သင္တို ့မသိေသးတဲ့ ဒူးနာ၊ ခါးနာေပ်က္ကင္းေစမည့္ သဘာ၀ေဆးနည္း

က်ေနာ္ အားကစားလုပ္ရင္း ခါးနာတဲ့ ဒဏ္ရာကို ရခဲ့ပါတယ္။ လိမ္းေဆးမ်ိဳးစံုလိမ္းၾကည့္ခဲ့တယ္။ အႏိွပ္သည္မ်ားနဲ ့လည္း ကုသခဲ့ပါတယ္။ မေပ်က္ေသးလို့ အဘၾကီးတစ္ေယာက္က သူသိထားတဲ့ ေဆးနည္းကို စမ္းၾကည့္ဖို ့ ေျပာလာတာနဲ့ စမ္းၾကည့္လိုက္တာ တကယ္လက္ေတြ ့ေပ်ာက္ကင္းခဲ့ပါတယ္။

သူငယ္ခ်င္းတစ္ေယာက္ကလည္း ဒူးနာလို ့ဒီေဆးနည္းကို စမ္းၾကည့္လိုက္တာ တကယ္ေပ်ာက္သြားလို့ ေက်းဇူးတင္ေၾကာင္း ေျပာပါတယ္။ ဒါ့ေၾကာင့္ ဒီေဆးနည္းေလးကို က်န္းမာေရးသတင္းမ်ားကေန အမ်ားသိေအာင္ မွ်ေ၀ေပးေစခ်င္ပါတယ္။

ေဆးနည္းကေတာ့-

၁။ သေဘၤာသီးအစိမ္းတစ္လံုးကို ထိပ္ပိုင္းေနရာမွ ၾကက္ဥတစ္လံုးစာခန့္ ပိုင္းျဖတ္လိုက္ပါ။ အတြင္းမွ အေစ့မ်ားကိုလည္း မထုတ္ပဲ ထားပါ။

၂။ ၾကက္ဥကို အလံုးလိုက္ ထည့္လိုက္ပါ။ (သဘာ၀ၾကက္ဥ၊ ေတာၾကက္ဥ ဆိုလွ်င္ ပိုေကာင္းပါသည္)

၃။ ပိုင္းျဖတ္ထားသည့္ အပိုင္းျဖင့္ ျပန္အုပ္လိုက္ပါ။ သူ့အေစးႏွင့္သူ ျပန္ကပ္ပါသည္။ ပိုျပီး စိတ္ခ်ခ်င္လွ်င္ ရြံ ့ေစးမ်ားျဖင့္ အုပ္ေပးထားႏုိင္ပါသည္။

၄။ ၄င္းသေဘၤာသီးကို မီးဖိုထဲမွာ မီးဖုတ္ေပးပါ။ ေပ်ာ့အိျပီး အတြင္းမွ ၾကက္ဥ က်က္သြားသည့္အထိ ဖုတ္ပါ။

၅။ ျပီးလွ်င္ အခြံကို ခြါခ်လိုက္ျပီး အတြင္းမွ ၾကက္ဥကို စားရမွာျဖစ္ပါတယ္။ သေဘၤာသီးကိုေတာ့ စားစရာမလိုပါ။ တစ္ပတ္ကို (၁)ၾကိမ္နဲ့ (၃)ပတ္ခန့္ စားေပးပါက ဒူးနာ၊ ခါးနာမ်ား သက္သာေပ်ာက္ကင္းသြားပါလိမ့္မယ္။

အစာလည္းေဆး၊ ေဆးလည္းအစာဆိုသလို လက္ေတြ့ေပ်က္ကင္းႏိုင္သည့္ သဘာ၀ကုထံုး ေဆးနည္းေလးမို ့ ျပန္လည္မွ်ေ၀ေပးလိုက္ရပါတယ္။

Unicode

ကျနော် အားကစားလုပ်ရင်း ခါးနာတဲ့ ဒဏ်ရာကို ရခဲ့ပါတယ်။ လိမ်းဆေးမျိုးစုံလိမ်းကြည့်ခဲ့တယ်။ အနှိပ်သည်များနဲ ့လည်း ကုသခဲ့ပါတယ်။ မပျေက်သေးလို့ အဘကြီးတစ်ယောက်က သူသိထားတဲ့ ဆေးနည်းကို စမ်းကြည့်ဖို ့ ပြောလာတာနဲ့ စမ်းကြည့်လိုက်တာ တကယ်လက်တွေ ့ပျောက်ကင်းခဲ့ပါတယ်။

သူငယ်ချင်းတစ်ယောက်ကလည်း ဒူးနာလို ့ဒီဆေးနည်းကို စမ်းကြည့်လိုက်တာ တကယ်ပျောက်သွားလို့ ကျေးဇူးတင်ကြောင်း ပြောပါတယ်။ ဒါ့ကြောင့် ဒီဆေးနည်းလေးကို ကျန်းမာရေးသတင်းများကနေ အများသိအောင် မျှဝေပေးစေချင်ပါတယ်။

ဆေးနည်းကတော့-

၁။ သင်္ဘောသီးအစိမ်းတစ်လုံးကို ထိပ်ပိုင်းနေရာမှ ကြက်ဥတစ်လုံးစာခန့် ပိုင်းဖြတ်လိုက်ပါ။ အတွင်းမှ အစေ့များကိုလည်း မထုတ်ပဲ ထားပါ။

၂။ ကြက်ဥကို အလုံးလိုက် ထည့်လိုက်ပါ။ (သဘာဝကြက်ဥ၊ တောကြက်ဥ ဆိုလျှင် ပိုကောင်းပါသည်)

၃။ ပိုင်းဖြတ်ထားသည့် အပိုင်းဖြင့် ပြန်အုပ်လိုက်ပါ။ သူ့အစေးနှင့်သူ ပြန်ကပ်ပါသည်။ ပိုပြီး စိတ်ချချင်လျှင် ရွံ ့စေးများဖြင့် အုပ်ပေးထားနိုင်ပါသည်။

၄။ ၄င်းသင်္ဘောသီးကို မီးဖိုထဲမှာ မီးဖုတ်ပေးပါ။ ပျော့အိပြီး အတွင်းမှ ကြက်ဥ ကျက်သွားသည့်အထိ ဖုတ်ပါ။

၅။ ပြီးလျှင် အခွံကို ခွါချလိုက်ပြီး အတွင်းမှ ကြက်ဥကို စားရမှာဖြစ်ပါတယ်။ သင်္ဘောသီးကိုတော့ စားစရာမလိုပါ။ တစ်ပတ်ကို (၁)ကြိမ်နဲ့ (၃)ပတ်ခန့် စားပေးပါက ဒူးနာ၊ ခါးနာများ သက်သာပျောက်ကင်းသွားပါလိမ့်မယ်။

အစာလည်းဆေး၊ ဆေးလည်းအစာဆိုသလို လက်တွေ့ပျေက်ကင်းနိုင်သည့် သဘာဝကုထုံး ဆေးနည်းလေးမို ့ ပြန်လည်မျှဝေပေးလိုက်ရပါတယ်။