Body Shaming လုပ်သူတွေ ကို အကြောင်း မသိပဲ စွတ်မပြောပါနဲ့ လို့ ဆို လာတဲ့ မေတိုးခိုင်

နိုင်ငံကျော်မင်းသမီး အိန္ဒြာကျော်ဇင်ရဲ့ တူမချော မေတိုးခိုင် က ပကာသန မရှိပဲ လွတ်လပ်ပေါ့ပါးစွာ နေတတ်တာကြောင့် ပရိသတ်တွေရဲ့ ချစ်ခြင်းကို အပြည့်အဝ ရရှိထားသူလေးပါ။ မေတိုးခိုင်က Photo Model တစ်ဦးအဖြစ် အောင်မြင်ခဲ့ပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါ သရုပ်ဆောင်နေရပြီ ဖြစ်ပါတယ်။ မေတိုးခိုင် ရဲ့ ပထမဆုံး ရုပ်ရှင် ဇာတ်ကားကြီးဖြစ်တဲ့ “ရုးအောင်ချစ်မယ့်လူ” ရုပ်ရှင်ဇာတ်ကားကြီးကလည်း မကြာခင် ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ မေတိုးခိုင်က သူမကို Body Shaming လုပ်သူတွေ ကိုညအခုလိုပဲ ပြောလာတာ တွေ့ရပါတယ်။ ” ပိန်သွားတယ်။ ဝိတ်လျှော့နေတာလား။ ဘာဆေးဆွေသောက်နေတာလဲ? နည်းလေးပြောပြပါဦး။ အစားလေးဘာလေးစားဦး။ စွတ်မချနဲ့။ ကျချင်လို့ကျတာ မဟုတ်ပါဘူးနော်။ ဘာဖြစ်နေတယ်ဆိုတာမသိပဲ စွတ်မပြောကြပါနဲ့။”

“တစ်ခါတစ်လေ မတတ်နိုင် လို့ဖြစ်နေတဲ့ အရာတွေလည်း လောကကြီးမှာရှိတယ်ဆိုတာ သိရင်ကောင်း မှာပဲ။ နှုတ်ဆက်ချင်လည်း ဟယ်လို၊ ဟိုင်း၊ မင်္ဂလာပါ ဆိုရင် ရပါပြီ။ ”

“ပိန်သွားတယ်။ မျက်နှာကျသွားတယ်။ ရုပ်ဆိုးနေပြီး ဝလာတာတွေ မပြောကြပါနဲ့။ လူတစ်ယောက် မှာ ဘာဖီလင်တွေ ရှိလည်းဆိုတာ မသိပဲနဲ့ ဘာတွေ ဘယ်လို Struggle လုပ်နေရလည်း မသိပဲ judge မလုပ်ကြပါနဲ့။ ပြောစရာ စကားမရှိရင်လည်း တိတ်တိတ်လေး နေပေးကြပါ” ဆိုပြီး တောင်းဆို လာပါတယ်။

မေတိုးခိုင် ပြောသလိုပဲ လူတစ်ယောက်မှာ သူ့အကြောင်းနဲ့သူ ရှိတာမို့ သူတစ်ပါး ပိုင်ဆိုင် ထားတဲ့ ခန္ဓာကိုယ်ကို ဝေဖန်တာမလုပ်ရင် အကောင်းဆုံးပါပဲ။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူး အထူးတင်ရှိပါတယ်။

credit – momolay