You are here
Home > Health > ခႏၶာကိုယ္အတြက္ လိုအပ္ေသာ စြမ္းအင္ကိုေပးတဲ့ နတ္သုဒၶာအသီး (သို႔) စြန္ပလြန္သီး

ခႏၶာကိုယ္အတြက္ လိုအပ္ေသာ စြမ္းအင္ကိုေပးတဲ့ နတ္သုဒၶာအသီး (သို႔) စြန္ပလြန္သီး

စြန္ပလြန္သီးကို ငယ္စဥ္အရြယ္အခါ စာေရးသူျမန္မာျပည္မွာေနထိုင္စဥ္က အႀကိမ္အနည္းငယ္မွ်စားသံုးဖူးပါတယ္။ ယိုထိုးထားတဲ့အတြက္ ခ်ိဳအီဆိမ့္တဲ့အရသာမ်ိဳးျဖစ္ပါတယ္။ ထို႔ထက္ပိုၿပီးစိတ္မဝင္စားမိခဲ့ပါဘူး။

စကၤာပူမွာေနထိုင္စဥ္ စာေရးသူရံုးမွလုပ္ေဖာ္ကိုင္ဖက္ အစၥလမ္ဘာသာဝင္မိတ္ေဆြ(က်ား/မ) ဥပုဒ္ေျဖခ်ိန္မွာစားသံုးတာေတြ႕မိပါတယ္။ ရံဖန္ရံခါေတာင္းယူစားေသာက္မိပါတယ္။ ထို႔ထက္ပိုၿပီးစိတ္မဝင္စားမိခဲ့ပါဘူး။

ဒီေန႔ေတာ့ ရံုးအားလပ္ရက္ဟင္းခ်က္စရာေစ်းဝယ္ထြက္ရင္း အမွတ္မထင္စြန္ပလြန္သီးယိုအထုပ္ကို ေစ်းမွာေတြ႕လို႔ကိုင္ၾကည့္မိရင္း သူရဲ႕ Nutrition Fact လို႔ေခၚတဲ့ သဘာဝအဟာရပါဝင္မူ႔ႏႈန္းဇယားကိုၾကည့္မိလိုက္ခ်ိန္မွာေတာ့ အံၾသမူ႔အႀကီးႀကီးျဖစ္မိၿပီး စြန္ပလြန္သီးကို စြန္းခိုက္မိပါေတာ့တယ္။

ေစ်းကအျမန္ျပန္ၿပီး Date Fruit လို႔ေခၚတဲ့ စြန္ပလြန္သီးအေၾကာင္းကို ကြန္ျပဴတာဖြင့္ Google ေခါက္ၿပီး စူးစမ္းရွာေဖြ research လုပ္မိသမွ်ကို စာဖတ္သူ ညီ၊ညီမတို႔ ဗဟုသုတအတြက္မွ်ေဝလိုက္ပါတယ္။

စြန္ပလြန္ ေခၚ( Dates ) ပင္ကိုေရရွားၿပီး အျခားသီးႏွံစုိက္ပ်ိဳးရန္ ခက္ခဲေသာေျမတန္းစားမ်ား အပူပုိင္းေဒသ သဲေျမ စသည့္ ေျမအမ်ိဳးစားေတြမွာ စုိက္ပ်ိဳးႏုိင္တယ္လုိ႔ သိရပါတယ္။ အပင္မွာထန္းပင္ကဲ့သို႔ေျဖာင့္တန္းၿပီး အရြက္မေႂကြပါဘူး။ အသီးမွာ ဇီးခ်ိဴသီးသ႑ာန္ လံုးေျဖာင့္တန္းၿပီး အေစမွာလည္း ဇီးသီးအေစ့ျဖင့္ခပ္ဆင္ဆင္ရွိပါတယ္။

