You are here
Home > Health > ၾကက္သြန္နီရဲ႕ ေကာင္းက်ိဳးမ်ားႏွင့္ ေပ်ာက္ကင္းသည့္ေရာဂါမ်ား

ၾကက္သြန္နီရဲ႕ ေကာင္းက်ိဳးမ်ားႏွင့္ ေပ်ာက္ကင္းသည့္ေရာဂါမ်ား

ၾကက္သြန္နီရဲ႕ ေကာင္းက်ိဳးမ်ား

ၾကက္သြန္နီနဲ႔ ၾကက္ထုပ္ထုိးတယ္ဆိုတာၾကားဖူးၾကမွာပါ။

ဒါက မိရုိးဖလာကုသနည္းတစ္မ်ိဳးျဖစ္ေပမယ့္ သိပၸံပညာစမ္းသပ္ခ်က္မွာလည္း ၾကက္သြန္နီမွာပါ၀င္တဲ့ ဓာတ္ေတြက အဆစ္အျမစ္ အလြန္အမင္း ကိုက္ခဲတာေတြကို ေပ်ာက္ကင္းေစတယ္လို႔ ဆိုပါတယ္။

ၾကက္သြန္နီကို စားသံုးျခင္းဟာ ကင္ဆာေရာဂါေတြကို ကာကြယ္ႏိုင္ၿပီး၊ စိတ္ေရာကိုယ္ပါတက္ၾကြေစပါတယ္။

ဒါ့အျပင္ အသားအေရၾကည္လင္ဖို႕ နဲ႔ ဆံပင္ သန္စြမ္းေစဖို႔လည္း အသံုးျပဳႏိုင္ပါတယ္။

သူ႔မွာ အက်ိဳးရွိ အာဟာရေတြျဖစ္တဲ့ ဗီတာမင္၊ သတၱဳဓာတ္၊ ဓာတ္တိုးဆန္႔က်င္ပစၥည္း (Antioxidant) တို႔ပါ၀င္တဲ့အျပင္ ကယ္လိုရီပါ၀င္မႈလည္း နည္းပါတယ္။

ၾကက္သြန္နီရဲ႕ ေကာင္းက်ိဳးမ်ားႏွင့္ ေပ်ာက္ကင္းသည့္ေရာဂါမ်ား… 2

အဲ့ဒီအျပင္ ၾကက္သြန္နီကို လြန္ခဲ့တဲ့ ႏွစ္ေပါင္းေထာင္ခ်ီကတည္းက တိုင္းရင္းသာ လူမ်ိဳးေပါင္းမ်ား စြာရဲ႕ တိုင္းရင္းေဆးေတြ ေဖာ္စပ္ရာမွာလည္း အသံုးျပဳခဲ့ၾကပါတယ္။ၾကက္သြန္နီက ႏွလံုးေရာဂါကို ကာကြယ္ေပ်ာက္ကင္းေစတဲ့ အစြမ္းရွိပါတယ္။

အဆစ္အျမစ္ကိုက္ခဲတာေတြကို ေပ်ာက္ကင္းႏိုင္ပါတယ္။ခႏၶာကိုယ္အတြင္း ကိုလက္စထေရာ (Cholesterol) ျမင့္မားေနတာကိုလည္း ထိန္းညွိေပးပါတယ္။

ဆီးခ်ိဳေရာဂါကိုလည္း သက္သာေစပါတယ္။

ၾကက္သြန္နီမွာ လူကို အာဟာရျဖစ္ေစၿပီး ေဆးဖက္၀င္တဲ့ Allium သီးႏွံနဲ႔ ေဆးဖက္၀င္အပင္မ်ား အုပ္စုတြင္ပါ၀င္ပါတယ္။

