တစ်ဖတ်သတ် ချစ်နေရတဲ့ ကောင်မလေး တစ်ယောက်ကာရိုက်တာ နဲ့ မြင်တွေ့ရမယ့် မြိုင် ….

မြိုင်လို့ လူသိများတဲ့ မေမီကိုကို ကတော့ MRTV-4 ရုပ်သံဇာတ်လမ်းကနေ ပရိသတ်အားပေးမှုကို တခဲနက် ပိုင်ဆိုင်ရရှိထားတဲ့ အနုပညာရှင်တွေထဲက တစ်ယောက် အပါအဝင်ပဲဖြစ်ပါတယ်။ပျားရည်အိုင်ဇာတ်လမ်းတွဲကနေပရိသတ်အားပေးမှုကို စတင်ရရှိခဲ့တဲ့ မင်းသမီး တစ်လက်ဆိုလည်း မမှားပါဘူး။ ဇာတ်လမ်းတွဲတွေကို အကောင်းဆုံးနဲ့ ပီပြင်အောင် သရုပ်ဆောင်နိုင်တာကြောင့် Star Award ဆုကို ထိုက်တန်စွာချီးမြှင့်ခြင်းခံခဲ့ရသူ တစ်ယောက်ပါ။

ယခုနောက်ပိုင်း မှာတော့ မေမီကိုကို ဟာ အနုပညာ အလုပ်တွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေတာဖြစ်ပြီးတော့ ယခု MRTV-4 ရုပ်သံဇာတ်လမ်းတွဲမှာ ပြသနေတဲ့ ကိုလူပျို ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။နောက်ထပ်လည်း ဒီနေ့ ည(၈)နာရီ(၄၀)မိနစ်မှာ ထုတ်လွှင့်ပြသမယ့် “တတိယမြောက် ဆုံမှတ်” ဇာတ်လမ်းတွဲမှာလည်း အဓိက သရုပ်ဆောင်တစ်ယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားသူတစ်ယောက်ပါ။ “တတိယမြောက်ဆုံမှတ်”ဇာတ်လမ်းတွဲလေးမှာတော့မေမီကိုကို အပါအဝင်ပွင့်နဒီမောင်၊ ညီနန္ဒ၊ မြတ်သူသူဇင်၊ ဟိန်းထက်၊ ရှင်မွေလ၊ အင်ကြင်းထူး စသဖြင့်အနုပညာ ရှင်ပေါင်းများစွာ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

မေမီကိုကိုက ဒီဇာတ်လမ်းတွဲလေးမှာ ဒုရဲ့အုပ် ငွေပန်းချီနေရာ ကနေ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီးတော့ လူဆိုးဖမ်းပြီး ရဲအုပ်စေတမာန်ကို တစ်ဖက်သတ်ကြိုက်နေတဲ့ ကောင်မလေးတစ်ယောက်ကာရိုက်တာနဲ့ ပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။”တတိယမြောက်ဆုံမှတ်”ဇာတ်လမ်းတွဲလေးက အက်ရှင် ဇာတ်လမ်းတွဲလေးဖြစ်ပြီး စတင်မရိုက်ကူးခင်ကတည်းက Training ကာလ (၆)လလောက် ပြုလုပ်ပြီးမှ ရိုက်ကူးထားတဲ့ ဇာတ်ကားလေးလို့လည်း သိရပါသေးတယ်။ဆယ်လီကမ္ဘာပရိသတ်ကြီးရေ ဒီနေ့ညနေမှာ ပြသတော့ မယ့် “တတိယမြောက်ဆုံမှတ်”ဇာတ်လမ်းတွဲလေး ကို စောင့်မျှော်ကြည့်ရှူကြမယ် မဟုတ်လား….. .။

crd : celegabar