You are here
Home > Health > ေရဖ်ဥ္းေရာဂါ၊ ဆီးခ်ိဳ ေသြးခ်ိဳ၊ ဆံပင္ျဖဴ၊ မ်က္စိေရာဂါအမ်ိဳးမ်ိဳးတို႕ႏွင့္ ပ်ဥ္းေတာ္သိမ္ရြက္၏ ဂုဏ္သတိၱမ်ား

ေရဖ်ဥ္းေရာဂါ၊ ဆီးခ်ိဳ ေသြးခ်ိဳ၊ ဆံပင္ျဖဴ၊ မ်က္စိေရာဂါအမ်ိဳးမ်ိဳးတို႕ႏွင့္ ပ်ဥ္းေတာ္သိမ္ရြက္၏ ဂုဏ္သတိၱမ်ား

ပ်ဥ္းေတာ္သိမ္႐ြက္၌ ဗီတာမင္ ေအ၊ စီ၊ B1၊ B2၊ ထုံးဓာတ္၊ သံဓာတ္၊ ကစီဓာတ္၊ အမွ်င္ဓာတ္၊အသားဓာတ္မ်ား ပါဝင္၏။ ထို႔ျပင္ (အမိုင္ႏိုအက္ဆစ္)မ်ားစြာ ပါဝင္ၿပီး ထိုအက္စစ္မ်ားေၾကာင့္အစားအေသာက္မ်ားအား ေမႊးႀကိဳင္ေသာရနံ႔ ျဖစ္ေစၿပီး ေရာဂါအမ်ိဳးမ်ိဳး ကာကြယ္ေပးပါသည္။

ပ်ဥ္းေတာ္သိမ္႐ြက္တြင္ ပါဝင္ေသာ ဓာတ္တိုးတားဆီးမႈသတၱိ (Antioxidant) ျဖင့္ (ကင္ဆာေရာဂါႏွင့္ ႏွလုံးေရာဂါ) ကို တားဆီးႏိုင္သည့္အျပင္ မွတ္ဉာဏ္ကိုပါ ေကာင္းမြန္ေစေၾကာင္း ၾသစေၾတးလ်ႏိုင္ငံရွိ အစားအေသာက္ သုေတသနပညာရွင္မ်ား၏ေခါင္းေဆာင္Dr. လိုင္းကိုဘီယာ့ခ္ ကေျပာၾကားပါသည္။

ပ်ဥ္းေတာ္သိမ္႐ြက္မွ အဆီထုတ္ၿပီး ထိုအဆီကို ဦးေခါင္း၌ လိမ္းျခင္းျဖင့္ အဆုတ္၊ ႏွလုံးႏွင့္ မ်က္ေစ့အျမင္ ခ်ိဳ႕ယြင္းခ်က္မ်ားကို ကာကြယ္ႏိုင္ေၾကာင္း အိုင္ယာလန္ႏိုင္ငံရွိ

ေဆးဝါးဘက္ဆိုင္ရာစိုက္ပ်ိဳးေရး သုေတသန႒ာနမွ ေတြ႕ရွိထားၿပီး ထိုအ႐ြက္ကို ႀကိတ္၍ရေသာအႏွစ္ (Paste) ကိုစားသုံးျခင္းျဖင့္ အဆုတ္၊ ႏွလုံးႏွင့္ ေသြးႏွင့္ ပတ္သက္ေသာ ေရာဂါမ်ားကို ထိန္းခ်ဳပ္ႏိုင္သည္ဟု ဆိုပါ၏။

ေဆးဖက္အသုံးဝင္ပုံ

(ဆီးခ်ိဳေရာဂါ) ဆီးခ်ိဳ၊ ေသြးခ်ိဳ ေရာဂါအတြက္ ေန႔စဥ္ နံနက္ အိပ္ရာထၿပီး အစာမစားမီ လက္ဆတ္ေသာ ပ်ဥ္းေတာ္သိမ္(၁၀) ႐ြက္ စားပါ ။ (၃) လတိတိစားလွ်င္ ထိုေရာဂါကို ထိန္းခ်ဳပ္ႏိုင္ၿပီး ေန႔စဥ္မွီဝဲေနရသည့္ ေဆးပမာဏကိုလည္း ထက္ဝက္ေက်ာ္ ေလ်ာ့ခ်ႏိုင္ပါသည္။

