You are here
Home > အနုပညာ > ပထမဆုံး ရုပ်ရှင်ကား မှာတင် ဝါရင့်သရုပ်ဆောင်တွေ နဲ့ အပြိုင် သရုပ်ဆောင်နိုင်တဲ့ မေတိုးခိုင်

ပထမဆုံး ရုပ်ရှင်ကား မှာတင် ဝါရင့်သရုပ်ဆောင်တွေ နဲ့ အပြိုင် သရုပ်ဆောင်နိုင်တဲ့ မေတိုးခိုင်

ချစ်စရာကောင်းတဲ့ အပြုံးလေးတွေရဲ့ပိုင်ရှင် မေတိုးခိုင်က အဒေါ်ဖြစ်သူ အိန္ဒြာကျော်ဇင်နဲ့ ရုပ်ချင်းဆင်တယ်ဆိုပြီး ပရိသတ်တွေက သတိထား မိလာတာ ဖြစ်ပါတယ်။ မေတိုးခိုင်က Photo Model တစ်ဦးအဖြစ် တော်တော်လေး နာမည်ကြီးခဲ့ပြီး နောက်ပိုင်းမှာ ရုပ်ရှင် ဗီဒီယိုကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်နိုင် ခဲ့တာကို တွေ့ရပါတယ်။ မေတိုးခိုင်က လက်ရှိမှာလည်း အနုပညာလုပ်ငန်းတွေကို ဆက်တိုက် လုပ်ကိုင်လာတာကို တွေ့ရပါတယ်။

မေတိုးခိုင်ရဲ့ ပထမဆုံး ရုပ်ရှင် ဇာတ်ကားကြီးဖြစ်တဲ့ “ရူးအောင် ချစ်မယ့်လူ” ရုပ်ရှင်ဇာတ်ကားကြီးကလည်း မကြာခင်မှာ ရုံတင်ပြသ သွားတော့မှာ ဖြစ်ပါတယ်။ မေတိုးခိုင်က “ရူးအောင်ချစ်မယ့်လူ” ရုပ်ရှင်ဇာတ်ကားကြီးမှာ လွန်ခဲ့တဲ့ (၂) နှစ်လောက်က ပါဝင်သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

“ရူးအောင်ချစ်မယ့်သူ” က စာရေး ဆရာမ လွန်းထားထားရဲ့ ဝတ္ထုဖြစ်ပြီး ဒါရိုက်တာ အောင်ဇော်လင်းက ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။ “ရူးအောင်ချစ်မယ့်လူ” ရုပ်ရှင် ဇာတ်ကားကြီးမှာ အကယ်ဒမီ နေတိုး၊ အကယ်ဒမီ အိန္ဒြာကျော်ဇင် နဲ့ မေတိုးခိုင်တို့က အဓိက ပါဝင် သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

မေတိုးခိုင်ကတော့ သူမ ရဲ့ ပထမဆုံး ရုပ်ရှင် ဇာတ်ကားကြီးနဲ့တင် ပွဲဦးထွက် ကောင်းမှာသေချာပါတယ်။ ပရိသတ်ကြီးလည်း မေတိုးခိုင်ရဲ့ သရုပ်ဆောင်ချက်တွေ ကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူး အထူးတင်ရှိပါတယ်။

crd : momolay

Top
//sotchoum.com/4/3018672