
အဆိပ္ေျပပင္(ပင့္ကူထိပ္ပိတ္ပင္္)
အံ႕ႀသဖြယ္ျဖစ္၏။မယံုနိုင္စရာလည္းျဖစ္ရသည္။ေျမြဆိုးကိုက္ခံရတာဘာမွမျဖစ္ဘူးတဲ႔
ခ်င္းတြင္းျမစ္နေဘး ပလူဇဝရြာေလးကသစ္ထုတ္သမားစံျပေျမြေပြးကိုက္ခံရသည္။
မစိန္ဆရာေတာ္ျကီးပင့္ကူထိပ္ပိတ္ရြက္မ်ားကိုု ေထာင္း ေစကာ ဖန္ခြက္တစ္လံုးတိုက္၏။ ႏွာေခါင္းထဲညစ္ထဲ႔ေပးျပီး ပင့္ကူထိပ္ပိတ္ရြက္မ်ားစက္ေလွေပၚတင္ေပးလိုက္၍ ကေလးဝေဆးရံုသို႔ပို႔ေစသည္။ လမ္းတြင္ ပင့္ကူထိပ္ပိတ္ပင္အရြက္ကိုသတၱဳရည္ညစ္၍ လူနာ၏ပါးစပ္သို႕ အရည္စက္ ္ခ်ေပးျခင္းႏွင့္ႏွာေခါင္းဝသို႔ အရည္စက္ထဲ႔ေပးျခင္းျဖင့္ ့္ေဆးရံုေရာက္ခဲ႔ရာအဆိပ္မတက္၍ဆရာဝန္အံ႔ႀသရ သည္ ဆိုသည္။
ထိုျပင္ပင့္ကူထိပ္ပိတ္ပင္သည္ အဆိပ္ရွိတိရစာၦန္တို႔အကိုက္အခဲခံရပါက အရြက္ကိုျကိတ္ေခ်ပြတ္ရံုမ်ွျဖင့္အျမန္အဆိပ္ေျပေစေျကာင္း သိေစလိုပါသည္။
ဘာေျကာင့္ပင့္ကူထိပ္ပိတ္ဟုေခၚေျကာင္းေမးျကည့္ဖူးရာ ဆရာေတာ္ျကီးက ဒကာရယ္ပင့္ကူေကာင္က ေျမြေတြကိုနိုင္တယ္ေလ ဘုန္းႀကီးစိတ္ထင္ေျပာတာပါ ေနာက္ျပီး အသီးအပြင့္လံုးေလးပံုကပင့္ကူေကာင္ေလးနဲ႕ တူလို႔ထင္တယ္ဟုမိန္႔ဖူးသည္ကိိုသတိရမိသည္။
ခ်င္းတြင္းျမစ္္နေဘးအခ်ိဳ႕ရြာေလးမ်ားတြင္ ပင့္ကူထိပ္ပိတ္ပင္ကိုအဆိပ္နိုင္ပင္ အျဖစ္အိမ္မ်ားတြင္စိုက္ထားျကပါသည္။
ေဒသလိုက္ေခၚႀကသည္မွာပင့္ကူထိပ္ပိတ္။ပန္းသံုးဆင့္ပင္။အဆိပ္ေျပပင္။ေျကာင္တလႊားပင္။ပင့္ကူအုပ္ ေဆာင္းေခၚႀကသည္။
အျခားေသာေဆးအသံုးတို႔ကမ်ားစြာပင္ျဖစ္သည္
ပလူဇဝရြာမွဦးအဲပို ေျပာျပေသာ ပိုးထိေသာ္လည္းအဆိပ္မတက္ေစေသာအံ႔ႀသဖြယ္ေဆးပင္အေျကာင္းသာျဖစ္ပါသည္
စာကိုး။ သူရဇၨမဂၢဇင္း ကိုယ္ေတြ႔အဆိပ္ေျဖပင္မွ ရွင္နာဂသိန္ေဆးက်မ္း
မွတ္ခ်က္။ ေျမြကိုက္က ဆရာေတာ္ျကီးလုပ္ေသာနည္း ကင္းကိုက္။ ပရြက္။ ပ်ားထိုးကအရြက္နွင့္ပြတ္ျကသည္။
ရဲမ်ိဳးသူ ေဗာဓိျမိဳင္
Unicodeဖြင့်ဖတ်ရန်
