
ပရိတ္သတ္ႀကီး ထူးၿခားလွတဲ့ ၾသဂုတ္လ (၃၁) လုိ႔ ေျပာရမွာပဲေနာ္။ ဒီေန႔ေလးမွာ ျမန္မာႏုိင္ငံမွာ ရွိတဲ့ နာမည္ႀကီး အႏုပညာရွင္မ်ားရဲ႕ ေန႔ထူးေန႔ျမတ္ေလးေတြ ျဖစ္ၾကပါတယ္။ ပထမဦးဆံုး စေျပာရရင္ေတာ့ ပရဟိတ မင္းသားႀကီး ဦးေက်ာ္သူပါပဲ။ ဒီေန႔ေလးဟာ သ႐ုပ္ေဆာင္/ဒါ႐ိုက္တာ ဦးေက်ာ္သူ နဲ႔ ဇနီး ျမင့္ျမင့္ခင္ေဖ(ေရႊဇီးကြက္) တုိ႔ ဇနီးေမာင္ႏွံ႔ရဲ႕ (၃၈) ႏွစ္ျပည့္ ႏွစ္ပတ္လည္ေလးပါေနာ္။ ဦးေက်ာ္သူတုိ႔ ဒီထက္မက ခ်စ္ခင္ၾကင္နာၾကၿပီး၊ ပရဟိတ လုပ္ငန္းေတြ အမ်ားႀကီးလုပ္ႏုိင္ပါေစေနာ္။
—
ေနာက္တစ္ေယာက္ ဘယ္သူမ်ား ျဖစ္မယ္ထင္သလဲ ပရိတ္သတ္ႀကီး ………။ သူကေတာ့ ပရိတ္သတ္ႀကီးရဲ႕ ခ်စ္စႏုိးနဲ႔ ေခၚတဲ့ မႀကီးစုိး စုိးျမတ္သူဇာ ပါပဲ။ မင္းသမီးႀကီး တစ္ေယာက္အျဖစ္ ရပ္တည္ေနပါတယ္။ အၿမဲတမ္း ၿပံဳးရႊင္ေနၿပီး ခ်စ္စရာ အမႈအရာေတြနဲ႔ ပရိတ္သတ္ႀကီးကုိ ဆဲြေဆာင္ထားႏုိင္သူပါပဲ။
—
အခု ေနာက္တစ္ေယာက္ကေတာ့ ဟာသ သရုပ္ေဆာင္တစ္ေယာက္ …. ဘယ္သူျဖစ္မယ္ထင္လဲ …….။ လူေကာင္ေသးေသးေလးနဲ႔ ဟာသေတြ တအားေျပာတဲ့ မဂြမ္းပါ။ ဒီေန႔ဟာ ခ်စ္စရာ အမႈအရာေလးေတြေၾကာင့္ ပရိတ္သတ္ႀကီးရဲ႕ အသဲစဲြျဖစ္ေနရတဲ့ သ႐ုပ္ေဆာင္ တကၠသိုလ္ ဂြမ္းပံုရဲ႔ ေမြးေန႔ေလးျဖစ္ပါတယ္။ ဆုေတာင္းေပးၾကဦးေနာ္ ပရိတ္သတ္ႀကီး။
—
ေနာက္ဆံုးတစ္ေယာက္ ဘယ္သူလဲဆုိေတာ့က ………။ အားလံုးက ခ်စ္တဲ့ အဆုိေတာ္ ေဒါက္တာေလးပါ။ အသံပါဝါေကာင္းလြန္းလို႔ ႏုိင္ငံျခားက လူေတြေတာင္ ေလးစားရတဲ့ သူတစ္ေယာက္ဆုိလဲ မမွားပါဘူး။ အဂၤလိပ္သီခ်င္းေတြကုိ ပုိင္ႏုိင္စြာ ဆုိႏုိင္ၿပီး၊ လက္ရွိ ဂီတေလာက အေကာင္းဆံုးေသာ ေနရာတစ္ခုကို ပုိင္ဆုိင္ထားတဲ့ ……….. အဆုိေတာ္ နီနီျဖစ္ပါတယ္။ ဒီေန႔ဟာ သူမရဲ႕ ေမြးေန႔ေလးျဖစ္ပါတယ္။
—
ကဲ ပရိတ္သတ္ႀကီးေရ ဦးေက်ာ္သူတုိ႔ရဲ႕ ႏွစ္ပတ္လည္ေန႔လည္းရယ္။ ပရိတ္သတ္ေတြရဲ႕ အခ်စ္ေတာ္ မႀကီးစုိး၊ မဂြမ္း၊ နီနီတုိ႔ရဲ႕ ေမြးေန႔ေလးကုိ ဝုိင္းၿပီး ဆုေတာင္းေပးၾကရေအာင္။ ဒီထက္မက ေအာင္ျမင္ၾကၿပီး၊ ထာဝရေပ်ာ္ရႊင္ၾကပါေစေနာ္။
Writer – ME(ေန႔စဥ္သတင္းႏွင့္သုတရသအျဖာျဖာ)
ယူနီကုဒ်ဖြင့်ဖတ်ရန်
