ချီးမွမ်းကြပါတယ်။
အသိပေးလာပါတယ်။
source- စူးရှထက်
Unicode Version
အနုပညာလောက သရုပ်ဆောင် မော်ဒယ် တစ်ဦးဖြစ်တဲ့ စူးရှထက် ဟာဆိုရင် ပရိသတ်နဲ့ စိမ်းလှသူ မဟုတ်ပါဘူး။ အမျိုးသမီး တစ်ယောက် အနေနဲ့ သူမ ဝါသ
နာပါတဲ့ မော်ဒယ် အလုပ်ကို လုပ်ကိုင်ရင်း မိဘကို ထောက်ပံ့ပေးနေတဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။ သူမဟာ အနုပညာ လမ်းကို ကြိုးစားလျှောက်လှမ်း
နေရသူဖြစ်သလို ၊ မိသားစု အရေးအတွက်လည်း ကြိုးစား ရုန်းကန်သူတစ်ယောက်ဖြစ်ပါတယ်။
များသော အားဖြင့် အဆိုတော် အစ္စဏီ နဲ့ သူမရဲက အမှုကိစ္စဖြစ်ပွားတဲ့အခါမှာတော့ သူမကို ပရိသတ်က ပိုမို သတိထားခဲ့မိသလို ဂရုဏာလည်း သက်ခဲ့ကြပါ
တယ်။ အမှုက အချိန် ၁ နှစ်ကျော် ကြာမြင့် သွားပြီးတော့ နောက်ဆုံးမှာ အစ္စဏီရဲ့ တောင်းပန်မှုကို ဂရုဏာ ထားပြီး ခွင့်လွှတ်ပေးခဲ့တာကြောင့် ပရိသတ်က
ချီးမွမ်းကြပါတယ်။
အခုတော့ သူမရဲ့ အလုပ်တွေ မအားတဲ့အကြားက အနုပညာအတွက် ရုန်းကန်ရင်း ၊ သူမ မိသားစု အတွက် ကြိုးစားရင်း ပင်ပန်းမှုတွေကြောင့် အားနည်းပြီး
ဆေးရုံတောင် တက်နေရတဲ့ အဖြစ်တဲ့အပြင် လက်မှာလည်း ထိခိုက်ဒဏ်ရာ ရထားလို့ နာနေတာကို ပတ်တီးစည်းထားပြီး
သူမရဲ့ လူမှုကွန်ရက်ကနေ “အခြေအနေကတော့ ဒီလိုပဲ” ဆိုတဲ့ စကားလေးနဲ့အတူ ပရိသတ်ကို
အသိပေးလာပါတယ်။
ဒါကြောင့် စူးရှထက်ကို ချစ်တဲ့ ပရိသတ်ကြီးရေ မကြာခင် ပြန်လည်ကျန်းမာလာဖို့အတွက် ဆုတောင်း ပေးပါဦးနော်။
Writer- SMT(နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ)
source- စူးရှထက်