You are here
Home > အနုပညာ > သူငယ္ခ်င္းကို ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ျပန္ေတြ႕ရလို႔ ဝမ္းသာေနတဲ့ ျမင့္ျမတ္

သူငယ္ခ်င္းကို ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ျပန္ေတြ႕ရလို႔ ဝမ္းသာေနတဲ့ ျမင့္ျမတ္

ျမင့္ျမတ္ကေတာ့ သူငယ္ခ်င္းျဖစ္တဲ့ မိုးေအာင္ရင္နဲ႔ ေရွးေဟာင္းေႏွာင္းျဖစ္ေတြ ေျပာရင္း ေပ်ာ္႐ႊင္ေနတယ္လို႔ ဆိုပါတယ္။ မိုးေအာင္ရင္အတြက္လည္း ျမင့္ျမတ္က အားေပးစကားေျပာခဲ့ပါေသးတယ္။

သ႐ုပ္ေဆာင္ျမင့္ျမတ္ကေတာ့ သူ႔ရဲ႕ အခ်စ္ဆုံးသူငယ္ခ်င္း မိုးေအာင္ရင္နဲ႔ အတူတူ ေအာက္ဆီဂ်င္ ဆိုတဲ့ ႐ုပ္ရွင္ကားႀကီး႐ိုက္ကူးေနတာျဖစ္ပါတယ္။ သူငယ္ခ်င္းႏွစ္ေယာက္ အတူတူ အရင္တုန္းက အေၾကာင္းေတြ ျပန္ေျပာရင္း ေပ်ာ္႐ႊင္ရတယ္လို႔ Duwun Media အင္တာဗ်ဴးမွာ ေျဖဆိုခဲ့ပါတယ္။

‘’ေရွးေဟာင္းေႏွာင္းျဖစ္ေတြ ေျပာျဖစ္တယ္၊ ေလးလည္း ေလးစားပါတယ္။ ဘဝတစ္ခု အခ်ိဳးအေကြ႕ေပါ့ေနာ္။ စိတ္ဓာတ္အရမ္းမာတယ္။ လုံးဝ မၿပိဳမလဲပဲနဲ႔ အရင္အတိုင္း ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ နဲ႔ ကြၽန္ေတာ့္သူငယ္ခ်င္းကို ျပန္ေတြ႕ရတဲ့အတြက္ အရမ္းေပ်ာ္တယ္။ သူရင့္က်က္လာတာေတြလည္းရွိပါတယ္။ အရင္တုန္းကတည္းက ရင္းရင္းႏွီးႏွီးေပါင္းခဲ့တဲ့ သူငယ္ခ်င္းဆိုေတာ့ သူ ရင့္က်က္လာတာေတြ ကြၽန္ေတာ္ျမင္တယ္။ ေျပာသာ မေျပာျပတတ္တာ’’ လို႔ သူကဆိုပါတယ္။

အဲဒီေနာက္ ျမင့္ျမတ္ဟာ အႏုပညာေလာကထဲကို ျပန္လည္ဝင္ေရာက္လာတဲ့ မိုးေအာင္ရင္အတြက္ အားေပးစကားေျပာခဲ့ပါေသးတယ္။ မိုးေအာင္ရင္ကေတာ့ အႏုပညာ ဝမ္းစာျပည့္ၿပီးသားပါပဲတဲ့။

‘’ အရင္ကတည္းက အႏုပညာဝမ္းစာျပည့္ၿပီးသား သူေတြပဲေပါ့ေနာ္။ ဘာမွ အားငယ္စရာ မရွိဘူးေပါ့။ ကိုယ့္မွာလည္း ပညာျပည့္ၿပီးသား၊ ဝမ္းစာျပည့္ၿပီးသားေပါ့ေနာ္။ အေကာင္းဆုံး ႀကိဳးစားပါလို႔ပဲ ကြၽန္ေတာ့္ သူငယ္ခ်င္းကို ကြၽန္ေတာ္ ေျပာခ်င္ပါတယ္’’ ဆိုၿပီးေတာ့ ၾသဂုတ္လ ၂၈ ရက္ေန႔က ေအာက္ဆီဂ်င္ ႐ုပ္ရွင္ကားႀကီး ႐ိုက္ကြင္းေပၚမွာ ေျဖဆိုခဲ့တာျဖစ္ပါတယ္။

