ျမင့္ျမတ္နဲ႔သရုပ္ေဆာင္တဲ့အခ်ိန္မွာ သူ႔ေၾကာင့္ အေနွာက္ယွက္ျဖစ္မွာစိုးတယ္ဆိုတဲ့ မိုးေအာင္ရင္

ပရိတ္သတ္ေတြနဲ႔ အေၾကာင္းအရာတစ္ခုေၾကာင့္ ကာလအတန္ၾကာ ေဝးကြာေနခဲ့ရေပမယ့္ အႏုပညာအလုပ္ေတြကို ျပန္လုပ္ကိုင္ေနၿပီျဖစ္တဲ့ မိုးေအာင္ရင္ ကေတာ့ ပရိသတ္ေတြအားလံုးရဲ႕ ရင္ထဲမွာ ေနရာတစ္ေနရာ ရရိွၿပီးသားျဖစ္မွာပါ ။ အခု Myanmar Celebrity နဲ႔အင္တာဗ်ဴးတစ္ခုမွာ ျမင့္ျမတ္နဲ႔ ျပန္လည္ျပီး အတူသ႐ုပ္ေဆာင္ရတဲ့အေပၚကခံစားခ်က္ေတြကို ေျပာခ်င္လြန္းလို႔ ပရိသတ္ေတြေျပာျပေပးလိုက္ပါတယ္ ။

မိုးေအာင္ရင္ က “ စျပန္ရိုက္ရတဲ့ ေန႔ရဲ႕ခံစားမႈကေတာ့ က်ေနာ္စိတ္လွုပ္ရွားလို႔ စိတ္မလွုပ္ရွားေအာင္ ထိန္းရတယ္ ။ ထိန္းထားရင္းနဲ႔ အရမ္းႀကီး ၿငိမ္သြားလို႔ေတာင္ Mod ျပန္ဝင္ေအာင္ ျပန္တင္ပါ့ဦးဆိုလို႔ ျပန္လုပ္ရတဲ့ ဟာေလးေတြ တစ္ခုပါပဲ ။ က်န္တာအားလံုး အဆင္ေျပပါတယ္ ။ ပါဝင္တဲ့ သ႐ုပ္ေဆာင္ေတြကေတာ့ ဦးရဲေအာင္ ရယ္ ျမင့္ျမတ္ရယ္ က်ေနာ္ရယ္ ၿပီးေတာ့ေနာက္ ေရႊမွုံရတီရယ္ ။ သူ(ျမင့္ျမတ္)နဲ႔ ႐ိုက္ရတဲ့ အခန္းေတြကေတာ့ အားလံုးအဆင္ေျပတယ္ဗ် ။ က်ေနာ္ကေတာ့ ျပန္ၿပီး႐ိုက္ရတဲ့ အခ်ိန္က်ေတာ့ စိုးရိမ္မႈေတြ ႐ိွတယ္ ေၾကာင့္ၾကမႈေတြ႐ိွတယ္ ။ အ့ဲဒါကေတာ့ က်ေနာ္ အိုက္တင္တလြဲေတြ ျဖစ္ေနတယ္ ။

စိတ္လွုပ္ရွားမႈေတြ မ်ားေနတဲ့ အတြက္ေၾကာင့္ က်ေနာ့္သူငယ္ခ်င္းက က်ေနာ့္အတြက္ေၾကာင့္ စိတ္အေနွာက္ယွက္ ျဖစ္ေနမွာ စိုးရိမ္တယ္ အဲ့ဒီေလာက္ပါပဲ ။ အျပင္မွာလည္း အရမ္းခင္တဲ့ သူငယ္ခ်င္းႏွစ္ေယာက္ ျဖစ္ေနတဲ့ အခါက်ေနေတာ့ ပိုၿပီးေတာ့ မင္းနဲ႔ ငါခင္လိုက္တာ ဆိုတဲ့ အိုက္တင္မ်ိဳးေတြ သိပ္လုပ္ျပေနစရာမလိုဘူး ။အဲ့ဒါေလးေတြလည္း အရမ္းအဆင္ေျပတယ္ ။

