ရေဘေးသင့်ပြည်သူများနေအိမ်အထိ ရေထဲဆင်းပြီး တစ်အိမ်တက်ဆင်း လှူဒါန်းခဲ့တဲ့ ခိုင်နှင်းဝေ

အနုပညာလောကမှာလည်း လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ မင်းသမီးချောလေး ခိုင်နှင်းဝေက လူလေးလှသလို စိတ်ထားလေးလည်း လှသူလေးပါ။ ပရဟိတမင်းသမီးလေးလို့ ပရိသတ်တွေက တင်စားကြတဲ့ သရုပ်ဆောင် ခိုင်နှင်းဝေက ခိုင်နှင်းဝေ ပရဟိတလူငယ်များအဖွဲ့တည်ထောင်ထားပြီး လူမှုကူညီရေးလုပ်ငန်းတွေကို လုပ်ကိုင်နေလျက် ရှိပါတယ်။

ပရဟိတ မင်းသမီးလေး ခိုင်နှင်းဝေက သူမရဲ့ ရင်သွေးလေးများဂေဟာကို ဦးစီးနေရသလို လတ်တလောဖြစ်ပေါ်နေတဲ့ ရေဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကိုလည်း စွမ်းစွမ်းတမံ လုပ်ဆောင်နေတာကို တွေ့ရပါတယ်။

မနေ့က သြဂုတ်လ(၃၀)ရက်နေ့မှာတော့ ခိုင်နှင်းဝေက ကျိုက်မရောအရှေ့ဘက်ကမ်း ဖာသိမ်ရွာရှိ ရေဘေးသင့်အိမ်ထောင်တွေအတွက် အသုံးအဆောင်ပစ္စည်းတွေကို လှူဒါန်းခဲ့တာပဲ ဖြစ်ပါတယ်။ အဲ့လို လှူဒါန်းရာမှာ ခိုင်နှင်းဝေက ရေမကျသေးတဲ့ အိမ်တွေထိ သးမကိုယ်တိုင် တစ်အိမ်တက်ဆင်း လှူဒါန်းခဲ့တာပဲ ဖြစ်ပါတယ်။

ခိုင်နှင်းဝေက “အဲ့ဒီရွာကရေတက်တုန်းကဆိုရင်တအိမ်လုံးမြုပ်လို့ရွာလုံးကျွတ်ရွေ့ပြောင်းနေထိုင်ရတာလို့ပြောပါတယ်။ သူတို့တွေနေတဲ့အိမ်ရှေ့မှာလဲရေပြင်,အိမ်အနောက်မှာလဲရေစီးအတော်လေးကြမ်းတဲ့အထ္ထရံမြစ်ရှိနေတာမို့ ဘယ်အချိန်များရေထပ်ကြီးမလဲ,သဘာဝဘေးအန္တရာယ်ဘယ်တော့ခံစားရမလဲစိုးရိမ်ပြီးနေရတဲ့သူတွေပါ။”

“အခုလိုလှူဒါန်းနိုင်အောင်ပါဝင်ကုသိုလ်ယူပေးကြတဲ့အလှူရှင်များကိုလည်းကျေးဇူးတင်ပါတယ်။ နောက်နှစ်တွေမှာထပ်ပြီးရေဘေးဒဏ်မခံစားကြရပါစေနဲ့လို့ဆုတောင်းပေးပါတယ်ရှင် ” ဆိုပြီး ဆုတောင်းပေးထားပါသေးတယ်။

ခိုင်နှင်းဝေကတော့ အပြောနဲ့မဟုတ်ပဲ လက်တွေ့နဲ့ ပရဟိတလုပ်ငန်းတွေကို စွမ်းစွမ်းတမံ လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ခိုင်နှင်းဝေရဲ့ ကုသိုလ်လေးကို သာဓုခေါ်ပေးကြပါဦးနော်။

Rowena
Source: Khine Hnin Wai’s fb