ခုမြင် ခဏပျောက်တဲ့ လောကကြီးကို အရမ်းကြောက်တယ်ဆိုတဲ့ စံရတီမိုးမြင့်
UNICODE
ချစ်စရာကောင်းတဲ့ မင်းသမီးချောလေး စံရတီမိုးမြင့်က လူလေးလှသလို စိတ်ထားလေးလည်း ကောင်းမွန်ပြည့်စုံတဲ့ မိန်းကလေးတစ်ဦးပဲ ဖြစ်ပါတယ်။ စံရတီမိုးမြင့်ကို ချစ်ကြတဲ့ ပရိသတ်တွေကလည်း အများအပြားရှိနေပြီး ထိပ်တန်း အနုပညာရှင်တစ်ဦးအဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။ စံရတီမိုးမြင့်က လက်ရှိမှာတော့ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးခြင်းမရှိသေးပဲ အခြားသော အနုပညာလှုပ်ရှားမှုတွေကို လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။
ဒီနေ့မှာတော့ စံရတီမိုးမြင့်က သူမရဲ့ အတွေးအမြင်လေးတစ်ခုကို ချစ်တဲ့ ပရိသတ်တွေဆီ မျှဝေထားတာကို တွေ့ရပါတယ်။ စံရတီမိုးမြင့် ပြောတာလေးက တကယ်ပဲ မှန်ကန်တာကြောင့်ပရိသတ်ကြီးဆီ ပြန်လည်ဖော်ပြပေးဘိုက်ရပါတယ်။
“နေ့မြင်ညပျောက် တောင်မဟုတ်ဘူး ခုမြင် ခဏနေပျောက်တဲ့ လောကကြီးကို အရမ်းကြောက်တယ်။ မနက်ဖြန်ကိုယ်ဘာဖြစ်မယ်ဆိုတာ ဘယ်သူမှကြိုမသိလို့ နေ့တိုင်းကို ကောင်းသောစိတ် ကုသိုလ်စိတ်နဲ့ပဲဖြတ်သန်းကြပါ။”
“အသိကိုသတိနဲ့ယှဉ်ပြီးနေထိုင်သွားလာကြပါ။ သတ္တဝါတွေအားလုံးကျန်းမာချမ်းသာ ဘေးရန်ကင်းကွာပြီး ကပ်ဆိုးများမှ ကျော်လွှားနိုင်ပါစေ..” ဆိုပြီး စံရတီမိုးမြင့်က သတိပေး ဆုတောင်းပေးထားပါတယ်။
စံရတီမိုးမြင့်ကတော့ လောကကြီးကိုကြည့်ပြီး တော်တော်လေး အသိတရားတွေ ရနေတာ ဖြစ်ပါလိမ့်မယ်။ ပရိသတ်ကြီးလည်း စံရတီမိုးမြင့် ဆုတောင်းပေးသလို ကပ်ဆိုးတွေကို ကျော်လွှားနိုင်ပါစေနော်။
Source: San Yati Moe Myint’s fb,CRD-MOMOLAY