လူစုံတုန်း ဟာသတွေပြောပြီး ခွီခဲ့ကြတဲ့ ခိုင်သင်းကြည်၊ အိန္ဒြာကျော်ဇင်၊ ပြေတီဦးနဲ့ လူမင်း

နိုင်ငံကျော် အနုပညာရှင်များဖြစ်တဲ့ လူမင်း၊ ပြေတီဦး၊ ခိုင်သင်းကြည် နဲ့ အိန္ဒြာကျော်ဇင်က တူညီတဲ့ အနုပညာလမ်းမပေါ်မှာ လျှောက်လှမ်းနေတာပဲ ဖြစ်ပါတယ်။ သူတို့လေးယောက်စလုံးက နှစ်ပေါင်းအတော်ကြာ အောင်မြင်တဲ့ အနုပညာရှင်တွေဖြစ်ပြီး အားပေးသူ ပရိသတ် အခိုင်အမာ ရရှိထားတာ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ ပြေတီဦး၊ လူမင်း၊ ခိုင်သင်းကြည်၊ အိန္ဒြာကျော်ဇင်နဲ့ ထက်ထက်ထွန်းစတဲ့ အနုပညာရှင်တွေဆုံတုန်း ပရိသတ်တွေနဲ့ စကားပြောရအောင် Live လွှင့်ခဲ့ပါတယ်။

Live ထဲမှာ လူမင်း ရိုက်ကူးပုံဖော်ထားတဲ့ “ညစ်တွန်း” ရုပ်ရှပ်ဇာတ်ကားကြီးအကြောင်းပြောရင်း စကားတွေလည်း ပေါ့ပေါ့ပါးပါးပြောခဲ့ကြတာ ပျော်စရာကြီးမို့ မိုမိုလေးပရိသတ်တွေအတွက် ပြန်လည်မျှဝေလိုက်ပါတယ်နော်။

လူစုံတုန်း ဟာသတွေပြောပြီး ခွီခဲ့ကြတဲ့ ခိုင်သင်းကြည်၊ အိန္ဒြာကျော်ဇင်၊ ပြေတီဦးနဲ့ လူမင်း

မခိုင်လေးကတော့ ဘယ်နေရာရောက်ရောက် သူဦးဆောင်ပြီဆိုတာနဲ့ စကားဝိုင်းလေးက ပျော်ပျော်ပါးပါးနဲ့ တက်တက်ကြွကြွရှိတာ တွေ့ရပါတယ်။ ပရိသတ်ကြီးလည်း ဒီဗီဒီယိုလေးကို သဘောကျကြမယ် ထင်ပါတယ်နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

RowenaSource: Eaindra Kyaw Zin’s fb