



Source : Warso Moe Oo
Chilli – CeleGabar
ယူနီကုတ်ဖြင့်ဖတ်ရန်။

“အစာအိမ်ရောဂါကြောင့် ဆေးရုံမှာ ဆေးကုသမှုခံယူနေရတဲ့ ဝါဆိုမိုးဦး”

ဝါဆိုမိုးဦးကတော့ အနုပညာလောကမှာ မော်ဒယ် သရုပ်ဆောင်တစ်ယောက်အနေနဲ့ အောင်မြင်မှုတွေရရှိပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေးတစ်လက်ပဲဖြစ်ပါတယ်။ဆွဲဆောင်မှုရှိလှတဲ့ ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားတာကြောင့် ယောက်ျားလေး ပရိသတ်တွေရဲ့ သည်းသည်းလှုပ်အားပေးဝန်းရံခြင်းကို သာမက မိန်ကလေး ပရိသတ်တွေရဲ့ သဘောကျနှစ်သက်ခြင်းကိုလည်း ခံနေရတဲ့ မင်းသမီးချောလေးတွေထဲမှာ ဝါဆိုမိုးဦးကတစ်ယောက်အနေနဲ့ အပါအဝင်ပါ။

အခေုနာက်ပိုင်းမှာတော့ ဝါဆိုမိုးဦးဟာ မော်ဒယ်သရုပ်ဆောင်တစ်ယောက်အနေနဲ့သာမက အဆိုတော်တစ်ယောက်အနေနဲ့လည်း သီချင်းတွေကို သီဆိုနေပါသေးတယ်။ဝါဆိုမိုးဦးကတော့ သူမရဲ့ အချစ်ရေးနဲ့ ပတ်သတ်လို့လည်း ချစ်ရတဲ့ ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်းနဲ့ ချပြထားတာဖြစ်ပြီး ဝါဆိုနဲ့ အဆိုတော်ဖြိုးလေးတို့ရဲ့ တစ်ဦးကိုတစ်ဦး နားလည်မှုအပြည့်နဲ့ ပျော်ရွှင်စရာကောင်းတဲ့အချစ်ရေးလေးကို တည်ဆောက်ထားနိုင်တာကြောင့် ပရိသတ်တွေရဲ့ Idol Couple အဖြစ်လည်း သတ်မှတ်ခံထားရတာပါ။

လတ်တလောမှာတော့ ပရိသတ်တွေရဲ့ အချစ်တော် ဝါဆိုမိုးဦးက အစာအိမ်ဝေဒနာနဲ့ ဆေးရုံမှာဆေးကုသမှုခံနေရတာဖြစ်ပြီး သူမဆေးကုသမှုခံယူနေရတဲ့ အကြောင်းကို “အစားစလျော့တာနဲ့ အစာအိမ်ကစပြီ”ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြထားတာပဲဖြစ်ပါတယ်။CeleGabarပရိသတ်ကြီးရေ ဝါဆိုလေး ခံစားနေရတဲ့ ဝေဒနာတွေကနေ မြန်မြန်သက်သာလာအောင် ဆုတောင်းပေးခဲ့ပါဦးနော်။

Source : Warso Moe Oo
Chilli – CeleGabar