You are here
Home > Facebook သတင္းစံု > ျမန္မာ့ဂုဏ္ေဆာင္ၾကက္ေတာင္မယ္ သက္ထားသူဇာ ဆီးဂိမ္းဝင္ၿပိဳင္မည္

ျမန္မာ့ဂုဏ္ေဆာင္ၾကက္ေတာင္မယ္ သက္ထားသူဇာ ဆီးဂိမ္းဝင္ၿပိဳင္မည္

ျမန္မာ့ဂုဏ္ေဆာင္ ၾကက္ေတာင္မယ္ သက္ထားသူဇာကေတာ့ လာမယ့္ စက္တင္ဘာလ ၁၀ ရက္ေန႔မွာ ျမန္မာနိုင္ငံက အိမ္ရွင္အျဖစ္ က်င္းပမယ့္ အင္တာေနရွင္နယ္ စီးရီးျမန္မာၿပိဳင္ပြဲကို ဝင္ေရာက္ယွဥ္ၿပိဳင္ဖို႔ ရွိေနတယ္လို႔ သိရပါတယ္။

အဲဒီၿပိဳင္ပြဲကို ကမၻာ့ၾကက္ေတာင္အဖြဲ႕ခ်ဳပ္က ႀကီးမွဴးက်င္းပတာျဖစ္ၿပီး၊ စက္တင္ဘာလ ၁၀ ရက္ေန႔ကေန ၁၅ ရက္ေန႔အထိ ယွဥ္ၿပိဳင္ရမွာ ျဖစ္ပါတယ္။

သက္ထားသူဇာအေနနဲ႔ လာမယ့္ႏိုဝင္ဘာမွာ ဖိလစ္ပိုင္မွာက်င္းပမယ့္ ဆီးဂိမ္းကိုလဲ ဝင္ေရာက္ယွဥ္ၿပိဳင္ဖို႔ ရွိေနၿပီး၊ ဆီးဂိမ္းမတိုင္မီ ၿပိဳင္မယ့္ ပြဲစဥ္ေတြနဲ႔ ပတ္သက္ၿပီး သက္ထားသူဇာရဲ႕ ဖခင္ျဖစ္သူက ေျပာပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ သက္ထားသူဇာအေနနဲ႔ စိတ္ပိုင္းဆိုင္ရာအဆင္ျပန္ေျပေနၿပီး၊ ေလ့က်င့္ေရးေတြကို ဆက္လက္လုပ္ေဆာင္ေနၿပီလို႔ ဆိုပါတယ္။

ေနာက္ပြဲစဥ္ေတြမွာေတာ့ သက္ထားသူဇာရဲ႕ ေဘးကေန နည္းျပအေနနဲ႔ေရာ ဖခင္တစ္ေယာက္အေနနဲ႔ပါ လိုက္ပါနိင္ဖို႔ ျပင္ဆင္ထားတယ္လို႔လည္း ေျပာပါတယ္။

လက္ရွိ သက္ထားသူဇာဟာ သူရရွိထားတဲ့ ကမၻာ့အဆင့္ကို ထိန္းထားနိုင္ရင္ေတာ့ လာမယ့္ အိုလံပစ္ပြဲကို ၀င္ေရာက္ယွဥ္ၿပိဳင္နိုင္မယ္လို႔လည္း သိရပါတယ္။

Source: 7daydaily

Unicode Version

မြန်မာ့ဂုဏ်ဆောင် ကြက်တောင်မယ် သက်ထားသူဇာကတော့ လာမယ့် စက်တင်ဘာလ ၁၀ ရက်နေ့မှာ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမယ့် အင်တာနေရှင်နယ် စီးရီးမြန်မာပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရှိနေတယ်လို့ သိရပါတယ်။

အဲဒီပြိုင်ပွဲကို ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်က ကြီးမှူးကျင်းပတာဖြစ်ပြီး၊ စက်တင်ဘာလ ၁၀ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

သက်ထားသူဇာအနေနဲ့ လာမယ့်နိုဝင်ဘာမှာ ဖိလစ်ပိုင်မှာကျင်းပမယ့် ဆီးဂိမ်းကိုလဲ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရှိနေပြီး၊ ဆီးဂိမ်းမတိုင်မီ ပြိုင်မယ့် ပွဲစဉ်တွေနဲ့ ပတ်သက်ပြီး သက်ထားသူဇာရဲ့ ဖခင်ဖြစ်သူက ပြောပါတယ်။

လက်ရှိအချိန်မှာတော့ သက်ထားသူဇာအနေနဲ့ စိတ်ပိုင်းဆိုင်ရာအဆင်ပြန်ပြေနေပြီး၊ လေ့ကျင့်ရေးတွေကို ဆက်လက်လုပ်ဆောင်နေပြီလို့ ဆိုပါတယ်။

နောက်ပွဲစဉ်တွေမှာတော့ သက်ထားသူဇာရဲ့ ဘေးကနေ နည်းပြအနေနဲ့ရော ဖခင်တစ်ယောက်အနေနဲ့ပါ လိုက်ပါနိင်ဖို့ ပြင်ဆင်ထားတယ်လို့လည်း ပြောပါတယ်။

လက်ရှိ သက်ထားသူဇာဟာ သူရရှိထားတဲ့ ကမ္ဘာ့အဆင့်ကို ထိန်းထားနိုင်ရင်တော့ လာမယ့် အိုလံပစ်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နိုင်မယ်လို့လည်း သိရပါတယ်။

Source: 7daydaily

Top
//woafoame.net/4/3018672