ဇာတ္ကားထဲမွာလည္း သူငယ္ခ်င္းႏွစ္ေယာက္ပဲ ကြဲေနတဲ့ သူငယ္ခ်င္းႏွစ္ေယာက္ ျပန္ေတြ႔တယ္ ။ အရမ္းခင္တဲ့ သူငယ္ခ်င္းႏွစ္ေယာက္ အရမ္းခ်စ္ၾကတဲ့ သူငယ္ခ်င္းႏွစ္ေယာက္ ရဲ႕ဇာတ္လမ္းပဲ အဲ့ဒီအတြက္ေၾကာင့္မို႔ ခင္တဲ့ ခ်စ္တဲ့ဟာတစ္ခုက သိပ္ၿပီး အမ်ားႀကီးျပေနစရာမလိုဘူး ။ အျပင္မွာလည္း က်ေနာ္တို႔ ႏွစ္ေယာက္ ကအရမ္းခင္ၾကတဲ့ သူငယ္ခ်င္းႏွစ္ေယာက္ ဆိုေတာ့ ။

က်ေနာ္အမွားလုပ္တဲ့ အခ်ိန္မွာ မၿငိဳမျငင္နဲ႔ ထိုင္ေစာင့္ေပးတယ္။ က်န္တဲ့ ဟာကေတာ့ သူလည္းက်ေနာ့္ကိုလိုက္ၿပီးေတာ့ အရမ္းႀကီး Pressure မေပးပါဘူး ။ သူေျပာလို႔႐ိွရင္ Pressure ပိသြားမွာစိုးလို႔ဆိုၿပီး သူသိပ္မေျပာပါဘူး ။ ကိုယ့္ဘက္ကေတာ့ အတိုက္ႏိုင္ဆံုးႀကိဳးစားထားတယ္ ။ ပရိုဂ်ဴဆာဘက္ကလည္း သူတို႔ဘက္က တက္ႏိုင္သေလာက္ကို ႀကိဳးစားထားတာ ကိုက်ေနာ္ေတြ႔ရပါတယ္ ။ ဒီကားက က်ေနာ္ရဲ႕ ပထမဆံုး ျပန္လွမ္းတဲ့ အႏုပညာေျခလွမ္းလဲ ျဖစ္ေနတဲ့အတြက္ အားလံုးေစာင့္ေနေမွ်ာ္ၾကည့္႐ႈေပးၾကပါ့ဦးလို႔ ” ဆိုၿပီးေျပာျပသြားခဲ့ပါတယ္ ။

Video Source-Myanmar celebrity,CRD-Every Time Story

UNICODE

ပရိတ်သတ်တွေနဲ့ အကြောင်းအရာတစ်ခုကြောင့် ကာလအတန်ကြာ ဝေးကွာနေခဲ့ရပေမယ့် အနုပညာအလုပ်တွေကို ပြန်လုပ်ကိုင်နေပြီဖြစ်တဲ့ မိုးအောင်ရင် ကတော့ ပရိသတ်တွေအားလုံးရဲ့ ရင်ထဲမှာ နေရာတစ်နေရာ ရရှိပြီးသားဖြစ်မှာပါ ။ အခု Myanmar Celebrity နဲ့အင်တာဗျူးတစ်ခုမှာ မြင့်မြတ်နဲ့ ပြန်လည်ပြီး အတူသရုပ်ဆောင်ရတဲ့အပေါ်ကခံစားချက်တွေကို ပြောချင်လွန်းလို့ ပရိသတ်တွေပြောပြပေးလိုက်ပါတယ် ။

