ေရဦးနွင့္ ခင္ဦးျမိဳ႕နယ္တြင္ငလ်င္ဒဏ္ေျကာင့္ ပ်က္စီးမႈေနာက္ဆုံးရသတင္းမ်ား

ယမန္ေန႔ ညက လႈပ္ခတ္ခဲ့သည့္ ငလ်င္ေၾကာင့္ ေရဦးၿမိဳ႕ ထန္းတပင္ေက်ာင္းတိုက္ ခ်မ္းသာရေစတီေတာ္ျမတ္ႀကီးရဲ႕ ေလးဘက္ေလးလံ

အပ္ေၾကာင္းေတြျဖစ္သြားခဲ့ျပီးေတာ့ ခင္ဦးၿမိဳ႕နယ္ ႐ြာသန္းေက်း႐ြာ ဒကၡိဏာ႐ုံ ေက်ာင္းတိုက္အတြင္းမွာရွိတဲ့ အုတ္ေက်ာင္းအတြင္းမွဘုရားေဆာင္ႏွင့္

အုတ္နံရံအခ်ိဳ ့ၿပိဳၾကသြားခဲ့တယ္လို႔ ေဒသခံမ်ားရဲ႕ ေျပာဆိုခ်က္အရ သိရွိရပါတယ္။

ဒါ့အျပင္ ေ႐ႊဘိုၿမိဳ႕နယ္၊က်ား႐ြာ၊ ေဇတဝန္ေက်ာင္းရွိေစတီေတာ္မွာရွိတဲ့ငလ်င္ဒဏ္ေၾကာင့္ ထိီးတာ္ ေျမခပ်က္စီးခဲ့ရတယ္လို႔ ေဒသခံမ်ားက အတည္ျပဳ

ေျပာဆိုပါတယ္။

ဒီငလ်င္က စစ္ကိုင္းတိုင္းေဒသႀကီး ၊ ေ႐ႊဘိုၿမိဳ႕ရဲ႕ အေနာက္ေျမာက္ဖက္ ၁၄ မိုင္ခန႔္အကြာကို ဗဟိုျပဳျပီးေတာ့

ရစ္စတာစေကး ၆.၀ အဆင့္ရွိ တယ္လို႔ မိုးဇလက ထုတ္ျပန္ပါတယ္။

ငလ်င္လႈပ္ခတ္မႈဒဏ္ကို စစ္ကို္င္းတိုင္းအတြင္းရွိ ေ႐ႊဘို၊ မုံ႐ြာ၊ ကြၽန္းလွ၊ မင္းကင္း၊ ဝက္လက္၊ အရာေတာ္၊ ဒီပဲယင္း စတဲ့ၿမိဳ႕နယ္ေတြအျပင္

တျခားၿမိဳ႕နယ္ေတြမွာလည္း သိသိသာသာ ခံစားခဲ့ရပါတယ္။

Writer- SMT(ေန႔စဥ္သတင္းနွင့္သုတရသအျဖာျဖာ)

Unicode ဖြင့်ဖတ်ပါ

ယမန်နေ့ ညက လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ရေဦးမြို့ ထန်းတပင်ကျောင်းတိုက် ချမ်းသာရစေတီတော်မြတ်ကြီးရဲ့ လေးဘက်လေးလံ

အပ်ကြောင်းတွေဖြစ်သွားခဲ့ပြီးတော့ ခင်ဦးမြို့နယ် ရွာသန်းကျေးရွာ ဒက္ခိဏာရုံ ကျောင်းတိုက်အတွင်းမှာရှိတဲ့ အုတ်ကျောင်းအတွင်းမှဘုရားဆောင်နှင့်

အုတ်နံရံအချို့ပြိုကြသွားခဲ့တယ်လို့ ဒေသခံများရဲ့ ပြောဆိုချက်အရ သိရှိရပါတယ်။

ဒါ့အပြင် ရွှေဘိုမြို့နယ်၊ကျားရွာ၊ ဇေတဝန်ကျောင်းရှိစေတီတော်မှာရှိတဲ့ငလျင်ဒဏ်ကြောင့် ထီးတာ် မြေခပျက်စီးခဲ့ရတယ်လို့ ဒေသခံများက အတည်ပြု

ပြောဆိုပါတယ်။

ဒီငလျင်က စစ်ကိုင်းတိုင်းဒေသကြီး ၊ ရွှေဘိုမြို့ရဲ့ အနောက်မြောက်ဖက် ၁၄ မိုင်ခန့်အကွာကို ဗဟိုပြုပြီးတော့

ရစ်စတာစကေး ၆.၀ အဆင့်ရှိ တယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။

ငလျင်လှုပ်ခတ်မှုဒဏ်ကို စစ်ကိုင်းတိုင်းအတွင်းရှိ ရွှေဘို၊ မုံရွာ၊ ကျွန်းလှ၊ မင်းကင်း၊ ဝက်လက်၊ အရာတော်၊ ဒီပဲယင်း စတဲ့မြို့နယ်တွေအပြင်

တခြားမြို့နယ်တွေမှာလည်း သိသိသာသာ ခံစားခဲ့ရပါတယ်။

Writer- SMT(နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ)