မြိုင်လောက် နာမည်မကြီး မှာကို စိုးရိမ်နေတဲ့ ညိုထွေး …

MRTV-4ရုပ်သံဇာတ်လမ်းတွဲ ကနေ ပရိသတ် အားပေးမူကို တခဲနက်ပိုင်ဆိုင်ရရှိထားတဲ့ မေမီကိုကိုကတော့ လတ်တလော မှာ အနုပညာအလုပ်တွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေပြီပဲဖြစ်ပါတယ်။ ဇာတ်လမ်းကောင်းတစ်ခုဖြစ်လာဖို့ ပံ့ပိုး တဲ့နေရာမှာ ထူးချွန်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ” ပျားရည်အိုင် ” ရုပ်သံ ဇာတ်လမ်းတွဲကြီးတွင် ” မြိုင် ” ဆိုတဲ့ ဇာတ်ကောင်နဲ့ Star Awards 2018 မှာ သူမဟာ Best TV Series Actress Award ဆုကို ထိုက်တန်စွာ ဆွတ်ခူးထားပါသေးတယ်။

သူမကတော့ မကြာမီ ပြတော့မည့် “တတိယမြောက် ဆုံမှတ်” ရုပ်သံ ဇာတ်လမ်းတွဲကြီးမှာလည်း “မေပန်းချီ” ဆိုတဲ့ ကာရိုက်တာ ပရိသတ်ရှေ့မှောက် ရောက်လာတော့မှာပါ။ စာရေးဆရာမကြီး မစန္ဒာရဲ့ နာမည်ကြီး ၀တ္ထုကို ပြန်လည်ပုံဖော်ရိုက်ကူးတော့မည့် “ဂျီဟောသူ” ရုပ်သံ ဇာတ်လမ်းတွဲကြီးမှာ ညိုထွေးဆိုတဲ့ ဇာတ်ကောင်နေရာမှာ ပါဝင်သရုပ်ဆောင်နေပါတယ်။ထိုဇာတ်လမ်းတွဲကတော့ ဆရာမကြီးမစန္ဒာရဲ့ နာမည်ကြီး ၀တ္ထုဖြစ်တဲ့ အတွက် တာဝန်ကြီးတယ်လို့ ဆိုထားပြီး

ထိုရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်တဲ့ “ညိုထွေး” က “မြိုင်” လောက် ပရိသတ်ရင်ထဲ မရာက်မှာ စိုးရိမ်နေပေမယ့် အကောင်းဆုံးကြိုးစားသွား မယ်လို့ သိရပါတယ်။ ပရိသတ်ကြီးထဲမှာရော မေမီကိုကို ကိုချစ်တဲ့ ပရိသတ်တွေရှိရင် အလင်းပြခဲ့နော်။

credit – celegabar