
ၾသဂုတ္လ (၃၀) ရက္ေန႔က အဆက္မျပတ္ရြာသြန္းခဲ့တဲ့မိုးေၾကာင့္ ေမာ္လျမိဳင္မွာ ဒုတိယအၾကိမ္ ထပ္မံျပီး ေရၾကီးေနတယ္ နယ္ေျမခံသတင္းမ်ားအရ သိရ
ပါတယ္။ ယခုလို ဒုတိယအၾကိမ္ ေရၾကီးမႈေၾကာင့္ အနိမ့္ပိုင္းေနတဲ့သူေတြက ဘုန္းေတာ္ၾကီးေက်ာင္းေတြကို သြားျပီး ေရေဘးခိုလံႈေနၾကရတယ္လို႔ သိရပါတယ္။
ဒုတိယအၾကိမ္ျဖစ္တာေၾကာင့္ လူေတြက အႏၱရာယ္ကို သိေနၾကျပီး ေရတက္တာနဲ႔ ဘုန္းေတာ္ၾကီးေက်ာင္းကို သြားေနၾကတယ္လို႔ သိရပါတယ္။ ျပီးခဲ့တဲ့
ပထမအၾကိမ္ေရၾကီးတုန္းကေတာ့ ညဘက္ၾကီး ေရတက္လာတာမို႔ ဘာမွ ျပင္ဆင္ခ်ိန္မရပဲ အေတာ္ေလး ဒုကၡေရာက္ၾကတယ္လုိ႔ သိရပါတယ္။
အခုကေတာ့ ေန႔လည္ဘက္ လူျမင္ခ်ိန္မွာ ေရတက္လာတာဆိုေတာ့ ေရတက္လာတာနဲ႔ လူေတြက ေရြ႕ေျပာင္းခဲ့ၾကလို႔ ပထမအၾကိမ္ေလာက္ေတာ့ ထိခိုက္ဒဏ္
ရာ ရမႈ မရွိဘူးလို႔ သိရပါတယ္။
အခုတစ္ခါ ေရၾကီးမႈေၾကာင့္ ေဇယ်ာျမိဳင္ ၊ သီရိျမိဳင္နဲ႔ သာယာေအးဘက္ တျခမ္းက ေရေဘးေရွာင္ ဦးေရ (၄၀၀)ေလာက္ေတာ့ ဘုန္းေတာ္ၾကီးေက်ာင္းမွာ
ေျပာင္းေရြ႕ေနၾကတယ္လို႔ နယ္ေျမခံသတင္းမ်ားအရ သိရွိရပါတယ္ ခင္ဗ်ာ..။
Writer- SMT(ေန႔စဥ္သတင္းနွင့္သုတရသအျဖာျဖာ)
Unicode Version
သြဂုတ်လ (၃၀) ရက်နေ့က အဆက်မပြတ်ရွာသွန်းခဲ့တဲ့မိုးကြောင့် မော်လမြိုင်မှာ ဒုတိယအကြိမ် ထပ်မံပြီး ရေကြီးနေတယ် နယ်မြေခံသတင်းများအရ သိရ
ပါတယ်။ ယခုလို ဒုတိယအကြိမ် ရေကြီးမှုကြောင့် အနိမ့်ပိုင်းနေတဲ့သူတွေက ဘုန်းတော်ကြီးကျောင်းတွေကို သွားပြီး ရေဘေးခိုလှုံနေကြရတယ်လို့ သိရပါတယ်။
ဒုတိယအကြိမ်ဖြစ်တာကြောင့် လူတွေက အန္တရာယ်ကို သိနေကြပြီး ရေတက်တာနဲ့ ဘုန်းတော်ကြီးကျောင်းကို သွားနေကြတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့
ပထမအကြိမ်ရေကြီးတုန်းကတော့ ညဘက်ကြီး ရေတက်လာတာမို့ ဘာမှ ပြင်ဆင်ချိန်မရပဲ အတော်လေး ဒုက္ခရောက်ကြတယ်လို့ သိရပါတယ်။
အခုကတော့ နေ့လည်ဘက် လူမြင်ချိန်မှာ ရေတက်လာတာဆိုတော့ ရေတက်လာတာနဲ့ လူတွေက ရွေ့ပြောင်းခဲ့ကြလို့ ပထမအကြိမ်လောက်တော့ ထိခိုက်ဒဏ်
ရာ ရမှု မရှိဘူးလို့ သိရပါတယ်။
အခုတစ်ခါ ရေကြီးမှုကြောင့် ဇေယျာမြိုင် ၊ သီရိမြိုင်နဲ့ သာယာအေးဘက် တခြမ်းက ရေဘေးရှောင် ဦးရေ (၄၀၀)လောက်တော့ ဘုန်းတော်ကြီးကျောင်းမှာ
ပြောင်းရွေ့နေကြတယ်လို့ နယ်မြေခံသတင်းများအရ သိရှိရပါတယ် ခင်ဗျာ..။
Writer- SMT(နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ)