ငယ်ငယ်က စနိုင်ကြော် အဖြစ် သရုပ်ဆောင် ခဲ့တာကို ပြန်တွေးရင်း ကြောက်နေတဲ့ စမိုင်းလ်

ချစ်စရာကောင်းတဲ့ အပြုံးလေးရဲ့ ပိုင်ရှင် စမိုင်းလ်က တစ်ခေတ်တစ်ခါတုန်းက ကြော်ငြာတွေ၊ သီချင်း MV တွေမှာ လက်မလည်အောင် သရုပ်ဆောင်ခဲ့ရတဲ့ မင်းသမီးတစ်လက်ပဲ ဖြစ်ပါတယ်။ အသက်အရွယ်ရလာပြီးတဲ့နောက်မှာတော့ စမိုင်းလ်က အနုပညာလုပ်ငန်းတွေထက် မိသားစု အရေးကိစ္စတွေကိုသာ ဦးစားပေးလုပ်ဆောင်နေတာ ဖြစ်ပါတယ်။ စမိုင်းလ်က အလိုလိုက် ဂရုစိုက်လွန်းတဲ့ ခင်ပွန်းနဲ့ ချစ်စရာကောင်းပြီး သိတတ်လိမ္မာတဲ့ သမီးနှစ်ယောက်နဲ့အတူတူ သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ မိသားစုဘဝလေးကို တည်ဆောက် ထားတာ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ စမိုင်းလ်က သူမရဲ့ ငယ်ဘဝ ထဲက အမှတ်တရတစ်ခုဖြစ်တဲ့ သီချင်း MV လေး တစ်ပုဒ်ကို မျှဝေပေးထားပါတယ်။ ထိုသီချင်းလေးက ထွန်းအိန္ဒြာဗိုလ်ရဲ့ “သေခန်းပြတ်ပဲ သူငယ်ချင်း” ဆိုတဲ့ သီချင်းလေးပဲ ဖြစ်ပါတယ်။

ထွန်းအိန္ဒြာဗိုလ်ရဲ့ “သေခန်းပြတ် သူငယ်ချင်း” သီချင်းလေးမှာ စမိုင်းလ်က သူငယ်ချင်း ရဲ့ရည်းစားကို စနိုက်ကြော်တဲ့သူအဖြစ် သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ စမိုင်းလ်က သူမသရုပ်ဆောင်ထားတဲ့ သီချင်းလေးကို ကြည့်ပြီး “စနိုက်ကြော်တာအဲ့တုန်းထဲကရှိတာပဲ.. အမလေးသရုပ်ဆောင်တာပါနော်ဟီးး ကြောက်ထာ” ဆိုပြီး ရယ်စရာလေး ပြောပြထားပါတယ်။

ပရိသတ်တွေအတွက် စမိုင်းလ် ပါဝင်သရုပ်ဆောင်ထားတဲ့ ထွန်းအိန္ဒြာဗိုလ်ရဲ့ “သေခန်းပြတ်ပဲ သူငယ်ချင်း” သီချင်းလေးကို မျှဝေပေးလိုက်ပါတယ်နော်။စမိုင်းလ်ကတော့ ဒီနေ့ခေတ်ရဲ့ အဖြစ်အပျက်တွေကိုတွေးရင်း သူမပါဝင်သရုပ်ဆောင်ထားတဲ့ ထွန်းအိန္ဒြာဗိုလ်ရဲ့ “သေခန်းပြတ်ပဲ သူငယ်ချင်း” သီချင်းလေးကို မျှဝေပေးခဲ့တာ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီး ကိုကျေးဇူးအထူးတင်ရှိပါတယ်။

CRD_Rowena,Source: Smile’s fb