You are here
Home > အနုပညာ > ထိပ်ထားသခင်လေးရဲ့မွေးနေ့မှာ ကိတ်တွေခွဲရင်း ပျော်ပျော်ရွှင်ရွှင်ပါဝင်ခဲ့တဲ့ မြတ်ကေသီအောင်

ထိပ်ထားသခင်လေးရဲ့မွေးနေ့မှာ ကိတ်တွေခွဲရင်း ပျော်ပျော်ရွှင်ရွှင်ပါဝင်ခဲ့တဲ့ မြတ်ကေသီအောင်







CRD-Momolay

UNICODE

စကားတတ်ပြီး ချစ်စရာကောင်းလွန်းလို့ ပရိသတ်တွေ အရမ်းချစ်ကြတဲ့ ကလေးလေး ထိပ်ထားသခင်ကတော့ အသက်ငယ်ငယ်လေးနဲ့ အနုပညာအလုပ်တွေ လုပ်နေရပြီဖြစ်တဲ့ အရည်အချင်းရှိသူလေးပါ။ လတ်တလောမှာတော့ ထိပ်ထားသခင်လေးက (၅) နှစ်တိတိ ပြည့်သွားပြီမို့ ချစ်ရသူတွေနဲ့ မွေးနေ့ပါတီလေးတစ်ခု ကျင်းပခဲ့တာ တွေ့ရပါတယ်။ အဆိုပါ မွေးနေ့ပွဲလေးမှာတော့ မင်းသမီးကြီး မြတ်ကေသီအောင်ကလည်း ပါဝင်ဆင်နွှဲခဲ့တာ တွေ့ရပါတယ်။ မွေးနေ့ရှင် ထိပ်ထားလေးနဲ့ အပြိုင်ပျော်နေတဲ့ မြတ်ကေသီအောင်ရဲ့ပုံရိပ်တွေကတော့ အရမ်းကို ချစ်ဖို့ကောင်းနေတာပါနော်။

ချစ်ပရိသတ်တွေအတွက် ထိပ်ထားသခင်လေးရဲ့မွေးနေ့ပွဲမှာ ပျော်ပျော်ရွှင်ရွှင်တွေ့ရတဲ့ မြတ်ကေသီအောင်ရဲ့ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

မြတ်ကေသီအောင်ကတော့ “ထိပ်ထားလေးမွေးနေ့ ရောက်ခဲ့” ဆိုပြီး ထိပ်ထားသခင်လေးရဲ့မွေးနေ့ပွဲကို ရောက်ခဲ့တဲ့အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။

မြတ်ကေသီအောင်ကတော့ သမီးလေး ထိပ်ထားသခင်ထက်ကို ပိုပျော်နေသလိုပါပဲနော်…။

သရုပ်ဆောင်ပိုင်းမှာ ထူးချွန်တဲ့ မင်းသမီးတစ်ဦးဖြစ်တဲ့ မြတ်ကေသီအောင်ကတော့ သူမပါဝင်သရုပ်ဆောင်တဲ့ ဇာတ်ကားတိုင်းကို ကျရာဇာတ်ရုပ်ကို အပီပြင်ဆုံး သရုပ်ဆောင်နိုင်သူတစ်ဦးပဲ ဖြစ်ပါတယ်။

ဒီနေ့ထိတိုင် ပရိသတ်တွေရဲ့ချစ်ခင်အားပေးခြင်းကို အပြည့်အဝရရှိထားဆဲဖြစ်တဲ့ မြတ်ကေသီအောင်ကတော့ လတ်တလောမှာလည်း အနုပညာအလုပ်တွေ ဆက်တိုက်ပြုလုပ်ဖြစ်နေတာပဲ ဖြစ်ပါတယ်။ မြတ်ကေသီအောင် အကောင်းဆုံးပါဝင်သရုပ်ဆောင်ထားတဲ့ “အထက်တန်းစား” ရုပ်ရှင်ဇာတ်ကားကြီးကလည်း လက်ရှိမှာ ရုံတင်ပြသနေပြီပဲ ဖြစ်ပါတယ်။ချစ်ပရိသတ်တွေလည်း အရမ်းကို ချစ်စရာကောင်းတဲ့ သမီးလေး ထိပ်ထားသခင်ရဲ့မွေးနေ့မှာ ပျော်နေတဲ့ မြတ်ကေသီအောင်ကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Top
//thefacux.com/4/3018672