မေမေမယ်လိုဒီနဲ့အတူ Live လွှင့်ရင်း ပရိသတ်တွေကို ဂီတာတီးသီချင်းဆိုပြနေတဲ့ သိဒ္ဓိစစ်







Video Source – Actress Melody fb,CRD-Myanmarload

UNICODE

ပရိသတ်ကြီးရေ.. အနုပညာလောကမှာ အောင်မြင်မှုတွေ အခိုင်အမာနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကိုအပြည့်အဝသိမ်းပိုက်ထားတဲ့ အနုပညာရှင်ကတော့ သရုပ်ဆောင်မင်းသမီးချော မယ်လိုဒီပဲ ဖြစ်ပါတယ်နော်..။

ပရိသတ်တွေအခိုင်အမာနဲ့ အောင်မြင်နေသလို ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့်လည်း ဇာတ်ကားတွေများစွာ ရိုက်ကူးထားပြီး အကယ်ဒမီထူးချွန်ဆုတွေကိုပါ သိမ်းပိုက်ရရှိထားတာလည်း ဖြစ်ပါတယ်နော်..။

အောင်မြင်ခိုင်မာတဲ့ အနုပညာရှင်အဖြစ် ရပ်တည်နေသလို သားလေးတစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားပြီး ပရိသတ်တွေအားကျရတဲ့ မိသားစုဘဝလေးကို ဖြတ်သန်းနေတာသူလည်း ဖြစ်ပါတယ်နော်..။

အနုပညာလှုပ်ရှားမှုလေးတွေနဲ့ မိသားစုပုံရိပ်လေးတွေကို ပရိသတ်တွေကိုအမြဲမျှဝေလေ့ရှိတဲ့ မယ်လိုဒီကတော့ အခုတစ်ခါမှာလည်း သားသားလေးနဲ့အတူ သီချင်းဆို စကားတွေပြောရင်း Live လွှင့်ခဲ့ပါတယ်..။

မယ်လိုဒီရဲ့ သားလေး သိဒ္ဓိစစ်လေးကလည်း မေမေနဲ့အတူ Live လွှင့်ရင်း ဂီတာတီးပြီး သီချင်းတွေဆိုပြခဲ့တာမို့ Comment တွေမှာ ပရိသတ်တွေကလည်း သားအမိနှစ်ယောက်လုံး ချစ်ဖို့ကောင်းကြတဲ့အကြောင်းလေးတွေ ရေးသားထားကြပါတယ်နော်..။

မယ်လိုဒီကတော့ သူမတို့သားအမိနှစ်ယောက်ရဲ့ Live ဗီဒီယိုဖိုင်လေးကို သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ ပရိသတ်တွေကို မျှဝေထားတာပဲ ဖြစ်ပါတယ်နော်..။