You are here
Home > Facebook သတင္းစံု > ျမန္မာ အင္တာေနရွင္နယ္ စီးရီးတြင္ သက္ထားသူဇာ ႏိုင္ေျခအဆင့္ (၁) ေနရာတြင္ သတ္မွတ္ခံရ

ျမန္မာ အင္တာေနရွင္နယ္ စီးရီးတြင္ သက္ထားသူဇာ ႏိုင္ေျခအဆင့္ (၁) ေနရာတြင္ သတ္မွတ္ခံရ

ျမန္မာႏိုင္ငံက အိမ္ရွင္အျဖစ္ ပထမဆုံးအႀကိမ္အျဖစ္ လက္ခံက်င္းပမည့္ ျမန္မာ အင္တာေနရွင္နယ္ စီးရီးၿပိဳင္ပြဲတြင္ ျမန္မာႏိုင္ငံက ၾကက္ေတာင္႐ိုက္မယ္သက္ထားသူဇာမွာ ႏိုင္ေျခအဆင့္ (၁) ေနရာ သတ္မွတ္ျခင္းခံထားရသည္။

သက္ထားသူဇာမွာ ယခုၿပိဳင္ပြဲတြင္ ကမာၻ႔အဆင့္ သတ္မွတ္ခ်က္ အျမင့္ဆုံးျဖစ္သည့္အတြက္ ကမာၻ႔ၾကက္ေတာင္အဖြဲ႕ခ်ဳပ္က ယခုၿပိဳင္ပြဲအတြက္ ထုၾတ္ပန္ေပးသည့္ ႏိုင္ေျခအဆင့္ ဇယားတြင္ထိပ္ဆုံးမွ ဦးေဆာင္ႏိုင္ခဲ့ျခင္း ျဖစ္သည္။

“ပထမ စာရင္းေပးထားတုန္းက သူ႔ထက္ အဆင့္သတ္မွတ္ခ်က္ျမင့္တဲ့ အိႏၵိယကစားသမား ပါဝင္ခဲ့လို႔ သူကဒုတိယပဲရခဲ့ပါတယ္။ ဒါေပမဲ့ အခုက်ေတာ့ အဲဒီကစားသမားက ႏုတ္ထြက္ခဲ့လို႔ သက္ထားသူဇာကႏိုင္ေျခ အဆင့္(၁) ေနရာကို ေရာက္သြားပါတယ္။ ကိုယ့္ႏိုင္ငံ၊ ကိုယ့္ပရိသတ္ေရွ႕မွာ ခ်န္ပီယံဆုရယူႏိုင္မယ္လို႔ ယုံၾကည္ပါတယ္” ဟု ျမန္မာႏိုင္ငံ ၾကက္ေတာင္အဖြဲ႕ခ်ဳပ္က အတြင္းေရးမႉး ဦးအယ္လ္ဘရန္မိုင္က ေျပာသည္။

ၿပိဳင္ပြဲကို စက္တင္ဘာ ၁၀ ရက္မွ ၁၅ ရက္အထိ ရန္ကုန္ၿမိဳ႕၊ ၾကက္ေတာင္႐ိုက္ အားကစား အဖြဲ႕ခ်ဳပ္႐ုံးရွိၾကက္ေတာင္အားကစားခန္းမတြင္ က်င္းပမည္ျဖစ္ၿပီး ျမန္မာႏိုင္ငံက ကစားသမား ၁၆ ဦးျဖင့္ ယွဥ္ၿပိဳင္မည္။

ၿပိဳင္ပြဲကို ၾသစေၾတးလ်၊ တ႐ုတ္တိုင္ေပ၊ ဆိုက္ပရပ္စ္၊ အဂၤလန္၊ အင္ဒိုနီးရွား၊ မေလးရွား၊ သီရိလကၤာ၊ ထိုင္း၊ တူရကီ၊ အိႏၵိယႏွင့္ ဥဇဘက္ကစၥတန္ႏိုင္ငံတို႔က ကစားသမား ၁၄၁ ဦး ပါဝင္မည္ျဖစ္သည္။

ၿပိဳင္ပြဲတြင္ အမ်ိဳးသား၊ အမ်ိဳးသမီးတစ္ဦးခ်င္း၊ အမ်ိဳးသားႏွစ္ေယာက္တြဲ၊ အမ်ိဳးသမီးႏွစ္ေယာက္တြဲ၊ အမ်ိဳးသား-အမ်ိဳးသမီး ႏွစ္ေယာက္တြဲၿပိဳင္ပြဲတို႔ကို ထည့္သြင္းထားသည္။

သက္ထားသူဇာသည္ ဒိန္းမတ္ႏိုင္ငံတြင္ သြားေရာက္ ေလ့က်င့္ေနၿပီး စက္တင္ဘာ လဆန္းပိုင္းတြင္မွ ျမန္မာႏိုင္ငံကို ျပန္လည္ေရာက္ရွိ မည္ျဖစ္သည္။

