You are here
Home > အနုပညာ > တောင်တန်းစိမ်းကြီးတွေကြားမှာ အဖြူရောင်တိမ်မင်းသမီးလေးလို လှနေတဲ့ ဝတ်မှုံရွှေရည်

တောင်တန်းစိမ်းကြီးတွေကြားမှာ အဖြူရောင်တိမ်မင်းသမီးလေးလို လှနေတဲ့ ဝတ်မှုံရွှေရည်

နိုင်ငံကျော် မင်းသမီးချောလေးတစ်ဦးဖြစ်တဲ့ ဝတ်မှုံရွှေရည်က ဆယ်ကျော်သက်အရွယ်ကတည်းက အနုပညာလောကထဲကို ဝင်ရောက်လာပြီး အခုချိန်ထိ အောင်မြင်မှုအရှိန် လုံးဝလျော့မသွားသူလေး ဖြစ်ပါတယ်။ အသားဖြူဖြးလေးနဲ့ သေးသေးသွယ်သွယ် ဝတ်မှုံရွှေရည်ကို ပရိသတ်တွေကလည်း မချစ်ပဲနဲ့ကို မနေနိုင်ပါဘူး။ အဲ့ဒါကြောင့်လည်း ဝတ်မှုံရွှေရည်က ဒီနေ့ခေတ်ရဲ့ အအောင်မြင်ဆုံး ဒိတ်ဒိတ်ကြဲ မင်းသမီးတစ်ဦးအဖြစ် ရပ်တည်နေတာပဲ ဖြစ်ပါတယ်။

ဝတ်မှုံရွှေရည်က လတ်တလောမှာတော့ ဒါရိုက်တာ ဇင်ရော်မောင်မောင် ရိုက်ကူးပုံဖော်တဲ့ “တိမ်တွေပေါ်ကပန်း” ရုပ်ရှင်ဇာတ်ကားကြီးကို ချင်းပြည်နယ်၊ ထန်တလန်မြို့မှာ သွားရောက်ရိုက်ကူးပေးနေတာပဲ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ ဝတ်မှုံရွှေရည်က ချင်းပြည်နယ်ရဲ့ စိမ်းစိုလှတဲ့ တောတောင်အလှတွေနဲ့ သူမရဲ့ ပုံလေးတွေကို ပရိသတ်တွေဆီ မျှဝေထားပါတယ်။ ထိုပုံတွေမှာ ဝတ်မှုံရွှေရည်က သဘာဝတရားကြီးနဲ့အပြိုင် တိမ်မင်းသမီးလေးတစ်ဦးလို ဖြူလွလွလေး လှနေတာကို တွေ့ရပါတယ်။

ချင်းပြည်နယ်မှာ ၂ ပတ်ကျော်မျှ ရုပ်ရှင်ရိုက်ကူးခဲ့ရတဲ့ ဝတ်မှုံရွှေရည်က ရန်ကုန်ကို ပြန်ဖို့အချိန်ကျရောက်လာချိန်မှာတော့ စိတ်မကောင်းဖြစ်နေတာကို တွေ့ရပါတယ်။ ဝတ်မှုံရွှေရည်က “အမှတ်တရ တွေ အများကြီးနဲ့ ချင်းပြည်နယ်က ထန်တလန် မြို့ လေးရယ် လွမ်းနေရအုံးမယ် ” ဆိုပြီး အမှတ်တရ စကားလေးတောင် ဆိုထားပါသေးတယ်။

ဝတ်မှုံရွှေရည်ကတော့ တောင်တန်းတွေကာရံထားတဲ့ အေးချမ်းလှတဲ့ ချင်းပြည်နယ်မှာ တော်တော်လေး ပျော်ခဲ့ပုံပါပဲ။ ပရိသတ်ကြီးလည်း ဝတ်မှုံရွှေရည်ရဲ့ ပုံရိပ်တွေကို သဘောကျနှစ်ခြိုက်ကြမယ် ထင်ပါတယ်နော်။

Rowena
Source: Wutt Hmone Shwe Yi’s fb

Top
//dolatiaschan.com/4/3018672