ဆီးခ်ိဳေၾကာင့္ ျဖစ္ေပၚလာသည့္ ခႏၶာကိုယ္ဝၿဖိဳးျခင္း၊ ေသြးထဲတြင္ လြန္ကဲစြာရွိေနေသာ ကိုလက္စထေရာကို ေလွ်ာ့ခ်ေပးၿပီး၊ ဆက္လက္သုံးစြဲပါက ဆီးတြင္ သၾကားဓာတ္ထြက္ရွိျခင္းကို လုံးဝရပ္ဆိုင္းေအာင္ ထိန္းခ်ဳပ္ႏိုင္ပါသည္။

ေဝဒနာရွင္မ်ား က်န္းမာေရး ႏွင့္ ညီၫြတ္ေသာ အစားကို စားသုံးရန္လိုအပ္ၿပီး ပုံမွန္ေလ့က်င့္ခန္း ျပဳလုပ္ရန္ လိုအပ္ပါသည္။ (တစ္ဦးအတြက္ေဆး ျဖစ္ေသာ္လည္း တစ္ဦးအတြက္ ေဘးျဖစ္တတ္ပါ၍ သုံးစြဲလိုပါက ခ်င့္ခ်ိန္၍ သုံးစြဲပါရန္။)

အစာမေၾကျခင္း-အစာစားခ်င္စိတ္မရွိျခင္း၊ အစာမေၾကျခင္း၊ ဝမ္းခ်ဳပ္ျခင္း၊ ဝမ္းသြားျခင္း၊ ေအာ့အန္ျခင္း၊ ပ်ိဳ႕အန္ျခင္း၊ ကေလးမ်ား ဆာေလာင္မႈမရွိပါက ခံတြင္းေကာင္းေအာင္ လႈံ႕ေဆာ္သည့္ အစာအျဖစ္

အ႐ြက္သတၱဳရည္ ထမင္းစားဇြန္း(၂) ဇြန္းတြင္ သံပုရာရည္(သို႔) ပ်ားရည္ အနည္းငယ္ေရာၿပီး တိုက္ပါက ေပ်ာက္ကင္းႏိုင္၏။ အစာမေၾကျခင္းေၾကာင့္ ျဖစ္ေပၚလာသည့္ ရင္ပူျခင္းကို ေပ်ာက္ကင္းေစပါ၏။

(ဆံပင္ျဖဴျခင္း) အ႐ြက္ကို ႀကိတ္၍ ထြက္ေသာအရည္ကို အုန္းဆီျဖင့္ေရာ၍ မီးမွ်င္းမွ်င္းတြင္ ေရဓာတ္ကုန္သည္အထိ က်ိဳခ်က္အေအးခံပါ ။ ထိုဆီကို ေန႔စဥ္လိမ္းပါက ကာကြယ္ပါ၏။

(မ်က္ေစ့ေရာဂါ) ဗီတာမင္ေအ မ်ားစြာပါဝင္၍ ႀကိတ္ေသာအရည္ကို ေသာက္ေပးျခင္းျဖင့္ (သို႔) အစိမ္းလိုက္ တို႔စရာအျဖစ္စားပါက မ်က္ေစ့အျမင္ ၾကည္လင္ေစ၏။

(ကိုယ္ဝန္ေဆာင္ ပ်ိဳ႕အန္ျခင္း) ကိုယ္ဝန္ရွိခါစ အမ်ိဳးသမီးမ်ားတြင္ ပ်ိဳ႕အန္ျခင္း၊ ပင္ပန္းႏြမ္းနယ္ျခင္း၊ မူးေဝျခင္း၊ အစားအေသာက္ အနံ႔မခံႏိုင္ျခင္း၊ ဆာေလာင္မႈမရွိျခင္း၊ ဆာေလာင္ေသာ္လည္း အစာစား၍ မရျခင္း တို႔ျဖစ္တတ္ပါသည္။

ပ်ဥ္းေတာ္သိမ္ သတၱဳရည္ ဟင္းစားဇြန္း (၁) ဇြန္း၊ သံပုရာရည္(၂)ဇြန္း၊ သၾကား(၁)ဇြန္းေရာစပ္၍ ေန႔စဥ္ နံနက္တိုင္းေသာက္ပါက အထက္ပါ ေရာဂါမ်ား သက္သာေပ်ာက္ကင္းႏိုင္ပါသည္ ။

