ထိုင်းရိုးရာဝတ်စုံတွေနဲ့ထူးထူးခြားခြားလိုက်ဖက်လွန်းတဲ့ ထိုင်းမင်းသမီးချော(၅)ဦး

ထိုင်းမင်းသမီးတွေဟာ မြန်မာနိုင်ငံကပရိသတ်တွေနဲ့မစိမ်းလှပါဘူး။ ရုပ်သံဇာတ်လမ်းတွဲတွေမှာနာမည်ကြီးတဲ့မင်းသမီးတွေရှိသလို ဇာတ်ကားတွေမှာပရိသတ်အကြိုက်တွေ့ရတဲ့ သူတွေလည်းရှိပါတယ်။ ထိုင်းနိုင်ငံရဲ့နာမည်ကြီးမင်းသမီးတွေဖြစ်သလို အလှပဂေးတွေအဖြစ်သတ်မှတ်ခံရတဲ့ မင်းသမီးတချို့ကတော့ ထိုင်းရိုးရာဝတ်စုံနဲ့အထူးလိုက်ဖက်တဲ့သူတွေပါ။သူမတို့တွေကတော့
Bella Ranee

ထိုင်းနိုင်ငံရဲ့ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်တဲ့ သူမကတော့မြန်မာပရိသတ်တွေနဲ့ မစိမ်းလှပါဘူး။ပြီးပြည့်စုံတဲ့အလှကိုပိုင်ဆိုင်ထားတာကြောင့် ရိုးရာဝတ်စုံကိုဝတ်ဆင်တဲ့အခါမှာလည်း လှပနေတာဖြစ်ပါတယ်။

Yaya Urassaya

Yaya ဟာ လည်း မြန်မာပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုများစွာရရှိထားတဲ့မင်းသမီးတစ်လက်ပါ။ မောဒယ်၊သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ Yaya ဟာ ထိုင်းရိုးရာဝတ်စုံနဲ့ဆိုရင်လည်းပြောစမှတ်တွင်လောက်အောင်လိုက်ဖက်လွန်းတဲ့သူပါ။
Baifern Pimchanok

ချစ်စရာကောင်းတဲ့အလှပိုင်ရှင်လေး Baifern Pimchanok ကတော့ လက်ရှိအချိန်မှာနာမည်ကြီးနေတဲ့ “Friendzone” ဇာတ်ကားထဲကမင်းသမီးလေးဖြစ်ပါတယ်။ Baifernရဲ့အလှဟာ ရိုးရာဝတ်စုံနဲ့ဆိုရင်ပိုမိုတောက်ပနေတယ်ဆိုတာငြင်းမရပါဘူးနော်။
Kimmy Kimberley

Kimmy ဟာ ထိုင်းရုပ်သံဇာတ်လမ်းတွဲများစွာမှာပါဝင်ပြီး ပြည်တွင်းပြည်ပ ပရိသတ်များစွာရရှိထားသူပါ။အလှပဂေးတစ်ယောက်ဖြစ်တဲ့သူမဟာလည်း ထိုင်းရိုးရာဝတ်စုံနဲ့အထူးလိုက်ဖက်လွန်းသူပါ။
Mai Davika

မြန်မာပရိသတ်တွေရဲ့အချစ်တော် Peek Mak မင်းသမီးလေးဟာ အမိုက်စားစတိုင်နဲ့ဆွဲဆောင်မှုအပြည့်ရှိတဲ့သူတစ်ယောက်ပါ။ခေတ်ပေါ်အ၀တ်အစားတွေနဲ့လှရက်လွန်းတဲ့သူမဟာ ရိုးရာဝတ်စုံနဲ့ဆိုရင်လည်း ဆွဲဆောင်မှုရှိလွန်းသူပါပဲ။