အသုပ်ရောင်းနေရတဲ့ အမေ့ အတွက် တာဝန်ကျေတဲ့ သားတစ်ယောက် မဖြစ်သေးဘူးလို့ ရင်ဖွင့်လာတဲ့ သုတအောင် …

သုတအောင်ကတော့ MRTV-4ကထုတ်လွှင့်ပြသခဲ့တဲ့ “ကြယ်ကလေး ရဲ့ ကောင်းကင်”၊”အလင်းထဲကလူ”စတဲ့ ရုပ်သံဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ပြီး ပရိသတ်တွေ ရဲ့ အချစ်ကို သိမ်းပိုက်ထားနိုင်ခဲ့တဲ့ တက်သစ်စ မင်းသားချောလေးတစ်ယောက်ပဲဖြစ်ပါတယ်။ ဇာတ်လမ်းတွဲတွေထဲမှာ ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်စွာသရုပ်ဆောင်နိုင်ခဲ့တာကြောင့်လည်း လူကြီးလူငယ်မရွေး အားပေးချစ်ခင်မှုကို ရရှိပိုင်ဆိုင် ထားပါသေးတယ်။

လက်ရှိမှာလည်း အနုပညာအလုပ်တွေကို တစိုက်မတ်မတ်အားကြိုးမာန်တက်လုပ်ဆောင်နေပြီး “မာယာလှည့်ကွက်”ရုပ်သံဇာတ်လမ်းတွဲကို ပါဝင်သရုပ်ဆောင်နေပါသေးတယ်။လတ်တလောမှာလည်း “ဂျီဟောသူ”ရုပ်သံဇာတ်လမ်းတွဲမှာလည်း ပါဝင်ပြီး သရုပ်ဆောင်ဦးမှာဖြစ်တယ်လို့သိရပါတယ်။သုတအောင်ကတော့ သူဝါသနာပါတဲ့ အနုပညာအလုပ်တွေကို ခက်ခက်ခဲခဲနဲ့လုပ်ကိုင်နေရတာဖြစ်ပြီး မိသားစုနဲ့လည်းခွဲနေနေရတာကြောင့် အိမ်ကိုလွမ်းနေရတဲ့သူတစ်ယောက်ဖြစ်တဲ့အကြောင်းကို”အိမ်ကိုလွမ်းနေတဲ့ အချိန်ဆို ပိုဆိုးတယ်။ မျက်ရည်တွေကျလာတယ်။မိဘတွေနဲ့ဝေးနေရတာက နှစ်ပေါင်းများစွာဝေးနေရတာ။လွမ်းနေပေမဲ့လည်း ငါမှမလုပ်ပေးနိုင်သေးတာ။ဆိုတဲ့အတွေးပဲရှိတယ်လို့”ရင်ဖွင့်ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တာဝန်မကျေသလိုလည်း ခံစားရတယ်။ခံစားနေရပေမဲ့လည်း ကျွန်တော်တောင်ဒီမှာ အနိုင်နိုင် ရပ်တည်နေရတာဆိုတော့လေ ခံစားရုံပဲ ခံစားနိုင်တာ။ဒါပေမဲ့ မိဘကိုပြန်မထောက်ပံ့ချင်တဲ့သားသမီးဆိုတာတော့မရှိဘူးလေ။ကျွန်တော်လည်းထောက်ပံ့ပေးချင်တယ်။ မထောက်ပံ့ပေးနိုင်သေးတော့ စိတ်ညစ်စွာ နဲ့နေနေရတာပဲပေါ့။ မိဘအကြောင်းစဉ်းစားလိုက်ရင် ကိုယ်မထောက်ပံ့ပေးနိုင်လို့စိတ်ညစ်နေရတယ်။”ဆိုပြီးမိဘကိုမထောက်ပံ့နိုင်သေးတဲ့အကြောင်းနဲ့ “အဖေနဲ့အမေ အသက်တွေရလာတဲ့အချိန်မှာ အမေဆိုလည်း အခုချိန်ထိ အသုပ်ရောင်းပြီးတော့ နေနေရတယ်။

အမေ စိတ်ဓာတ်မကျပါနဲ့။အဖေအားမငယ်ပါနဲ့။ အချိန်ကျရင် အမေလည်းအသုပ်ရောင်းစရာ မလိုတော့သလို အဖေလည်း သားအတွက် အားငယ်စိတ်တွေ ဖြစ်နေစရာမလိုတော့အောင်လို့ ကျွန်တော်အများကြီးအများကြီးကြိုးစားသွားပါမယ်။”လို့လည်း ဝမ်းနည်းစွာနဲ့ ပြောကြားလာတာဖြစ်ပြီး ဒီအကြောင်းလေးကို ပရိသတ်ကြီးအတွက် မျှဝေပေး လိုက်ပါတယ်။

Source : Exclusive On CeleGabar,CRD-Chilli _ CeleGabar