(ခြဲစိတ္လူနာမ်ား) ခြဲစိတ္ကုသမႈ ခံယူ၍ ဆုံးရႈံးခံရသည့္ ေသြးအားကိုျပန္လည္ျဖည့္တင္းႏိုင္ရန္ (သံဓာတ္) ႂကြယ္ဝသည့္ ပ်ဥ္းေတာ္သိမ္႐ြက္ကို ႀကိတ္၍ ဟင္းခါး(သို႔) သီးစုံဟင္းႏွင့္ ေရာေႏွာ ခ်က္ျပဳတ္ စားပါက အျမန္က်န္းမာလာႏိုင္သည္ ။

(ဝမ္းခ်ဳပ္ျခင္း) ဆူပြက္ေနေသာ ေရေႏြးတစ္ခြက္တြင္ ပ်ဥ္းေတာ္သိမ္႐ြက္အနည္းငယ္ကို လက္ဘက္ေျခာက္ကဲ့သို႔ႏွပ္ၿပီး ပ်ားရည္တစ္ဇြန္းႏွင့္ ေရာ၍ ေသာက္ပါက ဝမ္းမွန္ေစပါသည္။

(ခံတြင္းပ်က္ျခင္း) အစာမေၾကျခင္း ႏွင့္ ပဋၬိဇီဝေဆးမ်ားကို ကာလၾကာရွည္သုံးစြဲရပါက အရသာကိုသိေစေသာ လွ်ာေပၚရွိ (အရသာခံအဖု) မ်ားေကာင္းစြာ အလုပ္မလုပ္ျခင္းေၾကာင့္ ခံတြင္း ပ်က္ရ၏။

ပ်ဥ္းေတာ္သိမ္႐ြက္အနည္းငယ္တြင္ ဂ်င္း၊ ၾကက္သြန္ျဖဴ၊ မက်ည္းမွည့္၊ င႐ုတ္သီး ႏွင့္ ဆားအနည္းငယ္ စီ ေရာႀကိတ္၍ ရလာေသာ အႏွစ္ကို ထမင္းျဖဳႏွင့္ စားသုံးပါက ခံတြင္းျပန္လည္ ေကာင္းမြန္လာပါမည္။

(စိတ္ပ်ံ႕လြင့္ျခင္း) အ႐ြက္အား ႀကိတ္၍ရေသာအႏွစ္တြင္ သံပုရာရည္ဆမ္းၿပီး ထမင္းျဖဴႏွင့္ ေန႔ေရာ ညပါ စားသုံးပါက သက္သာေပ်ာက္ကင္း၍ က်န္းမာလာႏိုင္မည္။

(ဒူလာေသြးဝမ္း) ဒူလာေသြးဝမ္း ႏွင့္ လိပ္ေခါင္းေသြးက်ျခင္းမ်ားအတြက္ အ႐ြက္ကို စားေပးပါက သက္သာေစပါ၏။

(ဖ်ဥ္းေဝဒနာ) ေရွးျမန္မာဘုရင္မ်ား လက္ထက္က မင္းညီမင္းသားမ်ား အရက္ေသာက္ၿပီး အသည္းကြၽမ္း၍ ဖ်ဥ္းျဖစ္ၾက၏။ သမားေတာ္မ်ားက ပ်ဥ္းေတာ္သိမ္ႏွင့္ ကုသ၏။

ကုသရင္း ဖ်ဥ္းေတာ္သိမ္သြားရာမွ ကာလေ႐ြ႕ေလ်ာ၍ ပ်ဥ္းေတာ္သိမ္ဟု နာမည္တြင္ရစ္သည္ဟု ဆိုပါ၏။ ထိုပ်ဥ္းေတာ္သိမ္အ႐ြက္ၾကမ္းကို ေရႏွင့္ျပဳတ္ၿပီး အသင့္အတင့္ေသာက္ေပးပါ ။

ခ်ိဳးလည္းခ်ိဳးပါ။ အ႐ြက္ႏုကို အတို႔အျမႇဳပ္လုပ္စားပါ။ ဟင္းခါးခ်က္ေသာက္ပါ။ ေန႔စဥ္ထမင္းစားတိုင္း ေကြၽးပါက သက္သာေပ်ာက္ကင္းႏိုင္ပါသည္။ (လက္ေတြ႕ေပ်ာက္ကင္းသူ၏နည္း)

