အစားအသောက်အဝတ်အထည်သာမက ပျော်ရွှင်ခြင်းတွေကိုပါ ကူးစက်စေခဲ့တဲ့ ချက်ကြီး ဖိုးသဲ

ပြည်တွင်းရေဘေးသင့်ဒေသတွေအတွက် ကယ်ဆယ်ရေးတွေနဲ့အတူ ကူညီထောက်ပံ့မှုတွေကတော့ ယနေ့အထိလုပ်ဆောင်နေရဆဲဖြစ်ပါတယ်။ အဆက်မပျက်မိုးရွာသွန်းမှုတွေကြောင့် ပြန်လည်အခြေတကျနေထိုင်နိုင်ခြင်းမရှိသေးဘဲ ကယ်ဆယ်လှူဒါန်းသူတွေနဲ့ ထောက်ပံ့မှုတွေနဲ့အတူ ရုန်းကန်နေရဆဲဖြစ်တာတွေ့ရပါတယ်။ အဆိုပါရေဘေးကယ်ဆယ်မှုလုပ်ဆောင်သူတွေထဲမှာ ပရိသတ်အချစ်တော် အနုပညာရှင်များစွာပါဝင်လျှက်ရှိတာတွေ့ရပါတယ်။

ဒီကနေ့မှာလည်း ဟာသလူရွှင်တော်ချက်ကြီးဖိုးသဲတို့နဲ့အတူ အလှူရှင်အချို့ကလည်း ရေဘေးသင့်ပြည်သူတွေအတွက် လှူဒါန်းမှုတွေပြုလုပ်ခဲ့ကြကြောင်း သိရပါတယ်။ အဆိုပါလှူဒါန်းမှုကတော့ ရေကြီးမှုရဲ့ အဓိကနေရာတစ်ခုဖြစ်တဲ့ မွန်ပြည်နယ်အတွင်းက မော်လမြိုင်၊ ပေါင်မြို့နယ်၊ သဲဖြူကုန်း၊ ဘီလူးကျွန်းမှ ကလော့ရွာများသို့ သွားရောက်လှူဒါန်းမှုတွေပြုလုပ်နေကြောင်း သိရပါတယ်။


ဒီကနေ့ ချက်ကြီးကတော့ ရေးမြို့နယ်ရှိ ဟံဂံကျေးရွာရှိရေဘေးသင့်ပြည်သူတွေကို လှူဒါန်းမှုတွေပြုလုပ်နေတဲ့ ပုံရိပ်တွေပြသခဲ့ပြီး အပျော်တွေကူးစက်စေနိုင်ခဲ့ကြောင်း ပြောပြထားတာတွေ့ရပါတယ်။ ရေဘေးသင့်သူပြည်သူတွေကို အစားအစာအဝတ်အထည်သာမက အပျော်တွေပါ မျှဝေပေးခဲ့တဲ့ ချက်ကြီးတို့ ပရဟိတအဖွဲ့ရဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်။


pHOTOS – KO CHAT GYI

“Myanmarload’