မင္းေမာ္ကြန္းကုိ တံေတြးနဲ႔ ေထြးခဲ့တယ္ဆုိတဲ့ ေအာန္ဆုိင္း

ပုရိသေယာက္်ားေလးေတြရဲ႕ ခ်စ္ျခင္းေမတၱာဝန္းရံျခင္းေတြနဲ႔ လွပတဲ့ခႏၶာကုိယ္ေကာက္ေၾကာင္းအလွအပတုိ႔ေၾကာင့္ မိန္းကေလးေတြကပါ အားေပးဝန္းျခင္းကုိ ခံထားရတဲ့ စူပါေမာ္ဒယ္လ္ေအာ္ဆုိင္းကေတာ့ ႏုိင္ငံႀကီးသား ႐ုပ္႐ွင္ဇာတ္ကားမွာ ႏုိင္ငံေက်ာ္မင္းသား မင္းေမာ္ကြန္းကုိ တံေတြးနဲ႔ေထြးခဲ့တယ္ဆုိတဲ့အေၾကာင္းကုိ Sunday Journal ရဲ႕အင္တာဗ်ဴးတစ္ခုမွေျပာသြားခဲ့ပါတယ္။

ေအာန္ဆုိင္းက “ေအာန္ဆုိင္းတစ္ခါပဲၾကည့္ရေသးတယ္ အရမ္းေပ်ာ္တယ္ မေမ်ာ္လင့္ထားဘူးေပါ့ေနာ္။ အဲ့ေလာက္အထိ ပရိသတ္ေတြ အားေပးလိမ့္မယ္လုိ႔ မထင္ထားဘူးဆုိေတာ့ အရမ္းေပ်ာ္တယ္။ ေက်းဇူးအမ်ားႀကီးတင္တယ္ ၾကည္႐ႈ႕တဲ့သူအားေပးတဲ့သူ တစ္ေယာက္ခ်င္းဆီတုိင္းကုိ။ ေအာ္န္ဆုိိင္းက ကာ႐ုိက္တာကုိ ဝင္ေအာင္ အေကာင္းဆုံး အတတ္ႏုိင္ဆုံး လုပ္ထားတာေပါ့။”လုိ႔ေျပာသြားခဲ့ပါတယ္။

ဆက္လက္ၿပီး ေမာ္ဒယ္လ္လုပ္ရတာနဲ႔ သ႐ုပ္ေဆာက္လုပ္တာ ဘာကြားျခားလဲလုိ႔ေမးျမန္းရာ “ကြာျခားမႈ႐ွိလားဆုိေတာ့ အဲ့ေလာက္ေတာ့မ႐ွိဘူး။ မ႐ွိဘူးဆုိတာ ေမာ္ဒယ္လ္က်ေတာ့ ကုိယ္ဝါသနာပါၿပီး ကုိယ္တန္ဖုိးထားတဲ့ဟာေပါ့ ဟုိဘက္က်ေတာ့ professional မဟုတ္ဘူးဆုိေတာ့ကြၽမ္းက်င္မႈအပုိင္းမွာအားနည္းမယ္ ဒါေပမဲ့ အလုပ္တစ္ခုခ်င္းဆီတုိင္းမွာ စိတ္ထဲေစတနာထည့္ၿပီး လုပ္ရတာပဲဆုိေတာ့ ဘယ္အလုပ္က ပုိေကာင္းတယ္ ဘယ္အလုပ္က ဟုိဟာဆုိၿပီးမ႐ွိဘူး အကုန္လုံးက ကုိယ္တန္ဖုိးထားတဲ့အေပၚမွာပဲ မူတည္တယ္ဆုိေတာ့။

တစ္ခ်ိဳ႕က ေအာန္ဆုိင္းက ေစာယုႏြယ္ေပါ့ေနာ္ အရမ္းအသိအမွတ္ျပဳေပးတယ္။ အရမ္းဝမ္းသာတယ္သိလား။ ေအာန္ဆုိင္း ႐ွဴတင္ပထမဆုံးစ႐ုိက္တဲ့ေန႔ ၿပီးေတာ့ ေဒါသေပါက္ကြဲတဲ့အခန္း ႐ုပ္႐ွင္ၾကည့္တဲ့လူက သိလိမ့္မယ္။ ၿပီးေတာ့ ဝါရင့္သ႐ုပ္ေဆာင္တစ္ေယာက္ႀကီးကုိ တံေတြးတကယ္ေထြးရမယ္ဆုိေတာ့ အားနာရမလား ေထြးရမလားဆုိတာ ကုိယ္ကစဥ္းစားလုိက္တယ္ ေအာန္ဆုိင္း မဟုတ္ဘူး ေစာယုႏြယ္ ၿပီးေတာ့ဒီဇာတ္ကား ထြက္ရင္ ကုိယ္ပဲ ဂြမ္းမွာဆုိေတာ့ေပါ့ေနာ္။ ဒါ႐ုိက္တာေျပာတာကုိ ေသခ်ာလုပ္လုိက္တယ္ ကုိယ္လည္း ေအာန္ဆုိင္းဆုိတာကုိ ေမ့တယ္။ မင္းသားကုိလည္းေျပာလုိက္တယ္ေပါ့ေနာ္။ ေစာရီးဆုိၿပီး ေျပာတဲ့အတုိင္းပဲ mood သြင္းၿပီး လုပ္လုိက္တယ္။ ဒါေပမဲ့ ေတာ္ေတာ္ေတာ့ အားနာၿပီး ခက္ခဲတယ္ေပါ့ေနာ္။ အစပုိင္းစလုပ္တဲ့အခ်ိန္ ေနာက္ဆုံးေတာ့ မဟုတ္ဘူးဒါ ေစာယုႏြယ္ေပါ့ေနာ္။”လုိ႔ေျပာသြားခဲ့ပါတယ္။

CRD-ေျပာခ်င္လြန္းလို႔
UNICODE

ပုရိသယောက်ျားလေးတွေရဲ့ ချစ်ခြင်းမေတ္တာဝန်းရံခြင်းတွေနဲ့ လှပတဲ့ခန္ဓာကိုယ်ကောက်ကြောင်းအလှအပတို့ကြောင့် မိန်းကလေးတွေကပါ အားပေးဝန်းခြင်းကို ခံထားရတဲ့ စူပါမော်ဒယ်လ်အော်ဆိုင်းကတော့ နိုင်ငံကြီးသား ရုပ်ရှင်ဇာတ်ကားမှာ နိုင်ငံကျော်မင်းသား မင်းမော်ကွန်းကို တံတွေးနဲ့ထွေးခဲ့တယ်ဆိုတဲ့အကြောင်းကို Sunday Journal ရဲ့အင်တာဗျူးတစ်ခုမှပြောသွားခဲ့ပါတယ်။

အောန်ဆိုင်းက “အောန်ဆိုင်းတစ်ခါပဲကြည့်ရသေးတယ် အရမ်းပျော်တယ် မမျော်လင့်ထားဘူးပေါ့နော်။ အဲ့လောက်အထိ ပရိသတ်တွေ အားပေးလိမ့်မယ်လို့ မထင်ထားဘူးဆိုတော့ အရမ်းပျော်တယ်။ ကျေးဇူးအများကြီးတင်တယ် ကြည်ရှု့တဲ့သူအားပေးတဲ့သူ တစ်ယောက်ချင်းဆီတိုင်းကို။ အော်န်ဆိုင်းက ကာရိုက်တာကို ဝင်အောင် အကောင်းဆုံး အတတ်နိုင်ဆုံး လုပ်ထားတာပေါ့။”လို့ပြောသွားခဲ့ပါတယ်။

ဆက်လက်ပြီး မော်ဒယ်လ်လုပ်ရတာနဲ့ သရုပ်ဆောက်လုပ်တာ ဘာကွားခြားလဲလို့မေးမြန်းရာ “ကွာခြားမှုရှိလားဆိုတော့ အဲ့လောက်တော့မရှိဘူး။ မရှိဘူးဆိုတာ မော်ဒယ်လ်ကျတော့ ကိုယ်ဝါသနာပါပြီး ကိုယ်တန်ဖိုးထားတဲ့ဟာပေါ့ ဟိုဘက်ကျတော့ professional မဟုတ်ဘူးဆိုတော့ကျွမ်းကျင်မှုအပိုင်းမှာအားနည်းမယ် ဒါပေမဲ့ အလုပ်တစ်ခုချင်းဆီတိုင်းမှာ စိတ်ထဲစေတနာထည့်ပြီး လုပ်ရတာပဲဆိုတော့ ဘယ်အလုပ်က ပိုကောင်းတယ် ဘယ်အလုပ်က ဟိုဟာဆိုပြီးမရှိဘူး အကုန်လုံးက ကိုယ်တန်ဖိုးထားတဲ့အပေါ်မှာပဲ မူတည်တယ်ဆိုတော့။

တစ်ချို့က အောန်ဆိုင်းက စောယုနွယ်ပေါ့နော် အရမ်းအသိအမှတ်ပြုပေးတယ်။ အရမ်းဝမ်းသာတယ်သိလား။ အောန်ဆိုင်း ရှူတင်ပထမဆုံးစရိုက်တဲ့နေ့ ပြီးတော့ ဒေါသပေါက်ကွဲတဲ့အခန်း ရုပ်ရှင်ကြည့်တဲ့လူက သိလိမ့်မယ်။ ပြီးတော့ ဝါရင့်သရုပ်ဆောင်တစ်ယောက်ကြီးကို တံတွေးတကယ်ထွေးရမယ်ဆိုတော့ အားနာရမလား ထွေးရမလားဆိုတာ ကိုယ်ကစဉ်းစားလိုက်တယ် အောန်ဆိုင်း မဟုတ်ဘူး စောယုနွယ် ပြီးတော့ဒီဇာတ်ကား ထွက်ရင် ကိုယ်ပဲ ဂွမ်းမှာဆိုတော့ပေါ့နော်။ ဒါရိုက်တာပြောတာကို သေချာလုပ်လိုက်တယ် ကိုယ်လည်း အောန်ဆိုင်းဆိုတာကို မေ့တယ်။ မင်းသားကိုလည်းပြောလိုက်တယ်ပေါ့နော်။ စောရီးဆိုပြီး ပြောတဲ့အတိုင်းပဲ mood သွင်းပြီး လုပ်လိုက်တယ်။ ဒါပေမဲ့ တော်တော်တော့ အားနာပြီး ခက်ခဲတယ်ပေါ့နော်။ အစပိုင်းစလုပ်တဲ့အချိန် နောက်ဆုံးတော့ မဟုတ်ဘူးဒါ စောယုနွယ်ပေါ့နော်။”လို့ပြောသွားခဲ့ပါတယ်။

CRD-ပြောချင်လွန်းလို့