောင်းလာစေသည်။

ခြေ၊ လက် မအေးတော့ဘဲ ကိုယ်ငွေ့ကောင်းပြီး အအေးခံနိုင်လာသည်။ အိပ်ပျော်စားဝင်ပြီး ဆီးကို ရွှင်လန်းစေသည်။ အိပ်ရာထလျှင် ခေါင်း အမြဲကြည်လင်နေပြီး အညောင်းလည်း ပြေစေသည်။ အစာ အိမ်ရောဂါ ရှိသူများလည်း သက်သာ ပျောက်ကင်းစေသည်။ ခွေးလှေးယားသီးကို ပုံမှန်စားပါက ကျန်းမာရွှင်လန်းပြီး ခန္ဓာကိုယ်ပေါ့ပါး သွက်လက်ကာ စိတ်ကြည်လင်ရွှင်လန်းကြောင်း သိရသည်။

ခွေးလှေးယားစေ့ (အနက်)ကို အမှုန့်ပြုလုပ်ပြီး ပျားရည်၊ ထောပတ်နှင့်ရော၍ လျက်သော် ပန်းနာပျောက်ကင်းသည်။ မြွေ၊ ကင်းကိုက်ခံရပါက အစေ့အစိမ်း ခုနစ်စေ့ခန့်ကို ဝါးစားပြုတ်သောက်ပြီး ဒဏ်ရာ နေရာတွင် ခွေးလှေးယား ဝါးဖတ်အုံပေး ပါက အဆိပ်ပြေကြောင်း သိရသည်။

၎င်းအပင်၏ အမြစ်သည်လည်း ရေဖျဉ်း၊ လေရောဂါ၊ ဆင်ခြေထောက်၊ ငန်းဖျား၊ သွေးဝမ်း၊ လက်မောင်းသိမ်ခြင်းနှင့် မိခင်များ နို့ရည်မထွက်ပါက အရွက်ကိုတို့စားလျှင် မိခင်နို့ရည် ပြည့်ဝစွာထွက်ကြောင်း မြစ်ကြီးနားမြို့ ဈေးအနီး ခရိုင်ပြည်သူ့စာကြည့်တိုက်ရှေ့ သစ်သီးဆိုင်ပိုင်ရှင် ဒေါ်မြဝင်းက ပြောသည်။

လက်တွေ့ပျောက်ကင်းတဲ့ ရောဂါရှင်တွေလည်း အများကြီးပါ။ လက်တွေ့စားကြည့်ပါ။ မြစ်ကြီးနားမြို့ ဧရာရပ်ကွက် ၁၂၃ မှ အသက် ၄ဝ အရွယ်ဒေါ်နွေးနွေးက ”ကျွန်မ ဒီခွေးလှေးယားသီး (အနက်စေ့)ကို စားတာ ၂ဝ၁၅ ခုနှစ် မေလပိုင်းမှ စစားတာပါ။ အခုလက်ရှိအထိ ဆက်စားနေတုန်းပါ။ အစေ့ကို ဝါးစားတာ စားလို့လည်းကောင်းတယ်။ ဘေးဥပဒ်လည်း မရှိဘူးလေ” ဟု သူမ၏အတွေ့အကြုံကို ပြောသည်။

”ကျွန်မ အမြဲတမ်းသွားရည်ကျတယ်။ စကားပြောနေရင်းလည်း ကျတယ်။ အမြဲသတိထားနေရတယ်။ အိပ်ရင်ပိုဆိုးတယ်။ တဇောင်းအိပ်တော့လေ ခေါင်းအုံးမှာ သွားရည်တွေ စိုရွှဲနေတာပဲ။ အခု မကျတော့ ဘူး။ သွေးတိုးလည်း မရှိတော့ဘူး။ ခါတိုင်းဆို သွေးက ၁၄ဝ/၉ဝ အထိ ရောက်တယ်။ အခုဆိုရင် နေရထိုင်ရတာ ပေါ့ပါးပြီးအိပ်ပျော်တယ်။ ဆီးရွှင်လာတယ်”ဟု ဒေါ်နွေးနွေးက ဆက်ပြောသည်။

ယခုချိန်ခါတွင် ဈေးကွက်၌ ခွေးလှေးယားသီး(အနက်စေ့)လှော်ကို ကျန်းမာရေး အထောက်အကူပြု ထုတ်ကုန်အဖြစ် မြင်နေရပြီဖြစ်သည်။ ကျန်းမာရေးကို အကျိုးပြုစေရုံသာမက စီးပွားရေးအတွက်လည်း အလွန်အသုံးဝင်သော ခွေးလှေးယားသီး (အနက်စေ့)ဖြစ်သည်။

Credit – မင်းမင်း(မြစ်ကြီးနား) The Mirror Daily

ခွေးလျားသီးအနက် ကြောင်း သိချင်တယ်ဆိုလို့ ဖတ်မိသလောက် ရှာတင်ပေးလိုက်တယ်။
ခွေးလျားသီးဓါတ်စာ(အနက်စေ့) ၏အာနိသင်များမှာ
၁။ အာရုံကြောရောဂါများ
၂။ လေးဘက်နာရောဂါ

၃။ ယူရစ် အက်ဆစ် များ၍အဆစ်အမြစ်ရောင်ခြင်း (မြန်မာအခေါ် ဂေါက်ရောဂါ)
၄။ ကာမစွမ်းအားတိုးစေခြင်း
၅။ မြွေဆိပ်ကင်းဆိပ် နိုင်ခြင်း
၆။ အမျိုုးသမီးများ မီးယပ်ဆိုင်ရာ ရောဂါများ

၇။ သွေးထဲရှိသကြားဓာတ်ကို လျော့ကျစေသဖြင့် ဆီးချိုရောဂါ
ကိုပျောက်ကင်းနိုင်ခြင်း
၈။ သွေးတိုးရောဂါ
တို့ကိုသက်သာပျောက်ကင်းစေပါသည်။

ခွေးလျားသီး(အနက်)စေ့

ခွေးလျားသီး အနက်စေ့ကို နွားနို့နဲ့ လှော်ပြီး လေလုံအောင်ပိတ်ပြီး ဆောင်ထားပါ။ ၎င်းလှော်ထားတဲ့ ခွေးလျားသီး (အနက်စေ့)ကို သွေးတိုးသမားများ နေ့စဉ် ၃ စေ့စီစားပါ။ သွေးလုံးဝ မတိုးပါ။

Top
//potsaglu.net/4/3018672