.ဘုရားဂုဏ္ေတာ္ ရြတ္တဲ့ အက်ိဳးေက်းဇူးေတြေၾကာင့္ ထူးျခားမႈ တစ္ခု ၾကံဳလိုက္ရတဲ့ ေမသက္ထားေဆြ

အသံခ်ိဳခ်ိဳေလးနဲ႔ သီခ်င္းဆိုေကာင္းၿပီး သူ႕အသံကိုၾကားလိုက္ရတာနဲ႔ အားလံုးရဲ႕ ရင္ထဲကို ေအးခ်မ္းသြားေစတဲ့ အသံပိုင္ရွင္ေလးကေတာ့ ေမသက္ထားေဆြဆိုတဲ့ သမီးေလးပဲ ျဖစ္ပါတယ္…..
မ်က္ႏွာေလးကလည္း ခ်စ္စရာေကာင္းသလို အသံေလးလည္းေကာင္း စကားေျပာေအးခ်မ္းတာေၾကာင့္ ပရိသတ္ေတြ ခ်စ္ခင္ၾကတဲ့ အဆိုရွင္ေလးတစ္ေယာက္ျဖစ္ပါတယ္…

မၾကာေသးမီက ေမသက္ထားေဆြဟာ မံုရြာမွာ သီခ်င္းသြားဆိုရင္းနဲ႔ ေရႊေငြပစၥည္း စုစုေပါင္း သိန္း ၁၀၀ ေက်ာ္ဖိုးေလာက္ ေပ်ာက္ဆံုးသြားခဲ့ပါတယ္…..ေပ်ာက္ေပ်ာက္ခ်င္းမွာေတာ့ ေမသက္ထားေဆြေလးဟာ ကေလးပီပီ အရမ္းႏွေျမာမိလို႔ တစ္ခ်က္ေတာ့ ငိုခ်လိုက္တယ္လို႔ အင္တာဗ်ဴးမွာ ေျပာဆိုထားပါတယ္…..ေနာက္ေတာ့ အရင္ဘဝက အေၾကြးရွိလို႔ ဆပ္တယ္လို႔ ပဲ သေဘာထားလိုက္ပါတယ္လို႔ ေမသက္ထားေဆြေလးက ဆိုပါတယ္…

ေပ်ာက္သြားၿပီးတဲ့ေနာက္မွာ မိခင္ရဲ႕ ႏွစ္သိမ့္မႈေတြေၾကာင့္ ဘုရားဂုဏ္ေတာ္ကို အဆက္မျပတ္ပြားမ်ားေနခဲ့ၿပီး မိဘကို လုပ္ေကၽြးေနတဲ့ သမီးေလးျဖစ္တာေၾကာင့္ ေပ်ာက္သြားတာေလးေတြ ျပန္ရပါေစဆိုၿပီး သစၥာအဓိ႒ာန္ျပဳတာေတြလုပ္ခဲ့ပါတယ္…
အဲဒီလိုနဲ႔ ေပ်ာက္ဆံုးတဲ့ေန႔က စလို႔ ၁၁ ရက္ေန႔ေျမာက္မွာေတာ့ ေပ်ာက္ဆံုးသြားတဲ့ ပစၥည္းေတာ္ေတာ္မ်ားမ်ား ျပန္လည္ရရွိခဲ့ပါတယ္…ဖုန္းနဲ႔ ပိုက္ဆံေတြကေတာ့ ျပန္မရေတာ့ပါဘူးလို႔ သိရပါတယ္….

ေပ်ာက္ဆံုးလို႔ ျပန္လည္ရရွိခဲ့တဲ့ ပစၥည္းေတြထဲမွာ မၾကာေသးခင္ကမွ ဘီးလင္းၿမဳိ႕နယ္ဆရာေတာ္မ်ားခ်ီးျမႇင့္ခဲ့တဲ့ ေရႊဆြြဲျပားေလးလည္းပါ၀င္ခဲ့ေၾကာင္း သိရွိရပါတယ္..
ခုလိုျပန္ရတာဟာ ေကာင္းတာေတြလုပ္တဲ့အတြက္ ေကာင္းက်ိဳးျပန္ရတယ္လို႔ ထင္ၿပီး ေရွ႕ဆက္ၿပီးလည္း ေကာင္းတာေတြ ဆက္လုပ္သြားမယ္လို႔ ေမသက္ထားေဆြက ဆုိပါတယ္…
ဒါ့အျပင္ “သမီးကို ဆုေတာင္းေမတၱာပို႔ေပးၾကတဲ့ ခ်ီးျမႇင့္ၾကတဲ့ ဆရာေတာ္ဘုရားေတြေရာ ျပန္ေတြ႕ၾကဖို႔ ဆုေတာင္းေပးတဲ့ မိဘျပည္သူ ပရိသတ္ေတြကို ေက်းဇူးတင္ပါတယ္” လို႔ ေျပာသြားခဲ့ပါတယ္….