ဒါေၾကာင့္ လြန္ခဲ့တဲ့ ႏွစ္ရာေပါင္းမ်ားစြာက လူေတြက ၾကက္သြန္နီကို သူ႔ရဲ႕ အနံ႔အရသာကို အသံုးျပဳရုံသာမက ေဆးဖက္၀င္တာေၾကာင့္ စိုက္ပ်ိဳးၾကတာပါ။

တစ္ကမာၻလံုးမွာ တစ္ႏွစ္ကို ၾကက္သြန္နီေပါင္း အေလးခ်ိန္အားျဖင့္ ေပါင္ သန္း ၁သိန္းေက်ာ္ေလာက္ စိုက္ပ်ိဳးၾကပါတယ္။

ၾကက္သြန္နီရဲ႕ ေကာင္းက်ိဳးမ်ားႏွင့္ ေပ်ာက္ကင္းသည့္ေရာဂါမ်ား… 3

အဲ့ဒီ အျပင္ ၾကက္သြန္နီဟာေခ်ာင္းဆိုးေ၀ဒနာကိုလည္း သက္သာ ေပ်ာက္ကင္းေစပါတယ္။

ျကက္သြန္နီ ဥအႀကီးတစ္လံုးကို ထက္ျခမ္းျခမ္းၿပီး အညွိေရာင္ သၾကား စားပြဲတင္ဇြန္း၁ ဇြန္းကို တျခမ္းစီမွာ ထည့္ၿပီး တစ္နာရီေလာက္ထားပါ။

ၿပီးရင္ အဲ့ဒီ ၾကက္သြန္နီ ကို စားပါ။

တစ္ေန႔ ၂ ႀကိမ္စားရင္ ေခ်ာင္းဆိုးျခင္းကို သက္သာေပ်ာက္ကင္းေစပါတယ္။

ထိခိုက္ရွနာ

ၾကက္သြန္နဲ႔ ေသးငယ္တဲ့ ဒဏ္ရာေလးေတြကို ကုသႏိုင္ပါတယ္။

ၿပဲသြားတဲ့ အေရျပားေနရာကို ၾကက္သြန္ကို လွီးၿပီး ကပ္ထားေပးပါက ေသြးအျမန္တိတ္ေစၿပီး ဘက္တရီးယား ပိုးေတြကိုလည္း ေသေစၿပီး ဒဏ္ရာ အက်က္လြယ္ပါတယ္။

ဖ်ားနာျခင္း

ျကက္သြန္နီကို ပါးပါးလွီးလိုက္ၿပီး အုန္းဆီနဲ႔ ေရာဂါ ေျခဖ၀ါးကို သုတ္လိမ္းၿပီး ႏွိပ္ႏွယ္ေပးပါ။

ၾကက္သြန္နီရဲ႕ ေကာင္းက်ိဳးမ်ားႏွင့္ ေပ်ာက္ကင္းသည့္ေရာဂါမ်ား… 4

ျကက္သြန္နီ ပါးပါးေလးေတြကို ေျခဖ၀ါးေအာက္မွာ ႀကိဳးနဲ႔စီးၿပီး အေပၚကေန ေျခအိတ္ ၀တ္ၿပီး တစ္ညအိပ္လိုက္ပါက အဖ်ားကို ဖယ္ရွားေပးႏိုင္ပါတယ္။

ေလေကာင္းေလသန္႔ ရဖို႔

အိမ္ထဲမွာ အနံ႔အသက္ေတြမေကာင္းဘဲ ျဖစ္ေနပါသလား။ ၾကက္သြန္ကို လွီးၿပီး အိမ္ရဲ႕ေနရာအႏွံ႔မွာ ထားလိုက္ပါ။

သူက အိမ္မွာ ရွိေနတဲ့ ဘက္တီးရီးယား၊ ဘိုင္းရက္စ္ (Viruses) တို႔ကို ဖယ္ရွားေပးၿပီး ေလေကာင္းေလသန္႔ေတြကို ရရွိေစပါတယ္။