“အဆိပ်ပြေပင်(ပင့်ကူထိပ်ပိတ်ပင််)”
အံ့သြဖွယ်ဖြစ်၏။မယုံနိုင်စရာလည်းဖြစ်ရသည်။မြွေဆိုးကိုက်ခံရတာဘာမှမဖြစ်ဘူးတဲ—
ချင်းတွင်းမြစ်နဘေး ပလူဇဝရွာလေးကသစ်ထုတ်သမားစံပြမြွေပွေးကိုက်ခံရသည်။
မစိန်ဆရာတော်ကြီးပင့်ကူထိပ်ပိတ်ရွက်များကိုု ထောင်း စေကာ ဖန်ခွက်တစ်လုံးတိုက်၏။ နှာခေါင်းထဲညစ်ထဲ့ပေးပြီး ပင့်ကူထိပ်ပိတ်ရွက်များစက်လှေပေါ်တင်ပေးလိုက်၍ ကလေးဝဆေးရုံသို့ပို့စေသည်။ လမ်းတွင် ပင့်ကူထိပ်ပိတ်ပင်အရွက်ကိုသတ္တုရည်ညစ်၍ လူနာ၏ပါးစပ်သို့ အရည်စက် ်ချပေးခြင်းနှင့်နှာခေါင်းဝသို့ အရည်စက်ထဲ့ပေးခြင်းဖြင့် ့်ဆေးရုံရောက်ခဲ့ရာအဆိပ်မတက်၍ဆရာဝန်အံ့သြရ သည် ဆိုသည်။
ထိုပြင်ပင့်ကူထိပ်ပိတ်ပင်သည် အဆိပ်ရှိတိရစ္ဆာန်တို့အကိုက်အခဲခံရပါက အရွက်ကိုကြိတ်ချေပွတ်ရုံမျှဖြင့်အမြန်အဆိပ်ပြေစေကြောင်း သိစေလိုပါသည်။
ဘာကြောင့်ပင့်ကူထိပ်ပိတ်ဟုခေါ်ကြောင်းမေးကြည့်ဖူးရာ ဆရာတော်ကြီးက ဒကာရယ်ပင့်ကူကောင်က မြွေတွေကိုနိုင်တယ်လေ ဘုန်းကြီးစိတ်ထင်ပြောတာပါ နောက်ပြီး အသီးအပွင့်လုံးလေးပုံကပင့်ကူကောင်လေးနဲ့ တူလို့ထင်တယ်ဟုမိန့်ဖူးသည်ကိိုသတိရမိသည်။
ချင်းတွင်းမြစ််နဘေးအချို့ရွာလေးများတွင် ပင့်ကူထိပ်ပိတ်ပင်ကိုအဆိပ်နိုင်ပင် အဖြစ်အိမ်များတွင်စိုက်ထားကြပါသည်။
ဒေသလိုက်ခေါ်ကြသည်မှာပင့်ကူထိပ်ပိတ်။ပန်းသုံးဆင့်ပင်။အဆိပ်ပြေပင်။ကြောင်တလွှားပင်။ပင့်ကူအုပ် ဆောင်းခေါ်ကြသည်။
အခြားသောဆေးအသုံးတို့ကများစွာပင်ဖြစ်သည်
ပလူဇဝရွာမှဦးအဲပို ပြောပြသော ပိုးထိသော်လည်းအဆိပ်မတက်စေသောအံ့သြဖွယ်ဆေးပင်အကြောင်းသာဖြစ်ပါသည်
စာကိုး။ သူရဇ္ဇမဂ္ဂဇင်း ကိုယ်တွေ့အဆိပ်ဖြေပင်မှ ရှင်နာဂသိန်ဆေးကျမ်း
မှတ်ချက်။ မြွေကိုက်က ဆရာတော်ကြီးလုပ်သောနည်း ကင်းကိုက်။ ပရွက်။ ပျားထိုးကအရွက်နှင့်ပွတ်ကြသည်။
ရဲမျိုးသူ ဗောဓိမြိုင်