ပစၥည္းေတြ ရေအာင္ ရွာေဖြေပးၾကတဲ့ တာဝန္ရွိသူေတြကိုလည္း ေက်းဇူးတင္ပါတယ္ လို႔ ေမသက္ထားေဆြရဲ႕ မိခင္ျဖစ္သူက ျဖည့္စြက္ေျပာၾကားခဲ့ပါေသးတယ္… ပစၥည္းေတြ ေပ်ာက္သြားပံုနဲံ ဘယ္လိုျပန္ရခဲ့သလဲ ဆိုတာေတာ့ ေမသက္ထားေဆြ နဲ႔
အင္တာဗ်ဴးထားတဲ့ ဗီဒီယိုဖိုင္ေလးကိုေအာက္မွာ ၾကည့္ေပးၾကပါေနာ္…

ရုပ္သံဖိုင္အားၾကည့္ရန္ႏွိပ္ပါ

Writer – HW (ေန႔စဥ္သတင္းႏွင့္သုတရသအျဖာျဖာ)
Video Source :Popular Journal

ယူနီကုဒ်ဖြင့်ဖတ်ရန်

အသံချိုချိုလေးနဲ့ သီချင်းဆိုကောင်းပြီး သူ့အသံကိုကြားလိုက်ရတာနဲ့ အားလုံးရဲ့ ရင်ထဲကို အေးချမ်းသွားစေတဲ့ အသံပိုင်ရှင်လေးကတော့ မေသက်ထားဆွေဆိုတဲ့ သမီးလေးပဲ ဖြစ်ပါတယ်…..
မျက်နှာလေးကလည်း ချစ်စရာကောင်းသလို အသံလေးလည်းကောင်း စကားပြောအေးချမ်းတာကြောင့် ပရိသတ်တွေ ချစ်ခင်ကြတဲ့ အဆိုရှင်လေးတစ်ယောက်ဖြစ်ပါတယ်…

မကြာသေးမီက မေသက်ထားဆွေဟာ မုံရွာမှာ သီချင်းသွားဆိုရင်းနဲ့ ရွှေငွေပစ္စည်း စုစုပေါင်း သိန်း ၁၀၀ ကျော်ဖိုးလောက် ပျောက်ဆုံးသွားခဲ့ပါတယ်…..ပျောက်ပျောက်ချင်းမှာတော့ မေသက်ထားဆွေလေးဟာ ကလေးပီပီ အရမ်းနှမြောမိလို့ တစ်ချက်တော့ ငိုချလိုက်တယ်လို့ အင်တာဗျူးမှာ ပြောဆိုထားပါတယ်…..နောက်တော့ အရင်ဘဝက အကြွေးရှိလို့ ဆပ်တယ်လို့ ပဲ သဘောထားလိုက်ပါတယ်လို့ မေသက်ထားဆွေလေးက ဆိုပါတယ်…

ပျောက်သွားပြီးတဲ့နောက်မှာ မိခင်ရဲ့ နှစ်သိမ့်မှုတွေကြောင့် ဘုရားဂုဏ်တော်ကို အဆက်မပြတ်ပွားများနေခဲ့ပြီး မိဘကို လုပ်ကျွေးနေတဲ့ သမီးလေးဖြစ်တာကြောင့် ပျောက်သွားတာလေးတွေ ပြန်ရပါစေဆိုပြီး သစ္စာအဓိဋ္ဌာန်ပြုတာတွေလုပ်ခဲ့ပါတယ်…
အဲဒီလိုနဲ့ ပျောက်ဆုံးတဲ့နေ့က စလို့ ၁၁ ရက်နေ့မြောက်မှာတော့ ပျောက်ဆုံးသွားတဲ့ ပစ္စည်းတော်တော်များများ ပြန်လည်ရရှိခဲ့ပါတယ်…ဖုန်းနဲ့ ပိုက်ဆံတွေကတော့ ပြန်မရတော့ပါဘူးလို့ သိရပါတယ်….

ပျောက်ဆုံးလို့ ပြန်လည်ရရှိခဲ့တဲ့ ပစ္စည်းတွေထဲမှာ မကြာသေးခင်ကမှ ဘီးလင်းမြို့နယ်ဆရာတော်များချီးမြှင့်ခဲ့တဲ့ ရွှေဆွဲပြားလေးလည်းပါဝင်ခဲ့ကြောင်း သိရှိရပါတယ်..
ခုလိုပြန်ရတာဟာ ကောင်းတာတွေလုပ်တဲ့အတွက် ကောင်းကျိုးပြန်ရတယ်လို့ ထင်ပြီး ရှေ့ဆက်ပြီးလည်း ကောင်းတာတွေ ဆက်လုပ်သွားမယ်လို့ မေသက်ထားဆွေက ဆိုပါတယ်…
ဒါ့အပြင် “သမီးကို ဆုတောင်းမေတ္တာပို့ပေးကြတဲ့ ချီးမြှင့်ကြတဲ့ ဆရာတော်ဘုရားတွေရော ပြန်တွေ့ကြဖို့ ဆုတောင်းပေးတဲ့ မိဘပြည်သူ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်” လို့ ပြောသွားခဲ့ပါတယ်….

ပစ္စည်းတွေ ရအောင် ရှာဖွေပေးကြတဲ့ တာဝန်ရှိသူတွေကိုလည်း ကျေးဇူးတင်ပါတယ် လို့ မေသက်ထားဆွေရဲ့ မိခင်ဖြစ်သူက ဖြည့်စွက်ပြောကြားခဲ့ပါသေးတယ်… ပစ္စည်းတွေ ပျောက်သွားပုံနဲံ ဘယ်လိုပြန်ရခဲ့သလဲ ဆိုတာတော့ မေသက်ထားဆွေ နဲ့
အင်တာဗျူးထားတဲ့ ဗီဒီယိုဖိုင်လေးကိုအောက်မှာ ကြည့်ပေးကြပါနော်…

ရုပ်သံဖိုင်အားကြည့်ရန်နှိပ်ပါ

Writer – HW (နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ)
Video Source :Popular Journal