မိုးအောင်ရင် က “ စပြန်ရိုက်ရတဲ့ နေ့ရဲ့ခံစားမှုကတော့ ကျနော်စိတ်လှုပ်ရှားလို့ စိတ်မလှုပ်ရှားအောင် ထိန်းရတယ် ။ ထိန်းထားရင်းနဲ့ အရမ်းကြီး ငြိမ်သွားလို့တောင် Mod ပြန်ဝင်အောင် ပြန်တင်ပါ့ဦးဆိုလို့ ပြန်လုပ်ရတဲ့ ဟာလေးတွေ တစ်ခုပါပဲ ။ ကျန်တာအားလုံး အဆင်ပြေပါတယ် ။ ပါဝင်တဲ့ သရုပ်ဆောင်တွေကတော့ ဦးရဲအောင် ရယ် မြင့်မြတ်ရယ် ကျနော်ရယ် ပြီးတော့နောက် ရွှေမှုံရတီရယ် ။ သူ(မြင့်မြတ်)နဲ့ ရိုက်ရတဲ့ အခန်းတွေကတော့ အားလုံးအဆင်ပြေတယ်ဗျ ။ ကျနော်ကတော့ ပြန်ပြီးရိုက်ရတဲ့ အချိန်ကျတော့ စိုးရိမ်မှုတွေ ရှိတယ် ကြောင့်ကြမှုတွေရှိတယ် ။ အဲ့ဒါကတော့ ကျနော် အိုက်တင်တလွဲတွေ ဖြစ်နေတယ် ။

စိတ်လှုပ်ရှားမှုတွေ များနေတဲ့ အတွက်ကြောင့် ကျနော့်သူငယ်ချင်းက ကျနော့်အတွက်ကြောင့် စိတ်အနှောက်ယှက် ဖြစ်နေမှာ စိုးရိမ်တယ် အဲ့ဒီလောက်ပါပဲ ။ အပြင်မှာလည်း အရမ်းခင်တဲ့ သူငယ်ချင်းနှစ်ယောက် ဖြစ်နေတဲ့ အခါကျနေတော့ ပိုပြီးတော့ မင်းနဲ့ ငါခင်လိုက်တာ ဆိုတဲ့ အိုက်တင်မျိုးတွေ သိပ်လုပ်ပြနေစရာမလိုဘူး ။အဲ့ဒါလေးတွေလည်း အရမ်းအဆင်ပြေတယ် ။

ဇာတ်ကားထဲမှာလည်း သူငယ်ချင်းနှစ်ယောက်ပဲ ကွဲနေတဲ့ သူငယ်ချင်းနှစ်ယောက် ပြန်တွေ့တယ် ။ အရမ်းခင်တဲ့ သူငယ်ချင်းနှစ်ယောက် အရမ်းချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက် ရဲ့ဇာတ်လမ်းပဲ အဲ့ဒီအတွက်ကြောင့်မို့ ခင်တဲ့ ချစ်တဲ့ဟာတစ်ခုက သိပ်ပြီး အများကြီးပြနေစရာမလိုဘူး ။ အပြင်မှာလည်း ကျနော်တို့ နှစ်ယောက် ကအရမ်းခင်ကြတဲ့ သူငယ်ချင်းနှစ်ယောက် ဆိုတော့ ။

ကျနော်အမှားလုပ်တဲ့ အချိန်မှာ မငြိုမငြင်နဲ့ ထိုင်စောင့်ပေးတယ်။ ကျန်တဲ့ ဟာကတော့ သူလည်းကျနော့်ကိုလိုက်ပြီးတော့ အရမ်းကြီး Pressure မပေးပါဘူး ။ သူပြောလို့ရှိရင် Pressure ပိသွားမှာစိုးလို့ဆိုပြီး သူသိပ်မပြောပါဘူး ။ ကိုယ့်ဘက်ကတော့ အတိုက်နိုင်ဆုံးကြိုးစားထားတယ် ။ ပရိုဂျူဆာဘက်ကလည်း သူတို့ဘက်က တက်နိုင်သလောက်ကို ကြိုးစားထားတာ ကိုကျနော်တွေ့ရပါတယ် ။ ဒီကားက ကျနော်ရဲ့ ပထမဆုံး ပြန်လှမ်းတဲ့ အနုပညာခြေလှမ်းလဲ ဖြစ်နေတဲ့အတွက် အားလုံးစောင့်နေမျှော်ကြည့်ရှုပေးကြပါ့ဦးလို့ ” ဆိုပြီးပြောပြသွားခဲ့ပါတယ် ။