
လိုအပ်တဲ့ နေရာတွေမှာ အရှေ့ဆုံးကနေ ရပ်တည်ကူညီပြီး အများကောင်းကျိုးကို ကြည့်တတ်လွန်းလို့ ပရိသတ်တွေက ပရဟိတ မင်းသမီးကြီးလို့တောင် တင်စားခေါ်ဝေါ်ကြတဲ့ သရုပ်ဆောင် ခိုင်နှင်းဝေကတော့ သူမရဲ့ မွန်မြတ်တဲ့စိတ်ထားလေးကြောင့် ပရိသတ်တွေ လေးစား ချစ်ခင်ကြသူတစ်ဦးပဲ ဖြစ်ပါတယ်။
ခိုင်နှင်းဝေကတော့ လက်ရှိမှာ မိဘမဲ့ကလေးတွေကိုလည်း သူမကိုယ်တိုင် မိခင်အဖြစ်ခံယူပြီး မွေးစားနေတာပဲ ဖြစ်ပါတယ်။ ဒီနေ့လေးမှာတော့ ခိုင်နှင်းဝေက သူမတို့ ပရဟိတဂေဟာလေးက သားသမီးတွေကို ပြုစုပေးနေတဲ့ ဝန်ထမ်းတွေကို ဘောက်ဆူးမဲဖောက်ပေးခဲ့တဲ့အကြောင်း လူမှုကွန်ယက်မှာ တင်ထားတာ တွေ့ရပါတယ်။ မဲပေါက်သွားတဲ့ ဝန်ထမ်းရဲ့အပြုံးကို ကြည့်တာနဲ့ ဘယ်လောက်တောင်ပျော်နေလဲဆိုတာ သိနိုင်ပါတယ်နော်။
မိုမိုလေးချစ်ပရိသတ်တွေအတွက် သူမရဲ့ ပရဟိတဂေဟာလေးက ဝန်ထမ်းတွေကို ပျော်ရွှင်ဝေခဲ့တဲ့ ခိုင်နှင်းဝေရဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။
ခိုင်နှင်းဝေကတော့ “ကျမရဲ့ ခိုင်နှင်းဝေရင်သွေးလေးများဂေဟာမှာနေပြီးအလုပ်လုပ်တဲ့ ဝန်ထမ်းတွေကို သူတို့ရဲ့ ပုံမှန်လစာအပြင် “ဝန်ထမ်းများအတွက်ဘောက်ဆူးဆိုပြီး” မှန်ပုံးလေးထားပြီး ကျမကိုယ်တိုင်လဲဂေဟာသွားရင် ထည့်ပေးသလို ဂေဟာကိုလာတဲ့အလှူရှင်တချို့ကလည်းထည့်ပေးသွားတဲ့ ပိုက်ဆံတွေကို ဒီနေ့လကုန်တဲ့အတွက် ကံစမ်းမဲနှိုက်ပြီး မဲဖောက်ပေးခဲ့ပါတယ် ကျမ သား,သမီးတွေကို သူတို့ရဲ့ရင်သွေးတွေလို စေတနာ,မေတ္တာထားပြီးစောင့်ရှောက်ပေးကြတဲ့အတွက် မေတ္တာတုံ့ပြန်တာပါရှင်… တစ်ဦးကစေတနာ တစ်ဥိးကမေတ္တာပေါ့
နောက်လတွေကျရင် အခုလို မဲမနှိုက်ပဲ တခြားပုံစံတမျိုးနဲ့ပေးပါမယ်. (ဘယ်လိုပုံစံမျိုးလေးတွေနဲ့ဝန်ထမ်းဘောက်ဆူးချီးမြှင့်ရမလဲideaလေးတွေရှိရင်commentမှာရေးပေးကြပါနော်) လစဉ်လကုန်ရက်တိုင်း သူတို့တွေကိုလည်းပျော်ရွှင်စေချင်လို့ပါ… ဒီလအတွက် လလယ်လောက်မှ ဒီပုံးလေးထဲစထည့်ဖြစ်ပေမယ့် ဘောက်ဆူးငွေ ၁သိန်းတိတိပေးနိုင်ခဲ့ပါတယ်.” ဆိုပြီး သူမရဲ့ ကြည်နူးစရာ ကုသိုလ်လေးအကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။
ဝန်ထမ်းတွေကို ဘောက်ဆူးမဲဖောက်ပေးခဲ့တဲ့ ခိုင်နှင်းဝေရဲ့ဗီဒီယို
မွန်မြတ်တဲ့ မေတ္တာတရားတွေ ပြည့်နှက်နေတဲ့ ခိုင်နှင်းဝေကတော့ ပရဟိတလုပ်ငန်းတွေအတွက် “ခိုင်နှင်းဝေ ပရဟိတလူငယ်များအသင်း”ကို တည်ထောင်ထားတာပဲ ဖြစ်ပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်းကြည်နူးဖို့ကောင်းတဲ့ ခိုင်နှင်းဝေရဲ့ အလှူကို သဘောကျရင် Share သွားခဲ့ကြပါဦးနော်။
Myint MyatSource:Khine Hnin Wai’s Facebook