ဝင္​းနဲ႔ ေဇာ္အတြက္ ဘန္ေကာက္အထိ အသနားခံ ေတာင္းဆိုဆႏၵျပေပးဖို႔ အသင့္ပဲဆိုတဲ့ ယုန္ေလး

ထိုင္းနိုင္ငံ လိပ္ကၽြန္း(ခိုေတာင္ကၽြန္း) လူသတ္မႈျဖင့္ တရားစြဲဆုိျခင္း ခံထားရတဲ့ ျမန္မာနိုင္ငံသား ဝင္းေဇာ္ထြန္းနဲ့ ေဇာင္လင္းတို့ရဲ့ ေနာက္ဆံုးအယူခံမွာ မေျပာင္းလဲပဲ ေသဒဏ္က်ခံေစရန္ အမိန့္ခ်ခဲ့တဲ့ သတင္းကေတာ့ လတ္တေလာ ျမန္မာျပည္သူျပည္သားေတြရဲ႕ရင္ကို ဆို႔နင့္ေၾကကြဲေစတဲ့ အေၾကာင္းအရာတစ္ခုပါပဲ။

ျပည္သူေတြလည္း အေကာင္းဆံုး ကယ္တင္ဖို႔ အတြက္ ဆႏၵျပင္းျပေနၾကသလို၊ အႏုပညာရွင္တစ္ခ်ိဳ႕ကလည္း စိတ္မေကာင္းစြာ ကူညီဖို႔ အသင့္ရွိေနၾကတာ ေတြ႔ရပါတယ္။ အဆိုေတာ္ ဒါရိုက္တာတစ္ဦးျဖစ္တဲ့ ယုန္ေလးကလည္း ဝင္းနဲ႔ ေဇာ္တို႔အတြက္ လိုအပ္ရင္ ဘန္ေကာက္အထိ အသနားခံေတာင္းဆိုသြားမယ္လို႔ ထုတ္ေျပာလာတာ ေၾကာင့္ ပရိသတ္ေတြလည္း အင္တိုက္အားတိုက္ ပါဝင္ဖို႔ တက္ၾကြေနၾကတာပါေနာ္။

ခ်စ္ပရိသတ္ေတြအတြက္ လတ္တေလာ ပရိသတ္ေတြကို ဝမ္းနည္းေစခဲ့တဲ့ ဝင္းနဲ႔ ေဇာ္တို႔ရဲ႕အမႈအတြက္ တတ္ႏိုင္တဲ့ဘက္က ကူညီေပးဖို႔ ၾကိဳးစားေနတဲ့ ယုန္ေလးရဲ႕အေၾကာင္းကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

ယုန္ေလးကေတာ့ “တကယ္ ေၾကကြဲပါတယ္ .တကယ္ မဟုတ္ပဲ လုပ္တာကို ၿငိမ္ခံေနရင္ ဒါ ဝင္း ႏွင့္ ေဇာ္ တြင္မဟုတ္ပါ ။ျမန္မာတစ္ႏိုင္ငံလံုးရဲ႕ သိကၡာပါ . လုပ္လုိ႔ရလို႔လုပ္တာျဖစ္သြားၿပီ ။ျမန္မာလူမ်ိဳးမ်ားသာ္ ထိုးေကြ်းခံ က်ားစားမ်ားမဟုတ္ပါ။ လြန္ခဲ့တဲ့ ၄ ႏွစ္ ေလာက္က ဆႏၵျပရာတြင္လည္း တတ္ႏိုင္သေလာက္ပါဝင္ခဲ့ပါတယ္.ထိေရာက္မယ္ဆိုရင္ သက္ဆိုင္ရာလူႀကီးမ်ားကလည္းႀကိဳဆိုမယ္ဆိုရင္ BKK ထိ အသနားခံ ေတာင္းဆို ဆႏၵျပေပးဖို႔ အသင့္ပါ။” ဆိုျပီး သူ႔ရဲ႕လူမႈကြန္ယက္မွာ ေရးသားေဖာ္ျပလာတာပါ။

ျမန္မာႏိုင္ငံသားေတြျဖစ္ၾကတဲ့ ဝင္းနဲ့ေဇာ္ရဲ့ အမႈကိုေတာ့ (၄) နွစ္ေက်ာ္မွ် စစ္ေဆးခဲ့တာျဖစ္ျပီး ေနာက္ဆံုးအယူခံကို ထိုင္းနိုင္ငံတရားလႊတ္ေတာ္ခ်ဳပ္က ၂၀၁၉ ခုနွစ္၊ ၾသဂုတ္လ (၂၉) ရက္ေန့က ေသဒဏ္က်ခံေစရန္ အမိန့္ခ်ခဲ့တာ ျဖစ္ပါတယ္။ခ်စ္ပရိသတ္ေတြလည္း တတ္ႏိုင္တဲ့ဘက္က ပါဝင္ျပီး ဝင္းနဲ႔ ေဇာ္အတြက္ ဆုေတာင္းေပးခဲ့ၾကပါဦးေနာ္။

CRD-Momolay

UNICODE

ထိုင်းနိုင်ငံ လိပ်ကျွန်း(ခိုတောင်ကျွန်း) လူသတ်မှုဖြင့် တရားစွဲဆိုခြင်း ခံထားရတဲ့ မြန်မာနိုင်ငံသား ဝင်းဇော်ထွန်းနဲ့ ဇောင်လင်းတို့ရဲ့ နောက်ဆုံးအယူခံမှာ မပြောင်းလဲပဲ သေဒဏ်ကျခံစေရန် အမိန့်ချခဲ့တဲ့ သတင်းကတော့ လတ်တလော မြန်မာပြည်သူပြည်သားတွေရဲ့ရင်ကို ဆို့နင့်ကြေကွဲစေတဲ့ အကြောင်းအရာတစ်ခုပါပဲ။ ပြည်သူတွေလည်း အကောင်းဆုံး ကယ်တင်ဖို့ အတွက် ဆန္ဒပြင်းပြနေကြသလို၊ အနုပညာရှင်တစ်ချို့ကလည်း စိတ်မကောင်းစွာ ကူညီဖို့ အသင့်ရှိနေကြတာ တွေ့ရပါတယ်။ အဆိုတော် ဒါရိုက်တာတစ်ဦးဖြစ်တဲ့ ယုန်လေးကလည်း ဝင်းနဲ့ ဇော်တို့အတွက် လိုအပ်ရင် ဘန်ကောက်အထိ အသနားခံတောင်းဆိုသွားမယ်လို့ ထုတ်ပြောလာတာ ကြောင့် ပရိသတ်တွေလည်း အင်တိုက်အားတိုက် ပါဝင်ဖို့ တက်ကြွနေကြတာပါနော်။

ချစ်ပရိသတ်တွေအတွက် လတ်တလော ပရိသတ်တွေကို ဝမ်းနည်းစေခဲ့တဲ့ ဝင်းနဲ့ ဇော်တို့ရဲ့အမှုအတွက် တတ်နိုင်တဲ့ဘက်က ကူညီပေးဖို့ ကြိုးစားနေတဲ့ ယုန်လေးရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ယုန်လေးကတော့ “တကယ် ကြေကွဲပါတယ် .တကယ် မဟုတ်ပဲ လုပ်တာကို ငြိမ်ခံနေရင် ဒါ ဝင်း နှင့် ဇော် တွင်မဟုတ်ပါ ။မြန်မာတစ်နိုင်ငံလုံးရဲ့ သိက္ခာပါ . လုပ်လို့ရလို့လုပ်တာဖြစ်သွားပြီ ။မြန်မာလူမျိုးများသာ် ထိုးကျွေးခံ ကျားစားများမဟုတ်ပါ။ လွန်ခဲ့တဲ့ ၄ နှစ် လောက်က ဆန္ဒပြရာတွင်လည်း တတ်နိုင်သလောက်ပါဝင်ခဲ့ပါတယ်.ထိရောက်မယ်ဆိုရင် သက်ဆိုင်ရာလူကြီးများကလည်းကြိုဆိုမယ်ဆိုရင် BKK ထိ အသနားခံ တောင်းဆို ဆန္ဒပြပေးဖို့ အသင့်ပါ။” ဆိုပြီး သူ့ရဲ့လူမှုကွန်ယက်မှာ ရေးသားဖော်ပြလာတာပါ။

မြန်မာနိုင်ငံသားတွေဖြစ်ကြတဲ့ ဝင်းနဲ့ဇော်ရဲ့ အမှုကိုတော့ (၄) နှစ်ကျော်မျှ စစ်ဆေးခဲ့တာဖြစ်ပြီး နောက်ဆုံးအယူခံကို ထိုင်းနိုင်ငံတရားလွှတ်တော်ချုပ်က ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂၉) ရက်နေ့က သေဒဏ်ကျခံစေရန် အမိန့်ချခဲ့တာ ဖြစ်ပါတယ်။ချစ်ပရိသတ်တွေလည်း တတ်နိုင်တဲ့ဘက်က ပါဝင်ပြီး ဝင်းနဲ့ ဇော်အတွက် ဆုတောင်းပေးခဲ့ကြပါဦးနော်။