ငလျင်လှုပ်သွားလို့ တစ်နိုင်ငံလုံးက ပရိသတ်တွေအတွက် စိတ်ပူပေးနေတဲ့ စိုင်းစိုင်းခမ်းလှိုင်

အနုပညာလောကရဲ့ အအောင်မြင်ဆုံး အနုပညာရှင်ကြီး စိုင်းစိုင်းခမ်းလှိုင်က အားပေးသူပရိသတ် အခိုင်အမာ ရရှိထားသူ ဖြစ်ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်က အနုပညာလုပ်ငန်းတွေမှာလည်း ထူးချွန်သိလို SAI Cosmetic လုပ်ငန်းကိုလည်း အောင်အောင်မြင်မြင် ဦးစီးထားနိုင်သူ တစ်ဦးဖြစ်ပါတယ်။ အရာရာ ပြီးပြည့်စုံနေတဲ့ စိုင်းစိုင်းခမ်းလှိုင်က အသက်(၄၀) ကျော်ထိတိုင် အိမ်ထောင်မပြုသေးပဲ တစ်ဦးတည်း နေထိုင်နေဆဲ ဖြစ်ပါတယ်။

ပရိသတ်အားပေးမှုကို တစ်ခဲနက် ရရှိထားတဲ့ စိုင်းစိုင်းခမ်းလှိုင်က သူ့ရဲ့ ပရိသတ်တစ်ယောက်ချင်းစီတိုင်းကိုလည်း ဂရုစိုက်တတ်လွန်းသူ ဖြစ်ပါတယ်။

ဒီကနေ့ သြဂုတ်လ(၃၁) ရက်နေ့ ညပိုင်း ၉နာရီခွဲ ပတ်ဝန်းကျင် အချိန်မှာတော့ မန္တလေး၊ မုံရွာစတဲ့ မြို့ကြီးတွေနဲ့ အခြားသေယမြို့ကြီးတွေမှာ အင်အား (၅.၁) ရစ်ချက်စတာစကေးဖြင့် ငလျင်လှုပ်ခတ်သွားတာပဲ ဖြစ်ပါတယ်။

အဲ့လို ငလျင်ဒဏ်ခံခဲ့ရတာကြောင့် စိုင်းစိုင်းက သူ့ရဲ့ ပရိသတ်တွေကို စိုးရိမ်စွာနဲ့ “မန်းလေးမှာ တော်တော်ခါရမ်းသွားတယ်။ ပုဂံ အိုကေပါရဲ့လား? မုံရွာ ရွှေဘို ??? အခြေအနေကောင်းပါစေ” ဆိုပြီး ဆုတောင်းပေးထားပါတယ်။

စိုင်းစိုင်းခမ်းလှိုင်ကတော့ သူ့ရဲ့ ပရိသတ်တွေကို ချစ်တဲ့နေရာမှာတော့ နှစ်ယောက်မရှိပါဘူး။ စိုင်းစိုင်းခမ်းလှိုင် စိတ်ပူပေးသလိုပဲ မိဘပြည်သူများလည်း သတိဝီရိယနဲ့ နိုးနိုးကြားကြားနေထိုင်ပါလို့ သတိပေးလိုက်ပါတယ်နော်။

Rowena
Source: Sai Sai Kham Leng & Phyo Min Zaw’s fb