သက္ထားသူဇာသည္ လက္ရွိတြင္ အိုင္ဗရီကို႔စ္၊ ဘီနင္၊ ယူဂႏၶာ၊ ကင္ညာ၊ ေမာရစ္သွ်၊ အီဂ်စ္ ၿပိဳင္ပြဲတို႔တြင္ ဗိုလ္စြဲထားခဲ့ၿပီး ဂရိၿပိဳင္ပြဲတြင္ ဒုတိယရယူႏိုင္ခဲ့သည္။

သက္ထားသူဇာကို ႏိုင္ငံတကာၿပိဳင္ပြဲမ်ား ယွဥ္ၿပိဳင္ရန္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အေမရိကန္ေဒၚလာ ၅,ဝ၀ဝ ကို ၾသဂုတ္ ၂၇ ရက္ကေထာက္ပံ့ေပးခဲ့သည္။

Source: Myanmar Times

Unicode Version

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ပထမဆုံးအကြိမ်အဖြစ် လက်ခံကျင်းပမည့် မြန်မာ အင်တာနေရှင်နယ် စီးရီးပြိုင်ပွဲတွင် မြန်မာနိုင်ငံက ကြက်တောင်ရိုက်မယ်သက်ထားသူဇာမှာ နိုင်ခြေအဆင့် (၁) နေရာ သတ်မှတ်ခြင်းခံထားရသည်။

သက်ထားသူဇာမှာ ယခုပြိုင်ပွဲတွင် ကမ္ဘာ့အဆင့် သတ်မှတ်ချက် အမြင့်ဆုံးဖြစ်သည့်အတွက် ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်က ယခုပြိုင်ပွဲအတွက် ထုြတ်ပန်ပေးသည့် နိုင်ခြေအဆင့် ဇယားတွင်ထိပ်ဆုံးမှ ဦးဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။

“ပထမ စာရင်းပေးထားတုန်းက သူ့ထက် အဆင့်သတ်မှတ်ချက်မြင့်တဲ့ အိန္ဒိယကစားသမား ပါဝင်ခဲ့လို့ သူကဒုတိယပဲရခဲ့ပါတယ်။ ဒါပေမဲ့ အခုကျတော့ အဲဒီကစားသမားက နုတ်ထွက်ခဲ့လို့ သက်ထားသူဇာကနိုင်ခြေ အဆင့်(၁) နေရာကို ရောက်သွားပါတယ်။ ကိုယ့်နိုင်ငံ၊ ကိုယ့်ပရိသတ်ရှေ့မှာ ချန်ပီယံဆုရယူနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု မြန်မာနိုင်ငံ ကြက်တောင်အဖွဲ့ချုပ်က အတွင်းရေးမှူး ဦးအယ်လ်ဘရန်မိုင်က ပြောသည်။

ပြိုင်ပွဲကို စက်တင်ဘာ ၁၀ ရက်မှ ၁၅ ရက်အထိ ရန်ကုန်မြို့၊ ကြက်တောင်ရိုက် အားကစား အဖွဲ့ချုပ်ရုံးရှိကြက်တောင်အားကစားခန်းမတွင် ကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံက ကစားသမား ၁၆ ဦးဖြင့် ယှဉ်ပြိုင်မည်။

ပြိုင်ပွဲကို သြစတြေးလျ၊ တရုတ်တိုင်ပေ၊ ဆိုက်ပရပ်စ်၊ အင်္ဂလန်၊ အင်ဒိုနီးရှား၊ မလေးရှား၊ သီရိလင်္ကာ၊ ထိုင်း၊ တူရကီ၊ အိန္ဒိယနှင့် ဥဇဘက်ကစ္စတန်နိုင်ငံတို့က ကစားသမား ၁၄၁ ဦး ပါဝင်မည်ဖြစ်သည်။

ပြိုင်ပွဲတွင် အမျိုးသား၊ အမျိုးသမီးတစ်ဦးချင်း၊ အမျိုးသားနှစ်ယောက်တွဲ၊ အမျိုးသမီးနှစ်ယောက်တွဲ၊ အမျိုးသား-အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲတို့ကို ထည့်သွင်းထားသည်။

သက်ထားသူဇာသည် ဒိန်းမတ်နိုင်ငံတွင် သွားရောက် လေ့ကျင့်နေပြီး စက်တင်ဘာ လဆန်းပိုင်းတွင်မှ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိ မည်ဖြစ်သည်။

သက်ထားသူဇာသည် လက်ရှိတွင် အိုင်ဗရီကို့စ်၊ ဘီနင်၊ ယူဂန္ဓာ၊ ကင်ညာ၊ မောရစ်သျှ၊ အီဂျစ် ပြိုင်ပွဲတို့တွင် ဗိုလ်စွဲထားခဲ့ပြီး ဂရိပြိုင်ပွဲတွင် ဒုတိယရယူနိုင်ခဲ့သည်။

သက်ထားသူဇာကို နိုင်ငံတကာပြိုင်ပွဲများ ယှဉ်ပြိုင်ရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမေရိကန်ဒေါ်လာ ၅,ဝဝဝ ကို သြဂုတ် ၂၇ ရက်ကထောက်ပံ့ပေးခဲ့သည်။

Source: Myanmar Times

Top
//vaikijie.net/4/3018672