အသိညီမလေးတစ်ယောက် ကားအက်ဆီဒင့်နဲ့ ဆုံးသွားလို့ ဝမ်းနည်းစကားဆိုလာတဲ့ အောင်မြင့်မြတ်

နိုင်ငံကျော် သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ အောင်မြင့်မြတ်က သရုပ်ဆောင်ကောင်းပြီး ကျရာဇာတ်ရုပ်အပေါ် စိတ်နစ်သရုပ်ဆောင်တတ်တာကြောင့် ပရိသတ်အခိုင်အမာရရှိထားသူ တစ်ဦးပါ။ အောင်မြင့်မြတ်က ဒီနေ့မှာတော့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦးရဲ့ ညီမလေး ကားအက်ဆီဒင့်ကြောင့် ဆုံးသွားလို့ စိတ်မကောင်း ဖြစ်နေရှာပါတယ်။

ကွယ်လွန်သွားသူက အနုပညာအသိုင်းအဝိုင်းမှ Cameraman ဦးတိုးဝင်းရဲ့သမီး Cameraman ဝေဟန်အောင်ရဲ့ ညီမဖြစ်သူ အသက်(၁၉) နှစ်အရွယ် ဆယ်ကျော်သက် မိန်းကလေး တစ်ဦးပဲ ဖြစ်ပါတယ်။

ထိုမိန်းကလေးဟာ မနေ့က သြဂုတ်လ(၂၈) ရက်ည ၁၁:၄၅ မိနစ်က ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ စက်ဆန်း(၉) လမ်းမှာ ဖြစ်ပွားခဲ့တဲ့ Toyota Mark 2 ကား အက်စီဒင့်မှာ ပါဝင်ခဲ့တာဖြစ်ပြီး အခင်းဖြစ်ရာနေရာမှာပဲ ပွဲချင်းပြီး ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။

အောင်မြင့်မြတ်က ကွယ်လွန်သူ မိန်းကလေးနဲ့ သူမရဲ့ မိသားစုတွေအတွက် “ညီမလေး ကစ်ကစ်၊ ဦးမင်းထင်၊ ဝင်း နဲ့ ဇော် August လဟာ ငါတို့နှလုံးသားတွေကိုဆုတ်ဖြဲပြီးမှ ထွက်ခွာဖို့ပြင်တယ်။ ” ဆိုပြီး စိတ်မကောင်းစကားလေး ဆိုထားပါသေးတယ်။

အောင်မြင့်မြတ်ကတော့ သူ့ရဲ့ အသိညီမလေးအတွက် တော်တော်လေး စိတ်ထိခိုက်နေတာ ဖြစ်ပါတယ်။ ကွယ်လွန်သူ မိန်းကလေးလည်း ကောင်းရာ ဘုံဘဝကို ရောက်ရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Rowena
Source: Aung Myint Myat’s f b & မအူကုန်းလမ်းကျယ် ပရဟိတလူငယ်များအဖွဲ