ပရိတ်သတ်ကြီး ထူးခြားလှတဲ့ သြဂုတ်လ (၃၁) လို့ ပြောရမှာပဲနော်။ ဒီနေ့လေးမှာ မြန်မာနိုင်ငံမှာ ရှိတဲ့ နာမည်ကြီး အနုပညာရှင်များရဲ့ နေ့ထူးနေ့မြတ်လေးတွေ ဖြစ်ကြပါတယ်။ ပထမဦးဆုံး စပြောရရင်တော့ ပရဟိတ မင်းသားကြီး ဦးကျော်သူပါပဲ။ ဒီနေ့လေးဟာ သရုပ်ဆောင်/ဒါရိုက်တာ ဦးကျော်သူ နဲ့ ဇနီး မြင့်မြင့်ခင်ဖေ(ရွှေဇီးကွက်) တို့ ဇနီးမောင်နှံ့ရဲ့ (၃၈) နှစ်ပြည့် နှစ်ပတ်လည်လေးပါနော်။ ဦးကျော်သူတို့ ဒီထက်မက ချစ်ခင်ကြင်နာကြပြီး၊ ပရဟိတ လုပ်ငန်းတွေ အများကြီးလုပ်နိုင်ပါစေနော်။
နောက်တစ်ယောက် ဘယ်သူများ ဖြစ်မယ်ထင်သလဲ ပရိတ်သတ်ကြီး ………။ သူကတော့ ပရိတ်သတ်ကြီးရဲ့ ချစ်စနိုးနဲ့ ခေါ်တဲ့ မကြီးစိုး စိုးမြတ်သူဇာ ပါပဲ။ မင်းသမီးကြီး တစ်ယောက်အဖြစ် ရပ်တည်နေပါတယ်။ အမြဲတမ်း ပြုံးရွှင်နေပြီး ချစ်စရာ အမှုအရာတွေနဲ့ ပရိတ်သတ်ကြီးကို ဆွဲဆောင်ထားနိုင်သူပါပဲ။
အခု နောက်တစ်ယောက်ကတော့ ဟာသ သရုပ်ဆောင်တစ်ယောက် …. ဘယ်သူဖြစ်မယ်ထင်လဲ …….။ လူကောင်သေးသေးလေးနဲ့ ဟာသတွေ တအားပြောတဲ့ မဂွမ်းပါ။ ဒီနေ့ဟာ ချစ်စရာ အမှုအရာလေးတွေကြောင့် ပရိတ်သတ်ကြီးရဲ့ အသဲစွဲဖြစ်နေရတဲ့ သရုပ်ဆောင် တက္ကသိုလ် ဂွမ်းပုံရဲ့ မွေးနေ့လေးဖြစ်ပါတယ်။ ဆုတောင်းပေးကြဦးနော် ပရိတ်သတ်ကြီး။
နောက်ဆုံးတစ်ယောက် ဘယ်သူလဲဆိုတော့က ………။ အားလုံးက ချစ်တဲ့ အဆိုတော် ဒေါက်တာလေးပါ။ အသံပါဝါကောင်းလွန်းလို့ နိုင်ငံခြားက လူတွေတောင် လေးစားရတဲ့ သူတစ်ယောက်ဆိုလဲ မမှားပါဘူး။ အင်္ဂလိပ်သီချင်းတွေကို ပိုင်နိုင်စွာ ဆိုနိုင်ပြီး၊ လက်ရှိ ဂီတလောက အကောင်းဆုံးသော နေရာတစ်ခုကို ပိုင်ဆိုင်ထားတဲ့ ……….. အဆိုတော် နီနီဖြစ်ပါတယ်။ ဒီနေ့ဟာ သူမရဲ့ မွေးနေ့လေးဖြစ်ပါတယ်။
ကဲ ပရိတ်သတ်ကြီးရေ ဦးကျော်သူတို့ရဲ့ နှစ်ပတ်လည်နေ့လည်းရယ်။ ပရိတ်သတ်တွေရဲ့ အချစ်တော် မကြီးစိုး၊ မဂွမ်း၊ နီနီတို့ရဲ့ မွေးနေ့လေးကို ဝိုင်းပြီး ဆုတောင်းပေးကြရအောင်။ ဒီထက်မက အောင်မြင်ကြပြီး၊ ထာဝရပျော်ရွှင်ကြပါစေနော်။
Writer – ME(နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ)