သူငယ္ခ်င္း စိုးျမတ္သူဇာအတြက္ ေမြးေန႔ဆုေတာင္းစကား ဆိုလာတဲ့ ျမတ္ေကသီေအာင္

သ႐ုပ္ေဆာင္ ျမတ္ေကသီေအာင္က အရင္တုန္းက ပုံေလးေတြ တင္ၿပီး စိုးျမတ္သူဇာအတြက္ ေမြးေန႔ဆုေတာင္းစကား ေျပာေပးထားတာျဖစ္ပါတယ္။

စိုးျမတ္သူဇာနဲ႔ ျမတ္ေကသီေအာင္တို႔က အရမ္းကို ခ်စ္ၾကတဲ့ သူငယ္ခ်င္း အရင္းေခါက္ေခါက္ႀကီးေတြပါ။ အႏုပညာေလာကထဲမွာ ေအာင္ျမင္တဲ့ သူတို႔ႏွစ္ဦးဟာ ပရိသတ္ေတြရဲ႕ အားေပးမႈကို ရရွိထားသူေတြလည္း ျဖစ္ပါတယ္။ ဒီေန႔မွာ က်ေရာက္တဲ့ စိုးျမတ္သူဇာရဲ႕ အသက္(၄၈)ႏွစ္ျပည့္ ေမြးေန႔အတြက္ ျမတ္ေကသီေအာင္က ယခုလို ေမြးေန႔ဆုေတာင္းစကား ေျပာခဲ့တာပါ။

“Happy birthday ခ်စ္သူငယ္ခ်င္းစိုးစိုးမေတြ႕ျဖစ္တဲ့အခ်ိန္ေတြသာၾကာခ်င္ ၾကာမယ္ ဓာတ္ပုံေတြကေတာ့ ငါတို႔ ဘယ္ေလာက္ခ်စ္ခဲ့ၾကသလဲဆို အၿမဲေျပာေနပါတယ္။ ေမြးေန႔မႈစ က်န္းမားေရးေကာင္းၿပီး ဝင္ေငြေတြမရပ္ပဲ အလုပ္ေတြလုပ္နိင္ပါေစ။နင့္သူငယ္ခ်င္း KK “ ဆိုၿပီး ျမတ္ေကသီေအာင္ရဲ႕ ေဖ့စ္ဘြတ္မွာ ၾသဂုတ္လ(၃၁) ရက္ေန႔က တင္ခဲ့တာ ျဖစ္ပါတယ္။

ျမတ္ေကသီေအာင္ရဲ႕ ေမြးေန႔ဆုေတာင္းစကားေျပာထားတဲ့ Status ေအာက္မွာလည္း စိုးျမတ္သူဇာက ““ေအးပါ အခ်စ္ဆုံးေရ””ဆိုၿပီး ျပန္ၿပီး မွတ္ခ်က္ေပးထားပါေသးတယ္။

ျမတ္ေကသီေအာင္နဲ႔ စိုးျမတ္သူဇာတို႔ဟာ အသက္ ၁၈ ႏွစ္အ႐ြယ္က စၿပီး အႏုပညာအလုပ္ေတြ လုပ္ရင္းနဲ႔ ခင္မင္ရင္းႏွီး လာၾကတယ္တာ ျဖစ္ပါတယ္။

ျမတ္ေကသီေအာင္က သူငယ္ခ်င္းရဲ႕ ေမြးေန႔တိုင္းမွာ လက္ေဆာင္မေပးျဖစ္သလို စိုးျမတ္သူဇာကလည္း သူမေမြးေန႔ေတြမွာ လက္ေဆာင္ေပးေလ့မရွိဘူးလို႔ ၂၀၁၈ခုႏွစ္က စိုးျမတ္သူဇာရဲ႕ ေမြးေန႔ပြဲမွာ ေျပာျပခဲ့ဖူးပါတယ္။

” သူနဲ႔ သူငယ္ခ်င္းျဖစ္တာ ၁၈ ႏွစ္ကတည္းကဆိုေတာ့ အႏွစ္ ၃၀ ေလာက္ရွိၿပီေပါ့ေနာ္။ သူ႔ကို ေမြးေန႔ လက္ေဆာင္ တစ္ႏွစ္မွ မေပးျဖစ္ဘူး။ ေမြးေန႔ လက္ေဆာင္ ေပးစရာမွ မလိုတာ သူငယ္ခ်င္းအရင္းေခါက္ေခါက္ကိုး။ သူကလည္း အစ္မကို တစ္ႏွစ္မွ ေမြးေန႔ လက္ေဆာင္ မေပး ဖူးဘူး။ ဒါေပမယ့္ ဘယ္သြားသြား ဘယ္လာလာ အထူးအဆန္းေလးေတြ ေတြ႕လို႔ သူႀကိဳက္တတ္တာရွိရင္ ကိုယ္ဝယ္လာေပးတယ္။ သူလည္း ကိုယ္ႀကိဳက္တတ္မယ္ ထင္တဲ့ ပစၥည္းေလးေတြဆို ပို႔ေပးတယ္”လို႔ ဆိုပါတယ္။

ျမတ္ေကသီေအာင္ ဟာ အခုလက္ရွိမွာေတာ့ အႏုပညာအလုပ္ေတြ သိပ္မလုပ္ျဖစ္ေတာ့ပါဘူး။ သူ႔အေနနဲ႔ ကိုယ္ပိုင္စီးပြားေရးအလုပ္ကိုဘဲ ဦးစားေပးေဆာင္႐ြက္ေနတာကို ေတြ႕ရပါတယ္။ ျမတ္ေကသီေအာင္ ဟာ ၾကည္လင္ေအးျမတဲ့ မ်က္ႏွာ ေလးနဲ႔ ပရိသတ္ရဲ႕အခ်စ္ေတြကို ရယူထားတဲ့ အႏုပညာရွင္ တစ္ေယာက္ ျဖစ္ပါတယ္။ စိတ္သေဘာထား ျပည့္ဝသူ၊ ပြင့္လင္းသူျဖစ္တဲ့သူမဟာ အႏုပညာအလုပ္ေတြ မလုပ္ျဖစ္ေတာ့ေပမဲ့ အခုထိ ပရိသတ္အားေပးမႈကို ရရွိထား တုန္းပါပဲ။

CRD-Duwun
UNICODE

သရုပ်ဆောင် မြတ်ကေသီအောင်က အရင်တုန်းက ပုံလေးတွေ တင်ပြီး စိုးမြတ်သူဇာအတွက် မွေးနေ့ဆုတောင်းစကား ပြောပေးထားတာဖြစ်ပါတယ်။

စိုးမြတ်သူဇာနဲ့ မြတ်ကေသီအောင်တို့က အရမ်းကို ချစ်ကြတဲ့ သူငယ်ချင်း အရင်းခေါက်ခေါက်ကြီးတွေပါ။ အနုပညာလောကထဲမှာ အောင်မြင်တဲ့ သူတို့နှစ်ဦးဟာ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားသူတွေလည်း ဖြစ်ပါတယ်။ ဒီနေ့မှာ ကျရောက်တဲ့ စိုးမြတ်သူဇာရဲ့ အသက်(၄၈)နှစ်ပြည့် မွေးနေ့အတွက် မြတ်ကေသီအောင်က ယခုလို မွေးနေ့ဆုတောင်းစကား ပြောခဲ့တာပါ။

“Happy birthday ချစ်သူငယ်ချင်းစိုးစိုးမတွေ့ဖြစ်တဲ့အချိန်တွေသာကြာချင် ကြာမယ် ဓာတ်ပုံတွေကတော့ ငါတို့ ဘယ်လောက်ချစ်ခဲ့ကြသလဲဆို အမြဲပြောနေပါတယ်။ မွေးနေ့မှုစ ကျန်းမားရေးကောင်းပြီး ဝင်ငွေတွေမရပ်ပဲ အလုပ်တွေလုပ်နိင်ပါစေ။နင့်သူငယ်ချင်း KK “ ဆိုပြီး မြတ်ကေသီအောင်ရဲ့ ဖေ့စ်ဘွတ်မှာ သြဂုတ်လ(၃၁) ရက်နေ့က တင်ခဲ့တာ ဖြစ်ပါတယ်။

မြတ်ကေသီအောင်ရဲ့ မွေးနေ့ဆုတောင်းစကားပြောထားတဲ့ Status အောက်မှာလည်း စိုးမြတ်သူဇာက ““အေးပါ အချစ်ဆုံးရေ””ဆိုပြီး ပြန်ပြီး မှတ်ချက်ပေးထားပါသေးတယ်။

မြတ်ကေသီအောင်နဲ့ စိုးမြတ်သူဇာတို့ဟာ အသက် ၁၈ နှစ်အရွယ်က စပြီး အနုပညာအလုပ်တွေ လုပ်ရင်းနဲ့ ခင်မင်ရင်းနှီး လာကြတယ်တာ ဖြစ်ပါတယ်။

မြတ်ကေသီအောင်က သူငယ်ချင်းရဲ့ မွေးနေ့တိုင်းမှာ လက်ဆောင်မပေးဖြစ်သလို စိုးမြတ်သူဇာကလည်း သူမမွေးနေ့တွေမှာ လက်ဆောင်ပေးလေ့မရှိဘူးလို့ ၂၀၁၈ခုနှစ်က စိုးမြတ်သူဇာရဲ့ မွေးနေ့ပွဲမှာ ပြောပြခဲ့ဖူးပါတယ်။

” သူနဲ့ သူငယ်ချင်းဖြစ်တာ ၁၈ နှစ်ကတည်းကဆိုတော့ အနှစ် ၃၀ လောက်ရှိပြီပေါ့နော်။ သူ့ကို မွေးနေ့ လက်ဆောင် တစ်နှစ်မှ မပေးဖြစ်ဘူး။ မွေးနေ့ လက်ဆောင် ပေးစရာမှ မလိုတာ သူငယ်ချင်းအရင်းခေါက်ခေါက်ကိုး။ သူကလည်း အစ်မကို တစ်နှစ်မှ မွေးနေ့ လက်ဆောင် မပေး ဖူးဘူး။ ဒါပေမယ့် ဘယ်သွားသွား ဘယ်လာလာ အထူးအဆန်းလေးတွေ တွေ့လို့ သူကြိုက်တတ်တာရှိရင် ကိုယ်ဝယ်လာပေးတယ်။ သူလည်း ကိုယ်ကြိုက်တတ်မယ် ထင်တဲ့ ပစ္စည်းလေးတွေဆို ပို့ပေးတယ်”လို့ ဆိုပါတယ်။

မြတ်ကေသီအောင် ဟာ အခုလက်ရှိမှာတော့ အနုပညာအလုပ်တွေ သိပ်မလုပ်ဖြစ်တော့ပါဘူး။ သူ့အနေနဲ့ ကိုယ်ပိုင်စီးပွားရေးအလုပ်ကိုဘဲ ဦးစားပေးဆောင်ရွက်နေတာကို တွေ့ရပါတယ်။ မြတ်ကေသီအောင် ဟာ ကြည်လင်အေးမြတဲ့ မျက်နှာ လေးနဲ့ ပရိသတ်ရဲ့အချစ်တွေကို ရယူထားတဲ့ အနုပညာရှင် တစ်ယောက် ဖြစ်ပါတယ်။ စိတ်သဘောထား ပြည့်ဝသူ၊ ပွင့်လင်းသူဖြစ်တဲ့သူမဟာ အနုပညာအလုပ်တွေ မလုပ်ဖြစ်တော့ပေမဲ့ အခုထိ ပရိသတ်အားပေးမှုကို ရရှိထား တုန်းပါပဲ။

CRD-Duwun