အသက်(၁၄)နှစ် ကပထမဆုံးရိုက်ဖြစ်တဲ့ ပုံလေးကို မျှဝေလိုက်တဲ့ လင်းဇာနည်ဇော်

နိုင်ငံကျော် သရုပ်ဆောင် လင်းဇာနည်ဇော် ဟာဆိုရင်ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ နိုင်ငံကျော်ဝါရင့်အနုပညာရှင်တစ်ဦးပါ။ သူမ ကခုအချိန်ထိနုပျိုလှပနေဆဲဖြစ်ပြီး သူမသရုပ်ဆောင်ရိုက်ကူးထားတဲ့ ဇာတ်ကားများစွာ ရှိတာကြောင့် ချစ်ခင်အားပေးတဲ့ ပရိသတ်အခိုင်အမာရရှိထားသူပါ။ မိုမိုလေးပရိသတ်တွေအတွက် လင်းဇာနည်ဇော် ရဲ့ တစ်ချိန်က ပုံရိပ်ကလေးတွေကို ဖော်ပြပေး လိုက်ပါတယ်နော်။

လင်းဇာနည်ဇော် သရုပ်ဆောင် ပါဝင်သရုပ်ဆောင် ရိုက်ကူးခဲ့တဲ့ သူစိမ်းအိမ် ရုပ်ရှင်ဇာတ်ကားကလည်း ပရိသတ်တွေကြားမှာ နာမည်ကြီးနေဆဲပါ။လင်းဇာနည်ဇော်က ခုအချိန်ထိ ဆယ်ကျော်သက် လူငယ်လေးလို နုပျိုလှပနေတာကြောင့်လည်းပရိသတ်တွေအချစ်ပိုနေရတာပဲ ဖြစ်ပါတယ်။

ဒီတစ်ခါမှာတော့ လင်းဇာနည်ဇော် က ” အသက်(၁၄)နှစ်လောက်ကပေါ့..။ပထမဆုံးရိုက်ဖြစ်တဲ့’ရင်ခုန်ပွင့်’အဖုံး..။အိုက်အချိန်ထဲကဒီပိုးတွေဝင်နေမှတော့စာမေးပွဲကျတာဆန်းမနေဘူးပေါ့..။ခုချိန်ထိသတ်မရတဲ့ပိုးဘယ်သမားတော်နဲ့ပြရပါ့” ဆိုပြီးပြောထားပါတယ်။

လင်းဇာနည်ဇော်က အသက်၁၄ နှစ်တည်းက ပထမဆုံးရိုက်ဖြစ်တဲ့ ပုံလေးကို ဖော်ပြထားပြီး အဲဒီအချိန်ထဲက အနုပညာဝါပိုးထခဲ့တာကြောင့်ဆယ်တန်းကျခဲ့တာလို့ပြောထားပါတယ်။

တစ်ခေတ်တစ်ခါက ဆယ်ကျော်သက်တွေကြားမှာ ဆံပင်အရှည် ချစ်စရာကောင်းတဲ့ မျက်နှာကို ပိုင်ဆိုင်ထားတဲ့ သူမက နာမည်ကြီးရေပန်းစားခဲ့ပါတယ်။

သရုပ်ဆောင် လင်းဇာနည်ဇော် ရဲ့ တစ်ချိန်က ပုံရိပ်ကလေးတွေကို ပရိသတ်တွေ သဘောကျလိမ့်မယ် ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ မိုမိုလေးပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Moekalay
Source;lin zar ni zaw