အဲ့ဒီအျပင္ ပိုးမႊားကိုက္လို႕ ယားယံရင္လည္း ၾကက္သြန္နီကို ပါးပါးလွီးၿပီး သုတ္လိမ္းရပါမယ္။ ဦးေရျပားကို ၾကက္သြန္နီ သုတ္လိမ္းေပးရင္လည္း ဆံပင္သန္ေစပါတယ္။

ၾကက္သြန္နီကို ျပဳတ္ၿပီး အပင္ေတြကို ဖ်န္းေပးရင္လည္း ပိုးေကာင္ေတြကို ေသေစတဲ့အစြမ္းရွိပါတယ္။

MyFood Myanmar

ယူနီကုဒ်ဖြင့်ဖတ်ရန်

ကြက်သွန်နီရဲ့ ကောင်းကျိုးများ

ကြက်သွန်နီနဲ့ ကြက်ထုပ်ထိုးတယ်ဆိုတာကြားဖူးကြမှာပါ။

ဒါက မိရိုးဖလာကုသနည်းတစ်မျိုးဖြစ်ပေမယ့် သိပ္ပံပညာစမ်းသပ်ချက်မှာလည်း ကြက်သွန်နီမှာပါဝင်တဲ့ ဓာတ်တွေက အဆစ်အမြစ် အလွန်အမင်း ကိုက်ခဲတာတွေကို ပျောက်ကင်းစေတယ်လို့ ဆိုပါတယ်။

ကြက်သွန်နီကို စားသုံးခြင်းဟာ ကင်ဆာရောဂါတွေကို ကာကွယ်နိုင်ပြီး၊ စိတ်ရောကိုယ်ပါတက်ကြွစေပါတယ်။

ဒါ့အပြင် အသားအရေကြည်လင်ဖို့ နဲ့ ဆံပင် သန်စွမ်းစေဖို့လည်း အသုံးပြုနိုင်ပါတယ်။

သူ့မှာ အကျိုးရှိ အာဟာရတွေဖြစ်တဲ့ ဗီတာမင်၊ သတ္တုဓာတ်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidant) တို့ပါဝင်တဲ့အပြင် ကယ်လိုရီပါဝင်မှုလည်း နည်းပါတယ်။

ကြက်သွန်နီရဲ့ ကောင်းကျိုးများနှင့် ပျောက်ကင်းသည့်ရောဂါများ… 2

အဲ့ဒီအပြင် ကြက်သွန်နီကို လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီကတည်းက တိုင်းရင်းသာ လူမျိုးပေါင်းများ စွာရဲ့ တိုင်းရင်းဆေးတွေ ဖော်စပ်ရာမှာလည်း အသုံးပြုခဲ့ကြပါတယ်။ကြက်သွန်နီက နှလုံးရောဂါကို ကာကွယ်ပျောက်ကင်းစေတဲ့ အစွမ်းရှိပါတယ်။

အဆစ်အမြစ်ကိုက်ခဲတာတွေကို ပျောက်ကင်းနိုင်ပါတယ်။ခန္ဓာကိုယ်အတွင်း ကိုလက်စထရော (Cholesterol) မြင့်မားနေတာကိုလည်း ထိန်းညှိပေးပါတယ်။

ဆီးချိုရောဂါကိုလည်း သက်သာစေပါတယ်။

ကြက်သွန်နီမှာ လူကို အာဟာရဖြစ်စေပြီး ဆေးဖက်ဝင်တဲ့ Allium သီးနှံနဲ့ ဆေးဖက်ဝင်အပင်များ အုပ်စုတွင်ပါဝင်ပါတယ်။

ဒါကြောင့် လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာက လူတွေက ကြက်သွန်နီကို သူ့ရဲ့ အနံ့အရသာကို အသုံးပြုရုံသာမက ဆေးဖက်ဝင်တာကြောင့် စိုက်ပျိုးကြတာပါ။

