



သူများချွေးနည်းစာကို လွယ်လွယ်နဲ့ အလကားယူချင်တဲ့ အောက်တန်းကျတဲ့စိတ်ဓာတ်ပိုင်ရှင်း ၄င်းအမျိုးသမီးအား သိတဲ့သူရှိရင် အများသိအောင် ဖော်ထုတ်ပေးကြပါ မကောင်းမှုတို့မည်သည် ဆိပ်ကွယ်ရာမရှိပါဘ ကိုရီးယားမှာတော့ အမှုဖွင့်ထားတယ်လို့သိရ။

Unicode ဖြင့်ဖတ်ပါ

ကိုရီးယားရောက် မြန်မာတွေဆီကနေ သိန်း (၇၀၀) ကျော် လိမ်သွားတဲ့ အမျိုးသမီး ကိုရီးယားရောက် မြန်မာလူမျိုးများ အထူး သတိထားကြပါ။ တရားဝင် ငွေလွှဲလုပ်ငန်းကနေပဲ ငွေလွှဲကြပါ။ ဒီလိုမျိုး အဖြစ်အပျက်တွေ စင်ကာပူ၊ မလေးရှား စတဲ့ နိုင်ငံတွေမှာလည်း ဖြစ်ပြီးသွားပါပြီ။ ပိုပေးတဲ့ ပိုက်ဆံလေး နည်းနည်းလောက်ကို အထင်မကြီးပါနဲ့။ ကိုယ့်ရှာထားတဲ့ ချွေးနည်းစာ ပိုက်ဆံလေးတွေ ပါသွားတာ အားလုံးအတွက် ဝမ်းနည်းစရာပါ။ နောက်တကြိမ် အဲဒီလို မဖြစ်အောင် ဂရုပြုကြပါဦးခင်ဗျာ။

အထူးသတင်းပါ ဒီနေ့ ကိုရီးယားရောက်မြန်မာတွေကြားမှာ အဟော့ဆုံးသတင်းတစ်ခုပါ။ကိုရီးယား ဆိုက်ဘာရဲတွေပါ အလုပ်တွေရှုပ်နေကြပါပြီ ဖြစ်စဉ်က ပုံပါ အမျိုးသမီးဟာ ကိုရီးယား ရောက်မြန်မာတွေအတွက် အွန်လိုင်းကနေ ငွေလွှဲဝန်ဆောင်မှု လုပ်နေတယ်လို့သိရပြီး ဒီနေ့မှာတော့ (ဖြစ်စဉ်ကဘယ်နေ့ကလဲတော့ အတိအကျမသိ ဒီနေ့မှသတင်းတက်လာ)ငွေလွှဲသူတွေထံမှ သိန်း(၇၀၀)ကျော် လိမ်လည်သွားတယ်လို့ သိရပါတယ်။ဒီအမျိုးသမီးဟာ အခြားငွေလွှဲပွဲစားတွေထက် ငွေဈေးပိုပေးတယ်လို့သိရပြီး အခုလိုငွေအလုံးအရင်းရမှ လိမ်သွားတာဖြစ်ပါတယ်။

ညီအစ်ကိုတစ်ယောက်ဆိုရင် သိန်း(၁၇၀)အလိမ်ခံရတယ်လို့သိရပါတယ် သူ့ဆီကို ငွေလွှဲအပြီးမှာ viber ကနေ blockသွားတယ်လို့ သိရပါတယ် ။ လက်ရှိ ဒီအမျိုးသမီးဟာ ကိုရီးယားမှာရှိမနေပဲ မြန်မာနိုင်ငံအတွင်းမှာရှိနေတယ်လို့ သတင်းများထွက်ပေါ်နေပါတယ်။

သူများချွေးနည်းစာကို လွယ်လွယ်နဲ့ အလကားယူချင်တဲ့ အောက်တန်းကျတဲ့စိတ်ဓာတ်ပိုင်ရှင်း ၎င်းအမျိုးသမီးအား သိတဲ့သူရှိရင် အများသိအောင် ဖော်ထုတ်ပေးကြပါ မကောင်းမှုတို့မည်သည် ဆိပ်ကွယ်ရာမရှိပါဘ ကိုရီးယားမှာတော့ အမှုဖွင့်ထားတယ်လို့သိရ။