(ျမန္မာ့ေဆးက်မ္းမ်ားအရ) အ႐ြက္ကို ဟင္းခတ္အေမႊး အႀကိဳင္အျဖစ္ သုံး၏။ အ႐ြက္ကို မ်ားစြာစားပါက ဝမ္းကိုသက္ေစသည္။ ႏို႔ရည္ထဲတြင္ ထိုအ႐ြက္ကို ထည့္က်ိဳေသာက္ပါက အဆိပ္ကို ပ်ယ္ေစသည္။ အ႐ြက္ကို ေသြးေဆး၊ ေလေဆး ေဖာ္စပ္ရာတြင္အသုံးျပဳ၏။

( ရည္ၫႊန္းစာမ်ား )

အရွင္နာဂသိန္ပုံျပ ေဆးအဘိဓာန္

ဆရာေတာ္ျမင့္ (ငွက္ဖ်ား)

ေနျပည္ေတာ္ေက်ာ္က်ာ္စိုး

ျမန္မာ့ေဆးဝါးပင္မ်ားမွ ေကာက္ႏုတ္ေဖာ္ျပပါသည္။

Unicode ဖြင့်ဖတ်ပါ

ပျဉ်းတော်သိမ်ရွက်၌ ဗီတာမင် အေ၊ စီ၊ B1၊ B2၊ ထုံးဓာတ်၊ သံဓာတ်၊ ကစီဓာတ်၊ အမျှင်ဓာတ်၊အသားဓာတ်များ ပါဝင်၏။ ထို့ပြင် (အမိုင်နိုအက်ဆစ်)များစွာ ပါဝင်ပြီး ထိုအက်စစ်များကြောင့်အစားအသောက်များအား မွှေးကြိုင်သောရနံ့ ဖြစ်စေပြီး ရောဂါအမျိုးမျိုး ကာကွယ်ပေးပါသည်။

ပျဉ်းတော်သိမ်ရွက်တွင် ပါဝင်သော ဓာတ်တိုးတားဆီးမှုသတ္တိ (Antioxidant) ဖြင့် (ကင်ဆာရောဂါနှင့် နှလုံးရောဂါ) ကို တားဆီးနိုင်သည့်အပြင် မှတ်ဉာဏ်ကိုပါ ကောင်းမွန်စေကြောင်း သြစတြေးလျနိုင်ငံရှိ အစားအသောက် သုတေသနပညာရှင်များ၏ခေါင်းဆောင်Dr. လိုင်းကိုဘီယာ့ခ် ကပြောကြားပါသည်။

ပျဉ်းတော်သိမ်ရွက်မှ အဆီထုတ်ပြီး ထိုအဆီကို ဦးခေါင်း၌ လိမ်းခြင်းဖြင့် အဆုတ်၊ နှလုံးနှင့် မျက်စေ့အမြင် ချို့ယွင်းချက်များကို ကာကွယ်နိုင်ကြောင်း အိုင်ယာလန်နိုင်ငံရှိ

ဆေးဝါးဘက်ဆိုင်ရာစိုက်ပျိုးရေး သုတေသနဋ္ဌာနမှ တွေ့ရှိထားပြီး ထိုအရွက်ကို ကြိတ်၍ရသောအနှစ် (Paste) ကိုစားသုံးခြင်းဖြင့် အဆုတ်၊ နှလုံးနှင့် သွေးနှင့် ပတ်သက်သော ရောဂါများကို ထိန်းချုပ်နိုင်သည်ဟု ဆိုပါ၏။

ဆေးဖက်အသုံးဝင်ပုံ

(ဆီးချိုရောဂါ) ဆီးချို၊ သွေးချို ရောဂါအတွက် နေ့စဉ် နံနက် အိပ်ရာထပြီး အစာမစားမီ လက်ဆတ်သော ပျဉ်းတော်သိမ်(၁၀) ရွက် စားပါ ။ (၃) လတိတိစားလျှင် ထိုရောဂါကို ထိန်းချုပ်နိုင်ပြီး နေ့စဉ်မှီဝဲနေရသည့် ဆေးပမာဏကိုလည်း ထက်ဝက်ကျော် လျော့ချနိုင်ပါသည်။

ဆီးချိုကြောင့် ဖြစ်ပေါ်လာသည့် ခန္ဓာကိုယ်ဝဖြိုးခြင်း၊ သွေးထဲတွင် လွန်ကဲစွာရှိနေသော ကိုလက်စထရောကို လျှော့ချပေးပြီး၊ ဆက်လက်သုံးစွဲပါက ဆီးတွင် သကြားဓာတ်ထွက်ရှိခြင်းကို လုံးဝရပ်ဆိုင်းအောင် ထိန်းချုပ်နိုင်ပါသည်။ ေ

ဝေဒနာရှင်များ ကျန်းမာရေး နှင့် ညီညွတ်သော အစားကို စားသုံးရန်လိုအပ်ပြီး ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်ရန် လိုအပ်ပါသည်။ (တစ်ဦးအတွက်ဆေး ဖြစ်သော်လည်း တစ်ဦးအတွက် ဘေးဖြစ်တတ်ပါ၍ သုံးစွဲလိုပါက ချင့်ချိန်၍ သုံးစွဲပါရန်။)

အစာမကြေခြင်း-အစာစားချင်စိတ်မရှိခြင်း၊ အစာမကြေခြင်း၊ ဝမ်းချုပ်ခြင်း၊ ဝမ်းသွားခြင်း၊ အော့အန်ခြင်း၊ ပျို့အန်ခြင်း၊ ကလေးများ ဆာလောင်မှုမရှိပါက ခံတွင်းကောင်းအောင် လှုံ့ဆော်သည့် အစာအဖြစ်

အရွက်သတ္တုရည် ထမင်းစားဇွန်း(၂) ဇွန်းတွင် သံပုရာရည်(သို့) ပျားရည် အနည်းငယ်ရောပြီး တိုက်ပါက ပျောက်ကင်းနိုင်၏။ အစာမကြေခြင်းကြောင့် ဖြစ်ပေါ်လာသည့် ရင်ပူခြင်းကို ပျောက်ကင်းစေပါ၏။

(ဆံပင်ဖြူခြင်း) အရွက်ကို ကြိတ်၍ ထွက်သောအရည်ကို အုန်းဆီဖြင့်ရော၍ မီးမျှင်းမျှင်းတွင် ရေဓာတ်ကုန်သည်အထိ ကျိုချက်အအေးခံပါ ။ ထိုဆီကို နေ့စဉ်လိမ်းပါက ကာကွယ်ပါ၏။

(မျက်စေ့ရောဂါ) ဗီတာမင်အေ များစွာပါဝင်၍ ကြိတ်သောအရည်ကို သောက်ပေးခြင်းဖြင့် (သို့) အစိမ်းလိုက် တို့စရာအဖြစ်စားပါက မျက်စေ့အမြင် ကြည်လင်စေ၏။

(ကိုယ်ဝန်ဆောင် ပျို့အန်ခြင်း) ကိုယ်ဝန်ရှိခါစ အမျိုးသမီးများတွင် ပျို့အန်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ မူးဝေခြင်း၊ အစားအသောက် အနံ့မခံနိုင်ခြင်း၊ ဆာလောင်မှုမရှိခြင်း၊ ဆာလောင်သော်လည်း အစာစား၍ မရခြင်း တို့ဖြစ်တတ်ပါသည်။

ပျဉ်းတော်သိမ် သတ္တုရည် ဟင်းစားဇွန်း (၁) ဇွန်း၊ သံပုရာရည်(၂)ဇွန်း၊ သကြား(၁)ဇွန်းရောစပ်၍ နေ့စဉ် နံနက်တိုင်းသောက်ပါက အထက်ပါ ရောဂါများ သက်သာပျောက်ကင်းနိုင်ပါသည် ။

(ခွဲစိတ်လူနာများ) ခွဲစိတ်ကုသမှု ခံယူ၍ ဆုံးရှုံးခံရသည့် သွေးအားကိုပြန်လည်ဖြည့်တင်းနိုင်ရန် (သံဓာတ်) ကြွယ်ဝသည့် ပျဉ်းတော်သိမ်ရွက်ကို ကြိတ်၍ ဟင်းခါး(သို့) သီးစုံဟင်းနှင့် ရောနှော ချက်ပြုတ် စားပါက အမြန်ကျန်းမာလာနိုင်သည် ။

