ခရုသင်းကိုလက်တွေ့ပျောက်တဲ့ ဆီမီးတောက်ပင်ရဲ့အစွမ်း





Credit~ Myawady Health

Unicode

ခရုသင်းဆိုတာ အရေပြားရောဂါ မှိုတမျိုးဖြစ်ပါတယ်။ မျက်နှာနှင့် ခန္ဓာကိုယ်လက်ခြေ အစိတ်အပိုင်းတို့မှာ သွေးသားမသန့်ရှင်းတဲ့အခါ အရေပြားမှာ အဖြူကွက်ကြီးများကို ခရုသင်းအဖြစ် တွေ့နေရတယ်။

ဒီလို ခရုသင်းကွက်တွေ ပျောက်ဖို့ ဆေးနည်း လိမ်းဆေး မျှဝေပါရစေ။ ဆီမီးတောက် (Climbing Lily) အပင်ရဲ့ အမြစ်အခြောက်ကို အမှုန့်ထောင်းပါ။ ကန့်မှုန် (Sulphur) နှင့် ဆတူရော၍ ပုလင်းသန့်သန့်မှာ ထည့်ထားလိုက်ပါ။

ချင်းစိမ်းရည်နဲ့ ထိုအမှုန့်နှစ်မျိုးကို အရည်ကျဲကျဲ ကြွေပုဂံလုံးမှာဖျော်ပြီး ဖြူကွက်နေသော ခရုသင်းနေရာမှာ တစ်နေ့နှစ်ကြိမ် လိမ်းပေးပါ။ တပတ်ခန့်ကြာလျင် သိသိသာသာထူးခြားလာပါလိမ့်မည်။ ခရုသင်းဆိုတာ အရေပြားရောဂါမှိုတမျိုးဖြစ်ပါတယ်။

မူလအသားရည်အတိုင်း တစ်လတိတိရောက်ရင် ပြန်ရသွားပါလိမ့်မည်။ ဒါဆိုရင် သင့်အတွက် စိတ်အေးချမ်းသွားကာ ခရုသင်းနဲ့ပတ်သက်ပြီး စိတ်မညစ်စေတော့လိုပါနော်။

Credit~ Myawady Health