
ပရိသတ်တွေချစ်ကြတဲ့ စိုးညီအစ်မတတွေကတော့ ပျော်ရွင်စရာကောင်းစွာနေထိုင်ကြလေ့ရှိပြီး အနုပညာပိုင်းမှာ အရမ်းကို ထူးချွန်ကြတဲ့ သူတွေဘဲ ဖြစ်ပါတယ်။ ယနေ့မှာလဲ အမကြီးဖြစ်သူ စိုးမြတ်သူဇာရဲ့ မွေးနေ့အတွက် ပျော်ရွှင်စရာကောင်းတဲ့ မွေးနေ့ Surprise လေးကို သူတို့ရဲ့ ရွှေမင်းသမီး ပိုးထည်ဆိုင်မှာဘဲ ကျင်းပပြုလုပ်ပေးခဲ့ပါတယ် ။
အဲ့ဒီSurprise လေးမှာ အသက်ဝင်သွားစေတဲ့ အကြောင်းအရာလေးတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ Birthday သီချင်းလေးနဲ့ ကပြခဲ့တဲ့ မွေးနေ့ရှင်မကြီးစိုးရဲ့ဗီဒီယိုဖိုင်လေးဘဲဖြစ်ပါတယ်။ ညီမတွေနဲ့ အတူ ပျော်နေပုံကတော့အရမ်းကိုချစ်စရာကောင်းနေပါတယ်။
သူတို့ စိုးညီမတွေ ထဲမှာ ယနေ့အချိန်ထိ နာမည်ကြီးဆဲ ၊ အောင်မြင်ဆဲ ဖြစ်သလို ရုပ်ရှင်ကားတွေ လဲ များစွာရိုက်ကူးနေရဆဲဖြစ်ပါတယ်။ မကြီးကို surprise လုပ်ဖြစ်တဲ့ အကြောင်းအရာလေးကိုလဲ စန္ဒီမြင့်လွင်က ”မကြီးမွေးနေ့ ဆိုင်မှာ စပရိုက်တိုက်ကြ ဗီဒီယိုလေးဖွင့်ကြည့်ကြနော်ဗီဒီယိုလေးကအသက်” လို့ဆိုကာ သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာရေးသားဖော်ပြထားခဲ့တာဖြစ်ပါတယ်။
လှလှပပ ကပြနေတဲ့ မကြီးစိုး
မီးလေးမှုတ်ပါရစေအုံး နော်တဲ့
ဖတ်ရှု့ပေးကြတဲ့ မိုမိုလေးချစ်ပရိသတ်အပေါင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
May Phyo(mml)Source – Sandi myint Lwin