လက္မအရြယ္အစား စြန္ပလြန္သီးတေန႔ ၁ လံုးစားသံုးျခင္းျဖင့္ ကိုယ္ခႏၶာေန႔စဥ္လုပ္ေဆာင္မူ႔မ်ားအတြက္ ခြန္အားျဖစ္ထြန္းေစပါတယ္။သဘာဝအပင္မွာရွိေနစဥ္တြင္ အသီးမွာအဝါႏုေရာင္ျဖစ္ၿပီး ခ်ိဳျမေသာအရသာႏွင့္ေစးကပ္ေသာအတြင္းသားတြင္ဖိုက္ဘာအမွ်င္ဓါတ္မ်ားျဖင့္အေစ့ကိုဖံုးကြယ္ထားပါတယ္။ပ်မ္းမွ်ျခင္းအားျဖင့္ စြန္ပလြန္သီး ၁ လံုးတြင္ ၂၃ ကယ္လိုရီပါဝင္ၿပီး၊ ကိုယ္လက္စထေရာလံုးဝ ၁၀၀% ကင္းစင္တာက အံဖြယ္ရာပါဘဲ။

စြန္ပလြံသီးတြင္ ပါ၀င္ေသာ အာဟာရဓါတ္နွဳန္းမွာေတာ့

Proteins . 2.0

Fats /

Calories . 23.0

Sodium . 4.7

Potassium . 754.0

Calcium . 67.9

Magnesium . 58.9

Copper . 0.21

Iron . 1.61

Phosporus . 638.0

Sulphur . 51.6

Chlorine . 290.0

vitamins A1, B1, B2, B3 and B5


(၁) စြန္ပလြန္သီးသည္ ကိုလက္စေရာဓာတ္ကို မ်ားစြာေလ်ာ့ခ် ေပးနိုင္သည့္ အျပင္ အဝလြန္သူမ်ားအတြက္လည္း ေကာင္းမြန္ပါတယ္။ ဗီတာမင္ဓာတ္ကိုလည္း ၾကြယ္ဝေစပါတယ္။

(၂) ဗီတာမင္ B1, B2, B3 နွင့္ B5 တို႔ၾကြယ္ဝေစသည့္ အျပင္ ပရိုတိန္းဓာတ္ကိုလည္း ၾကြယ္ဝေစတယ္လုိ႔ ဆိုပါတယ္။ Gym အားကစားသမားမ်ားအတြက္ (Pre and Post Workout)မကစားခင္ႏွင့္ကစားၿပီးခ်ိန္တြင္ အနည္းဆံုး စြန္ပလြန္သီး ၂ လံုးမွ်စားသံုးယူသင့္ပါတယ္။ ေလ့က်င့္ခန္းပံုမွန္ျပဳေနသူမ်ားအတြက္ သဘာဝအခ်ိဳဓါတ္ပါဝင္တဲ့ စြန္ပလြန္သီးတေန႔ ၃-၄လံုးရဲ႕အခ်ိဳဓါတ္ဟာ က်န္းမာေရးအေပၚသက္ေရာက္မူ႔မ်ားစြာမျဖစ္ေစပါဘူး။

(၃) စြန္ပလြန္သီးသည္ ခႏၶာကိုယ္အတြက္ လိုအပ္ေသာ စြမ္းအင္ကိုလည္း ေပးပါတယ္။ ဆိတ္၊ႏြားနုိ႔နွင့္ တြဲေသာက္ေပးပါ။

(၄) စြန္ပလြန္သီးသည္ အာရံုေၾကာမ်ားအတြက္လည္း ေကာင္းမြန္ပါတယ္။ စြန္ပလြန္သီးကိုေခ်မြၿပီး ဆိတ္၊ႏြားႏို႔ျဖင့္ မနက္ ၁ ခြက္၊ ည ၁ ခြက္ ေသာက္သံုးျခင္းျဖင့္ အံဖြယ္ကာမစြမ္းအားကိုျဖစ္ထြန္းေစပါတယ္။

(၅) သြားမ်ား ေဆြးေျမ႔ျခင္းကို ကာကြယ္ေပးနိုင္ပါတယ္။

(၆) စြန္ပလြန္သီးကို ေရျဖင့္ ေသာက္ေပးပါက ဝမ္းခ်ဳပ္ျခင္းကိုလည္း ကာကြယ္နိုင္ ပါတယ္။

(၇) စြန္ပလြန္သီးသည္ ၾကြက္သားမ်ားကို သန္မာေစနိုင္တဲ့ အျပင္ ခႏၶာကိုယ္ သြယ္လ်ေစခ်င္သူတို႔ အတြက္ စားသင့္ပါတယ္။

(၈) အရက္ေၾကာင့္ ျဖစ္ေသာ ေရာဂါ ခႏၶာကိုယ္တြင္း ျဖစ္ေသာ ကင္ဆာေရာဂါကို ကာကြယ္နိုင္ပါတယ္။

