
G-fatt ကတော့ နှုတ်ခမ်းနီ မလေးတွေရဲ့ သည်းသည်း လှုပ်အားပေးဝန်းရံခြင်းကို ခံနေရတဲ့မြန်မာနိုင်ငံရဲ့ ထိပ်တန်းအဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။သီချင်းကောင်းလေးတွေကို ကိုယ်တိုင်ရေးစပ်ပြီး ပိုင်ပိုင်နိုင်နိုင် သီဆိုနိုင်တာကြောင့်လည်း ထွက်သမျှသီချင်းတိုင်းက ပရိသတ်တွေရဲ့ ပါးစပ်ဖျားမှာစွဲနေတဲ့ အထိ အောင်မြင်မှု ရရှိထားတာပဲဖြစ်ပါတယ်။
မကြာသေးမီ ကလည်း G-Fattဟာ ပုရိသတွေရဲ့ အားပေး ဝန်းရံမှုကို အပြည့်အဝရရှိထားတဲ့ အဆိုတော်မလေး ပန်းရောင်ခြယ်နဲ့ အတူတွဲဖက်ပြီး အချစ်သီချင်းလေးတစ်ပုဒ်ကို ဖန်တီးခဲ့ပါသေးတယ်။ ဒီသီချင်းလေးရဲ့ နာမည်ကို “ကြိုး”လို့ အမည်ပေးထားပြီး သီချင်းလေးက သြဂုတ်လ (၂၅)ရက်နေ့ကထွက်ရှိ ထားတာပဲဖြစ်ပါတယ်။
လက်ရှိမှာတော့ အဆိုတော် G-fattနဲ့ အဆိုတော် ပန်းရောင်ခြယ် တို့နှစ်ယောက် ပထမဆုံးအတူတူဖန်တီးထားတဲ့ ဒီ”ကြိုး”သီချင်းလေးမှာ သူတို့နှစ်ဦးရဲ့ ပရိသတ်တွေကို ပါဝင်စေချင်တာကြောင့် အစီအစဉ်လေးတစ်ခုကို ဖန်တီးပေးထားတယ်လို့ သိရှိရပါတယ်။ ဒီအစီစဉ်လေးနဲ့ ပတ်သက်ပြီး G-fatt နဲ့ ပန်းရောင်ခြယ် တို့က “ဒီသီချင်းလေးရဲ့ Music Videoမှာ ပရိသတ်များပါဝင်ဖို့ပဲဖြစ်ပါတယ်။ဒီသီချင်းလေးထဲက ကိုယ်အကြိုက်ဆုံး အပိုင်းကို ရွေးပြီးတော့ အဲ့ဒီအပိုင်းကို Lip Syncလုပ်၊ သရုပ်ဆောင်ပြီး ဗီဒီယိုကို ပို့ပေးရမှာဖြစ်ပါတယ်။”လို့ ရှင်းပြထားပါသေးတယ်။ ပရိသတ်ကြီးတွေထဲက G-fatt နဲ့ ပန်းရောင်ခြယ်တို့ရဲ့ ပရိသတ်တွေအတွက် အထူးအခွင့်အရေးလေးကို လက်မလွတ်ရအောင် မျှဝေပေးလိုက်ပါတယ်။
crd : CeleGabar