လက္ရွိမွာေတာ့ ေအာင္ျမင္တဲ့ အႏုပညာရွင္ေတြထဲမွာ ျမင့္ျမတ္လည္း တစ္ေယာက္အပါအဝင္ျဖစ္ပါတယ္။ ေအာင္ျမင္မႈေၾကာင့္ ေရာက္ရွိလာမယ့္ လမ္းမွားေတြကိုလည္း မေရာက္မိေအာင္ ကိုယ့္ကိုယ္ကိုယ္ ထိန္းေက်ာင္းျဖစ္တယ္လို႔ ျမင့္ျမတ္က ဆက္လက္ေျပာျပခဲ့ပါတယ္။

‘’သ႐ုပ္ေဆာင္ တစ္ေယာက္အေနနဲ႔ကေတာ့ သာမန္လူလိုေတာ့ မဟုတ္ဘူး။ ဆုံးရႈံးသြားတာေတြေတာ့ အမ်ားႀကီးပဲေပါ့ေနာ္။ အဓိက ကေတာ့ လြတ္လပ္မႈပါပဲ။ ဒါကေတာ့ အဓိက အားျဖင့္ ကိုယ့္စိတ္နဲ႔ပဲ ဆိုင္တယ္လို႔ေတာ့ ကြၽန္ေတာ္ ျမင္ပါတယ္။ ကြၽန္ေတာ္ကေတာ့ ကိုယ့္မိသားစုနဲ႔ ေအးေအးေဆးေဆးေပါ့ေနာ္။ သားေလးနဲ႔ေဆာ့ခ်င္တယ္၊ ေပ်ာ္ခ်င္တယ္၊ အဲဒီစိတ္ေတြေၾကာင့္ပဲ တျခားဘက္ကို စိတ္မေရာက္တာျဖစ္ပါလိမ့္မယ္’’ လို႔ သူကဆိုပါတယ္။

ျမင့္ျမတ္နဲ႔ မိုးေအာင္ရင္တို႔ကေတာ့ ‘’ေအာက္ဆီဂ်င္’’ဆိုတဲ့ ႐ုပ္ရွင္ကားႀကီးကို ႐ိုက္ကူးေနတာျဖစ္ပါတယ္။ ဒီဇာတ္ကားကိုေတာ့ ဒါ႐ိုက္တာ ေနပိုင္က ႐ိုက္ကူးထားတာပါ။ ဒီဇာတ္ကားထဲမွာ ျမင့္ျမတ္၊ မိုးေအာင္ရင္နဲ႔ အတူ ေနရဲ ၊ ေနေနာ္၊ ေ႐ႊမႈန္ရတီ၊ ရဲေအာင္ နဲ႔ ေအာင္ခိုင္တို႔က အဓိက ပါဝင္သ႐ုပ္ေဆာင္ေနတာျဖစ္ပါတယ္။ ဒီဇာတ္ကားကိုေတာ့ ၾသဂုတ္လ ၂၀ ရက္ေန႔ကတည္းက ႐ိုက္ကူးပုံေဖာ္ေနတယ္လို႔ သိရပါတယ္။

CRD-Cele Yatkwat

UNICODE

မြင့်မြတ်ကတော့ သူငယ်ချင်းဖြစ်တဲ့ မိုးအောင်ရင်နဲ့ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောရင်း ပျော်ရွှင်နေတယ်လို့ ဆိုပါတယ်။ မိုးအောင်ရင်အတွက်လည်း မြင့်မြတ်က အားပေးစကားပြောခဲ့ပါသေးတယ်။

သရုပ်ဆောင်မြင့်မြတ်ကတော့ သူ့ရဲ့ အချစ်ဆုံးသူငယ်ချင်း မိုးအောင်ရင်နဲ့ အတူတူ အောက်ဆီဂျင် ဆိုတဲ့ ရုပ်ရှင်ကားကြီးရိုက်ကူးနေတာဖြစ်ပါတယ်။ သူငယ်ချင်းနှစ်ယောက် အတူတူ အရင်တုန်းက အကြောင်းတွေ ပြန်ပြောရင်း ပျော်ရွှင်ရတယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