(၉) အျမင္အာရံုကိုလည္း ၾကည္လင္ေစပါတယ္။

(၁၀) Low blood Pressure ေသြးေပါင္က်ျခင္း၊ Paralyisis ေလျဖတ္ျခင္း၊ Facial Paralysis မ်က္ႏွာတစ္ျခမ္းေလျဖတ္ျခင္း တို႔ကို ကာကြယ္ေပးပါသည္။

Credit to Wsda Dom

ယူနီကုဒ်ဖြင့်ဖတ်ရန်

စွန်ပလွန်သီးကို ငယ်စဉ်အရွယ်အခါ စာရေးသူမြန်မာပြည်မှာနေထိုင်စဉ်က အကြိမ်အနည်းငယ်မျှစားသုံးဖူးပါတယ်။ ယိုထိုးထားတဲ့အတွက် ချိုအီဆိမ့်တဲ့အရသာမျိုးဖြစ်ပါတယ်။ ထို့ထက်ပိုပြီးစိတ်မဝင်စားမိခဲ့ပါဘူး။

စင်္ကာပူမှာနေထိုင်စဉ် စာရေးသူရုံးမှလုပ်ဖော်ကိုင်ဖက် အစ္စလမ်ဘာသာဝင်မိတ်ဆွေ(ကျား/မ) ဥပုဒ်ဖြေချိန်မှာစားသုံးတာတွေ့မိပါတယ်။ ရံဖန်ရံခါတောင်းယူစားသောက်မိပါတယ်။ ထို့ထက်ပိုပြီးစိတ်မဝင်စားမိခဲ့ပါဘူး။

ဒီနေ့တော့ ရုံးအားလပ်ရက်ဟင်းချက်စရာဈေးဝယ်ထွက်ရင်း အမှတ်မထင်စွန်ပလွန်သီးယိုအထုပ်ကို ဈေးမှာတွေ့လို့ကိုင်ကြည့်မိရင်း သူရဲ့ Nutrition Fact လို့ခေါ်တဲ့ သဘာဝအဟာရပါဝင်မူ့နှုန်းဇယားကိုကြည့်မိလိုက်ချိန်မှာတော့ အံသြမူ့အကြီးကြီးဖြစ်မိပြီး စွန်ပလွန်သီးကို စွန်းခိုက်မိပါတော့တယ်။

ဈေးကအမြန်ပြန်ပြီး Date Fruit လို့ခေါ်တဲ့ စွန်ပလွန်သီးအကြောင်းကို ကွန်ပြူတာဖွင့် Google ခေါက်ပြီး စူးစမ်းရှာဖွေ research လုပ်မိသမျှကို စာဖတ်သူ ညီ၊ညီမတို့ ဗဟုသုတအတွက်မျှဝေလိုက်ပါတယ်။

စွန်ပလွန် ခေါ်( Dates ) ပင်ကိုရေရှားပြီး အခြားသီးနှံစိုက်ပျိုးရန် ခက်ခဲသောမြေတန်းစားများ အပူပိုင်းဒေသ သဲမြေ စသည့် မြေအမျိုးစားတွေမှာ စိုက်ပျိုးနိုင်တယ်လို့ သိရပါတယ်။ အပင်မှာထန်းပင်ကဲ့သို့ဖြောင့်တန်းပြီး အရွက်မကြွေပါဘူး။ အသီးမှာ ဇီးချိူသီးသဏ္ဍာန် လုံးဖြောင့်တန်းပြီး အစေမှာလည်း ဇီးသီးအစေ့ဖြင့်ခပ်ဆင်ဆင်ရှိပါတယ်။

လက်မအရွယ်အစား စွန်ပလွန်သီးတနေ့ ၁ လုံးစားသုံးခြင်းဖြင့် ကိုယ်ခန္ဓာနေ့စဉ်လုပ်ဆောင်မူ့များအတွက် ခွန်အားဖြစ်ထွန်းစေပါတယ်။သဘာဝအပင်မှာရှိနေစဉ်တွင် အသီးမှာအဝါနုရောင်ဖြစ်ပြီး ချိုမြသောအရသာနှင့်စေးကပ်သောအတွင်းသားတွင်ဖိုက်ဘာအမျှင်ဓါတ်များဖြင့်အစေ့ကိုဖုံးကွယ်ထားပါတယ်။ပျမ်းမျှခြင်းအားဖြင့် စွန်ပလွန်သီး ၁ လုံးတွင် ၂၃ ကယ်လိုရီပါဝင်ပြီး၊ ကိုယ်လက်စထရောလုံးဝ ၁၀၀% ကင်းစင်တာက အံဖွယ်ရာပါဘဲ။

