ျဖဴေနတဲ့ ဆံပင္ေတြကို တစ္ခါျပန္နက္ေစမယ့္ ေၾကာင္လွ်ာသီးရဲ့ အစြမ္း

ဆံပင္ျဖဴကို ဆိုးေဆးမသံုးပဲ ျပန္မနက္ႏိုင္ဟုထင္ၾကသည္။ ေၾကာင္လွ်ာသီးကို ေပၚေသာရာသီတြင္ႏွစ္လခန္႔ ေန႔စဥ္ျပဳပ္၍ အတို႔အျမႇဳပ္လုပ္၍လည္းေကာင္း ။

ေၾကာ္ခ်က္အျဖစ္လည္းေကာင္း။ မီးဖုတ္ၿပီးၾကက္ဥ ႏွင့္ ေရာေၾကာ္၍လည္းေကာင္း တစ္နည္း နည္းျဖင့္ ေန႔စဥ္စားသံုးေပးလွ်င္ ဆံပင္ျဖဴမ်ားျပန္နက္လာေစနိုင္သည္။

ေၾကာင္လွ်ာပြင့္ေျခာက္မ်ားက္ို ေပါေသာရာသီတြင္ ဝယ္ယူစုေဆာင္းၿပီးစဥ့္အိုးငယ္တြင္သိပ္၍ တစ္ႏွစ္လံုးသိမ္းဆည္းထားနိုင္သည္ ။ အပြင့္ကိုေရေႏြးေဖ်ာ၍သုပ္စားလွ်င္ေလဆက္ေစသည္ဟု ေရွးလူႀကီးမ်ားေျပာသည္။ ေလအားေကာင္းေစသည္။

နားေလထြက္ျခင္း။ နားပင္းျခင္း။ အသက္ႀကီး၍ နားေလးျခင္းမ်ားအတြက္ေကာင္းပါသည္။ (ေသြးတိုး႐ွိသူမ်ားကေတာ့ သတိထားစား၊ေသြးက်ေဆးေသာက္ပါ)

ေဆးက်မ္းမ်ားမွ(အဆို)

၁။ ေၾကာင္လွ်ာသီးကို ၾကက္သားႏွင့္ခ်က္စားပါကပန္း နာ(ရင္ၾကပ္)ေရာဂါေပ်ာက္သည္။

၂။ ငါးရံ ့ျဖင့္ခ်က္စားပါက ကာလဝမ္းေရာဂါေပ်ာက္ဧ။္ အားကိုျဖစ္ေစၿပီးအစာမေၾကဝမ္းပ်က္ေပ်ာက္ဧ။္။

၃။ ပုဇြန္ျဖင့္ခ်က္စားပါက ႏွလံုးေလရိုက္ေရာဂါ။ ႏွလုံး တုန္ရင္တုန္ေရာဂါေပ်ာက္ဧ။္။

၄။ ငါးသေလာက္ျဖင့္ ခ်က္စားပါက အေဖာေရာဂါက်ေစ ၍ႏွလံုးေရာဂါကိုသက္သာေစသည္။

၅။ ငါးေႁမြတိုးႏွင့္ခ်က္စားက ဒူလာေသြးဝမ္း။မီးယပ္ေသြးဝမ္း။ျမင္းသရုိက္(လိပ္ေခါင္း) ေရာဂါတို႔ေပ်ာက္ကင္းေစနိင္ပါသည္။

ေသြးတိုး ႏွင့္ တည့္မတည့္ေမးသူမ်ားအတြက္

၁။အပူေသြးတိုး ႏွင့္

၂။အေအးေသြးတိုး ဟုႏွစ္မ်ိဳး႐ွိသည္။ အလြယ္ေျပာရလ်ွင္ လူပိန္၊မဲမ်ားသည္ အပူေသြးတိုး႐ွိတတ္သည္။ သြက္လက္သည္။ေဒါသႀကီးသည္။ လူျဖဴ၊၀၊စို၊အသားအေရေအးသူမ်ား၊ဇိမ္ခံသူမ်ားတြင္ အေအးေသြးတိုး႐ွိတတ္သည္။ အေအးေသြးတိုးသည္ ဆီးခ်ိဳႏွင့္တြဲျဖစ္တတ္သည္။

ေသြးတိုးသည္. ေလတိုးဟုလည္းယူဆသျဖင့္. (အခါးဟူသမ်ွ၊ေလဓာတ္ႂကြ) အယူအဆအရ … အခါးအရသာ႐ွိေသာအစာမွန္သမ်ွေသြးတိုးႏိုင္သည္။ေၾကာင္လ်ွာသီးသည္ပူခါး ျဖစ္သျဖင့္ အပူေသြးတိုး႐ွိသူမ်ားမသင့္ပါ။

မသင့္ေသာ္လည္း ေဆးဘက္၀င္အျဖစ္အနည္းငယ္ သင့္ရံုစားႏိုင္ပါသည္။ မသကၤာလ်ွင္ေဆးႀကိဳေသာက္ထားပါ။ စာေရးသူကိုယ္တိုင္ေသြးတိုး႐ွိပါသည္။ေၾကာင္လ်ွာပြင့္သုပ္စားၿပီးေခါင္းမၾကည္လ်ွင္ ေ႐ွာက္ရည္ႏွင့္ပ်ားရည္ ေဖ်ာ္ေသာက္ပါသည္။

အေအးေသြးတိုးႏွင့္ဆီးခ်ိဳ႐ွိသူမ်ားမွာ ေၾကာင္လ်ွာႏွင့္တည့္ပါသည္။ အခါးအရသာ ျဖစ္၍ဆီးခ်ိဳေသြးခ်ိဳသမားဓာတ္စာေပးသည္ကို ေတြ႔ဖူးပါသည္။ ကံ၊စိတ္၊ဥတု၊အာဟာရ .. မ်ွတစြာေနထိုင္ စားေသာက္ က်င့္ၾကံ၍ က်န္းမာခ်မ္းသာ ၾကပါေစ။

Unicode

ဆံပင်ဖြူကို ဆိုးဆေးမသုံးပဲ ပြန်မနက်နိုင်ဟုထင်ကြသည်။ ကြောင်လျှာသီးကို ပေါ်သောရာသီတွင်နှစ်လခန့် နေ့စဉ်ပြုပ်၍ အတို့အမြှုပ်လုပ်၍လည်းကောင်း ။

ကြော်ချက်အဖြစ်လည်းကောင်း။ မီးဖုတ်ပြီးကြက်ဥ နှင့် ရောကြော်၍လည်းကောင်း တစ်နည်း နည်းဖြင့် နေ့စဉ်စားသုံးပေးလျှင် ဆံပင်ဖြူများပြန်နက်လာစေနိုင်သည်။

ကြောင်လျှာပွင့်ခြောက်များက်ို ပေါသောရာသီတွင် ဝယ်ယူစုဆောင်းပြီးစဉ့်အိုးငယ်တွင်သိပ်၍ တစ်နှစ်လုံးသိမ်းဆည်းထားနိုင်သည် ။ အပွင့်ကိုရေနွေးဖျော၍သုပ်စားလျှင်လေဆက်စေသည်ဟု ရှေးလူကြီးများပြောသည်။ လေအားကောင်းစေသည်။

နားလေထွက်ခြင်း။ နားပင်းခြင်း။ အသက်ကြီး၍ နားလေးခြင်းများအတွက်ကောင်းပါသည်။ (သွေးတိုးရှိသူများကတော့ သတိထားစား၊သွေးကျဆေးသောက်ပါ)

ဆေးကျမ်းများမှ(အဆို)

၁။ ကြောင်လျှာသီးကို ကြက်သားနှင့်ချက်စားပါကပန်း နာ(ရင်ကြပ်)ရောဂါပျောက်သည်။

၂။ ငါးရံ ့ဖြင့်ချက်စားပါက ကာလဝမ်းရောဂါပျောက်ဧ။် အားကိုဖြစ်စေပြီးအစာမကြေဝမ်းပျက်ပျောက်ဧ။်။

၃။ ပုဇွန်ဖြင့်ချက်စားပါက နှလုံးလေရိုက်ရောဂါ။ နှလုံး တုန်ရင်တုန်ရောဂါပျောက်ဧ။်။

၄။ ငါးသလောက်ဖြင့် ချက်စားပါက အဖောရောဂါကျစေ ၍နှလုံးရောဂါကိုသက်သာစေသည်။

၅။ ငါးမြွေတိုးနှင့်ချက်စားက ဒူလာသွေးဝမ်း။မီးယပ်သွေးဝမ်း။မြင်းသရိုက်(လိပ်ခေါင်း) ရောဂါတို့ပျောက်ကင်းစေနိင်ပါသည်။

သွေးတိုး နှင့် တည့်မတည့်မေးသူများအတွက်

၁။အပူသွေးတိုး နှင့်

၂။အအေးသွေးတိုး ဟုနှစ်မျိုးရှိသည်။ အလွယ်ပြောရလျှင် လူပိန်၊မဲများသည် အပူသွေးတိုးရှိတတ်သည်။ သွက်လက်သည်။ဒေါသကြီးသည်။ လူဖြူ၊၀၊စို၊အသားအရေအေးသူများ၊ဇိမ်ခံသူများတွင် အအေးသွေးတိုးရှိတတ်သည်။ အအေးသွေးတိုးသည် ဆီးချိုနှင့်တွဲဖြစ်တတ်သည်။

သွေးတိုးသည်. လေတိုးဟုလည်းယူဆသဖြင့်. (အခါးဟူသမျှ၊လေဓာတ်ကြွ) အယူအဆအရ … အခါးအရသာရှိသောအစာမှန်သမျှသွေးတိုးနိုင်သည်။ကြောင်လျှာသီးသည်ပူခါး ဖြစ်သဖြင့် အပူသွေးတိုးရှိသူများမသင့်ပါ။

မသင့်သော်လည်း ဆေးဘက်ဝင်အဖြစ်အနည်းငယ် သင့်ရုံစားနိုင်ပါသည်။ မသင်္ကာလျှင်ဆေးကြိုသောက်ထားပါ။ စာရေးသူကိုယ်တိုင်သွေးတိုးရှိပါသည်။ကြောင်လျှာပွင့်သုပ်စားပြီးခေါင်းမကြည်လျှင် ရှောက်ရည်နှင့်ပျားရည် ဖျော်သောက်ပါသည်။

အအေးသွေးတိုးနှင့်ဆီးချိုရှိသူများမှာ ကြောင်လျှာနှင့်တည့်ပါသည်။ အခါးအရသာ ဖြစ်၍ဆီးချိုသွေးချိုသမားဓာတ်စာပေးသည်ကို တွေ့ဖူးပါသည်။ ကံ၊စိတ်၊ဥတု၊အာဟာရ .. မျှတစွာနေထိုင် စားသောက် ကျင့်ကြံ၍ ကျန်းမာချမ်းသာ ကြပါစေ။