‘’ရှေးဟောင်းနှောင်းဖြစ်တွေ ပြောဖြစ်တယ်၊ လေးလည်း လေးစားပါတယ်။ ဘဝတစ်ခု အချိုးအကွေ့ပေါ့နော်။ စိတ်ဓာတ်အရမ်းမာတယ်။ လုံးဝ မပြိုမလဲပဲနဲ့ အရင်အတိုင်း ပျော်ပျော်ရွှင်ရွှင် နဲ့ ကျွန်တော့်သူငယ်ချင်းကို ပြန်တွေ့ရတဲ့အတွက် အရမ်းပျော်တယ်။ သူရင့်ကျက်လာတာတွေလည်းရှိပါတယ်။ အရင်တုန်းကတည်းက ရင်းရင်းနှီးနှီးပေါင်းခဲ့တဲ့ သူငယ်ချင်းဆိုတော့ သူ ရင့်ကျက်လာတာတွေ ကျွန်တော်မြင်တယ်။ ပြောသာ မပြောပြတတ်တာ’’ လို့ သူကဆိုပါတယ်။

အဲဒီနောက် မြင့်မြတ်ဟာ အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာတဲ့ မိုးအောင်ရင်အတွက် အားပေးစကားပြောခဲ့ပါသေးတယ်။ မိုးအောင်ရင်ကတော့ အနုပညာ ဝမ်းစာပြည့်ပြီးသားပါပဲတဲ့။

‘’ အရင်ကတည်းက အနုပညာဝမ်းစာပြည့်ပြီးသား သူတွေပဲပေါ့နော်။ ဘာမှ အားငယ်စရာ မရှိဘူးပေါ့။ ကိုယ့်မှာလည်း ပညာပြည့်ပြီးသား၊ ဝမ်းစာပြည့်ပြီးသားပေါ့နော်။ အကောင်းဆုံး ကြိုးစားပါလို့ပဲ ကျွန်တော့် သူငယ်ချင်းကို ကျွန်တော် ပြောချင်ပါတယ်’’ ဆိုပြီးတော့ သြဂုတ်လ ၂၈ ရက်နေ့က အောက်ဆီဂျင် ရုပ်ရှင်ကားကြီး ရိုက်ကွင်းပေါ်မှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ အောင်မြင်တဲ့ အနုပညာရှင်တွေထဲမှာ မြင့်မြတ်လည်း တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ အောင်မြင်မှုကြောင့် ရောက်ရှိလာမယ့် လမ်းမှားတွေကိုလည်း မရောက်မိအောင် ကိုယ့်ကိုယ်ကိုယ် ထိန်းကျောင်းဖြစ်တယ်လို့ မြင့်မြတ်က ဆက်လက်ပြောပြခဲ့ပါတယ်။

‘’သရုပ်ဆောင် တစ်ယောက်အနေနဲ့ကတော့ သာမန်လူလိုတော့ မဟုတ်ဘူး။ ဆုံးရှုံးသွားတာတွေတော့ အများကြီးပဲပေါ့နော်။ အဓိက ကတော့ လွတ်လပ်မှုပါပဲ။ ဒါကတော့ အဓိက အားဖြင့် ကိုယ့်စိတ်နဲ့ပဲ ဆိုင်တယ်လို့တော့ ကျွန်တော် မြင်ပါတယ်။ ကျွန်တော်ကတော့ ကိုယ့်မိသားစုနဲ့ အေးအေးဆေးဆေးပေါ့နော်။ သားလေးနဲ့ဆော့ချင်တယ်၊ ပျော်ချင်တယ်၊ အဲဒီစိတ်တွေကြောင့်ပဲ တခြားဘက်ကို စိတ်မရောက်တာဖြစ်ပါလိမ့်မယ်’’ လို့ သူကဆိုပါတယ်။

မြင့်မြတ်နဲ့ မိုးအောင်ရင်တို့ကတော့ ‘’အောက်ဆီဂျင်’’ဆိုတဲ့ ရုပ်ရှင်ကားကြီးကို ရိုက်ကူးနေတာဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ နေပိုင်က ရိုက်ကူးထားတာပါ။ ဒီဇာတ်ကားထဲမှာ မြင့်မြတ်၊ မိုးအောင်ရင်နဲ့ အတူ နေရဲ ၊ နေနော်၊ ရွှေမှုန်ရတီ၊ ရဲအောင် နဲ့ အောင်ခိုင်တို့က အဓိက ပါဝင်သရုပ်ဆောင်နေတာဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ သြဂုတ်လ ၂၀ ရက်နေ့ကတည်းက ရိုက်ကူးပုံဖော်နေတယ်လို့ သိရပါတယ်။

Top
//whairtoa.com/4/3018672