စွန်ပလွံသီးတွင် ပါဝင်သော အာဟာရဓါတ်နှုန်းမှာတော့

Proteins . 2.0

Fats /

Calories . 23.0

Sodium . 4.7

Potassium . 754.0

Calcium . 67.9

Magnesium . 58.9

Copper . 0.21

Iron . 1.61

Phosporus . 638.0

Sulphur . 51.6

Chlorine . 290.0

vitamins A1, B1, B2, B3 and B5

(၁) စွန်ပလွန်သီးသည် ကိုလက်စရောဓာတ်ကို များစွာလျော့ချ ပေးနိုင်သည့် အပြင် အဝလွန်သူများအတွက်လည်း ကောင်းမွန်ပါတယ်။ ဗီတာမင်ဓာတ်ကိုလည်း ကြွယ်ဝစေပါတယ်။

(၂) ဗီတာမင် B1, B2, B3 နှင့် B5 တို့ကြွယ်ဝစေသည့် အပြင် ပရိုတိန်းဓာတ်ကိုလည်း ကြွယ်ဝစေတယ်လို့ ဆိုပါတယ်။ Gym အားကစားသမားများအတွက် (Pre and Post Workout)မကစားခင်နှင့်ကစားပြီးချိန်တွင် အနည်းဆုံး စွန်ပလွန်သီး ၂ လုံးမျှစားသုံးယူသင့်ပါတယ်။ လေ့ကျင့်ခန်းပုံမှန်ပြုနေသူများအတွက် သဘာဝအချိုဓါတ်ပါဝင်တဲ့ စွန်ပလွန်သီးတနေ့ ၃-၄လုံးရဲ့အချိုဓါတ်ဟာ ကျန်းမာရေးအပေါ်သက်ရောက်မူ့များစွာမဖြစ်စေပါဘူး။

(၃) စွန်ပလွန်သီးသည် ခန္ဓာကိုယ်အတွက် လိုအပ်သော စွမ်းအင်ကိုလည်း ပေးပါတယ်။ ဆိတ်၊နွားနို့နှင့် တွဲသောက်ပေးပါ။

(၄) စွန်ပလွန်သီးသည် အာရုံကြောများအတွက်လည်း ကောင်းမွန်ပါတယ်။ စွန်ပလွန်သီးကိုချေမွပြီး ဆိတ်၊နွားနို့ဖြင့် မနက် ၁ ခွက်၊ ည ၁ ခွက် သောက်သုံးခြင်းဖြင့် အံဖွယ်ကာမစွမ်းအားကိုဖြစ်ထွန်းစေပါတယ်။

(၅) သွားများ ဆွေးမြေ့ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

(၆) စွန်ပလွန်သီးကို ရေဖြင့် သောက်ပေးပါက ဝမ်းချုပ်ခြင်းကိုလည်း ကာကွယ်နိုင် ပါတယ်။

(၇) စွန်ပလွန်သီးသည် ကြွက်သားများကို သန်မာစေနိုင်တဲ့ အပြင် ခန္ဓာကိုယ် သွယ်လျစေချင်သူတို့ အတွက် စားသင့်ပါတယ်။

(၈) အရက်ကြောင့် ဖြစ်သော ရောဂါ ခန္ဓာကိုယ်တွင်း ဖြစ်သော ကင်ဆာရောဂါကို ကာကွယ်နိုင်ပါတယ်။

(၉) အမြင်အာရုံကိုလည်း ကြည်လင်စေပါတယ်။

(၁၀) Low blood Pressure သွေးပေါင်ကျခြင်း၊ Paralyisis လေဖြတ်ခြင်း၊ Facial Paralysis မျက်နှာတစ်ခြမ်းလေဖြတ်ခြင်း တို့ကို ကာကွယ်ပေးပါသည်။

Credit to Wsda Dom

Top
//potsaglu.net/4/3018672