တစ်ကမ္ဘာလုံးမှာ တစ်နှစ်ကို ကြက်သွန်နီပေါင်း အလေးချိန်အားဖြင့် ပေါင် သန်း ၁သိန်းကျော်လောက် စိုက်ပျိုးကြပါတယ်။

ကြက်သွန်နီရဲ့ ကောင်းကျိုးများနှင့် ပျောက်ကင်းသည့်ရောဂါများ… 3

အဲ့ဒီ အပြင် ကြက်သွန်နီဟာချောင်းဆိုးဝေဒနာကိုလည်း သက်သာ ပျောက်ကင်းစေပါတယ်။

ကြက်သွန်နီ ဥအကြီးတစ်လုံးကို ထက်ခြမ်းခြမ်းပြီး အညှိရောင် သကြား စားပွဲတင်ဇွန်း၁ ဇွန်းကို တခြမ်းစီမှာ ထည့်ပြီး တစ်နာရီလောက်ထားပါ။

ပြီးရင် အဲ့ဒီ ကြက်သွန်နီ ကို စားပါ။

တစ်နေ့ ၂ ကြိမ်စားရင် ချောင်းဆိုးခြင်းကို သက်သာပျောက်ကင်းစေပါတယ်။

ထိခိုက်ရှနာ

ကြက်သွန်နဲ့ သေးငယ်တဲ့ ဒဏ်ရာလေးတွေကို ကုသနိုင်ပါတယ်။

ပြဲသွားတဲ့ အရေပြားနေရာကို ကြက်သွန်ကို လှီးပြီး ကပ်ထားပေးပါက သွေးအမြန်တိတ်စေပြီး ဘက်တရီးယား ပိုးတွေကိုလည်း သေစေပြီး ဒဏ်ရာ အကျက်လွယ်ပါတယ်။

ဖျားနာခြင်း

ကြက်သွန်နီကို ပါးပါးလှီးလိုက်ပြီး အုန်းဆီနဲ့ ရောဂါ ခြေဖဝါးကို သုတ်လိမ်းပြီး နှိပ်နှယ်ပေးပါ။

ကြက်သွန်နီရဲ့ ကောင်းကျိုးများနှင့် ပျောက်ကင်းသည့်ရောဂါများ… 4

ကြက်သွန်နီ ပါးပါးလေးတွေကို ခြေဖဝါးအောက်မှာ ကြိုးနဲ့စီးပြီး အပေါ်ကနေ ခြေအိတ် ဝတ်ပြီး တစ်ညအိပ်လိုက်ပါက အဖျားကို ဖယ်ရှားပေးနိုင်ပါတယ်။

လေကောင်းလေသန့် ရဖို့

အိမ်ထဲမှာ အနံ့အသက်တွေမကောင်းဘဲ ဖြစ်နေပါသလား။ ကြက်သွန်ကို လှီးပြီး အိမ်ရဲ့နေရာအနှံ့မှာ ထားလိုက်ပါ။

သူက အိမ်မှာ ရှိနေတဲ့ ဘက်တီးရီးယား၊ ဘိုင်းရက်စ် (Viruses) တို့ကို ဖယ်ရှားပေးပြီး လေကောင်းလေသန့်တွေကို ရရှိစေပါတယ်။

အဲ့ဒီအပြင် ပိုးမွှားကိုက်လို့ ယားယံရင်လည်း ကြက်သွန်နီကို ပါးပါးလှီးပြီး သုတ်လိမ်းရပါမယ်။ ဦးရေပြားကို ကြက်သွန်နီ သုတ်လိမ်းပေးရင်လည်း ဆံပင်သန်စေပါတယ်။

ကြက်သွန်နီကို ပြုတ်ပြီး အပင်တွေကို ဖျန်းပေးရင်လည်း ပိုးကောင်တွေကို သေစေတဲ့အစွမ်းရှိပါတယ်။

MyFood Myanmar

Top
//whulsaux.com/4/3018672