(ဝမ်းချုပ်ခြင်း) ဆူပွက်နေသော ရေနွေးတစ်ခွက်တွင် ပျဉ်းတော်သိမ်ရွက်အနည်းငယ်ကို လက်ဘက်ခြောက်ကဲ့သို့နှပ်ပြီး ပျားရည်တစ်ဇွန်းနှင့် ရော၍ သောက်ပါက ဝမ်းမှန်စေပါသည်။

(ခံတွင်းပျက်ခြင်း) အစာမကြေခြင်း နှင့် ပဋ္ဋိဇီဝဆေးများကို ကာလကြာရှည်သုံးစွဲရပါက အရသာကိုသိစေသော လျှာပေါ်ရှိ (အရသာခံအဖု) များကောင်းစွာ အလုပ်မလုပ်ခြင်းကြောင့် ခံတွင်း ပျက်ရ၏။

ပျဉ်းတော်သိမ်ရွက်အနည်းငယ်တွင် ဂျင်း၊ ကြက်သွန်ဖြူ၊ မကျည်းမှည့်၊ ငရုတ်သီး နှင့် ဆားအနည်းငယ် စီ ရောကြိတ်၍ ရလာသော အနှစ်ကို ထမင်းဖြုနှင့် စားသုံးပါက ခံတွင်းပြန်လည် ကောင်းမွန်လာပါမည်။

(စိတ်ပျံ့လွင့်ခြင်း) အရွက်အား ကြိတ်၍ရသောအနှစ်တွင် သံပုရာရည်ဆမ်းပြီး ထမင်းဖြူနှင့် နေ့ရော ညပါ စားသုံးပါက သက်သာပျောက်ကင်း၍ ကျန်းမာလာနိုင်မည်။

(ဒူလာသွေးဝမ်း) ဒူလာသွေးဝမ်း နှင့် လိပ်ခေါင်းသွေးကျခြင်းများအတွက် အရွက်ကို စားပေးပါက သက်သာစေပါ၏။

(ဖျဉ်းဝေဒနာ) ရှေးမြန်မာဘုရင်များ လက်ထက်က မင်းညီမင်းသားများ အရက်သောက်ပြီး အသည်းကျွမ်း၍ ဖျဉ်းဖြစ်ကြ၏။ သမားတော်များက ပျဉ်းတော်သိမ်နှင့် ကုသ၏။

ကုသရင်း ဖျဉ်းတော်သိမ်သွားရာမှ ကာလရွေ့လျော၍ ပျဉ်းတော်သိမ်ဟု နာမည်တွင်ရစ်သည်ဟု ဆိုပါ၏။ ထိုပျဉ်းတော်သိမ်အရွက်ကြမ်းကို ရေနှင့်ပြုတ်ပြီး အသင့်အတင့်သောက်ပေးပါ ။

ချိုးလည်းချိုးပါ။ အရွက်နုကို အတို့အမြှုပ်လုပ်စားပါ။ ဟင်းခါးချက်သောက်ပါ။ နေ့စဉ်ထမင်းစားတိုင်း ကျွေးပါက သက်သာပျောက်ကင်းနိုင်ပါသည်။ (လက်တွေ့ပျောက်ကင်းသူ၏နည်း)

(မြန်မာ့ဆေးကျမ်းများအရ) အရွက်ကို ဟင်းခတ်အမွှေး အကြိုင်အဖြစ် သုံး၏။ အရွက်ကို များစွာစားပါက ဝမ်းကိုသက်စေသည်။ နို့ရည်ထဲတွင် ထိုအရွက်ကို ထည့်ကျိုသောက်ပါက အဆိပ်ကို ပျယ်စေသည်။ အရွက်ကို သွေးဆေး၊ လေဆေး ဖော်စပ်ရာတွင်အသုံးပြု၏။

( ရည်ညွှန်းစာများ )

အရှင်နာဂသိန်ပုံပြ ဆေးအဘိဓာန်

ဆရာတော်မြင့် (ငှက်ဖျား)

နေပြည်တော်ကျော်ကျာ်စိုး

မြန်မာ့ဆေးဝါးပင်များမှ ကောက်နုတ်ဖော်ပြပါသည်။

Top
//chalaips.com/4/3018672