ရေကိုချွေတာပြီး သစ်ပင် စိုက်ရင်း သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့ တိုက်တွန်းလိုက်တဲ့ ပိုပို …

အဆိုတော်ပိုပိုလို့  ပရိသတ်တွေ လက်ခံလာခဲ့တဲ့ သီချင်းကတော့ ” ချစ်ဖူးခဲ့သမျှ”သီချင်းMTVလေး ဖြစ်ပြီး မြင့်မြတ်နဲ့တွဲဖက်သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ်။ထပ်မံပြီး ပရိသတ်တွေပါးစပ်ဖျားမှာ ကလေးတွေကအစ နှစ်သက်သဘောကျတဲ့ “ဘာမှမလိုဘူး” သီချင်းMTV လေးလို့ဆိုရမှာပါ။နိုင်ငံကကျော် သရုပ်ဆောင်မင်းသားကျော်ကျော်ဗိုလ်နဲ့ တွဲဖက်သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ်။ယခုချိန်မှာတော့ ပိုပိုဟာ အများကအားကျရတဲ့ သိန်း(၅)ထောင်တန်ကိုယ်ပိုင်အိမ်လှလှလေးကို ပိုင်ဆိုင် ထားပြီး ကိုယ်ပိုင်စတူဒီယိုလေးကိုလည်း ပိုင်ဆိုင် ထားတာပြီပဲ ဖြစ်ပါတယ်။

အဆိုတော်သရုပ်ဆောင်ပိုပို ဟာ ပြည်သူ ချစ်အနုပညာရှင်တစ်ဦးဖြစ်ပြီး အလှူအတန်း မကြာခဏပြုလုပ်တတ်သူလေးလည်းဖြစ်ပြီး ပိုပိုဟာ မိဘတွေမရှိတော့ဘဲ ကိုယ်တိုင်တစ်ဦးတည်း ရပ်တည်လာနိုင်သူတစ်ဦးလည်းဖြစ်ပါတယ်။ သူမဘဝအကြောင်းကိုလည်း ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်း ဖော်ထုတ်ပြောပြထား သူလေးလည်း ဖြစ်တဲ့အပြင် သူမသီချင်းတော်တော်များများကို ကလေးလူကြီးမရွေးနှစ်သက်သဘောကျကြတာကြောင့် ပရိသတ်အခိုင်အမာရရှိထားသူပဲ ဖြစ်ပါတယ်။သူမရဲ့We Love တွေနဲ့လည်း အလှူအတန်းတွေ အပြင် သီလရှင်လည်း အတူတူဝတ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

လက်ရှိမှာလည်း ရေကိုချွေတာပြီး သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့အတွက် ” ကမ္ဘာကျော် မင်းသားကြီး ကိုယ်တိုင် ဒီလိုလေးပြောတော့ ပိုပြီး ထိန်းသိမ်းရပါမယ်။ပိုပို အိမ်မှာ ကြွပ်ကြွပ် အိတ် သုံးတာလျော့အောင် ဈေးဝယ်ရင် ရေခဲမုန့် စားပြီးလို့ ကျန်တဲ့ ဘူးတွေနဲ့ အသားငါး ဝယ်ခိုင်းတယ် မုန့်ဟင်းခါးကို ချိုင့်နဲ့ ဝယ်ခိုင်းတယ် ။မုန့် ဝယ်ရင် အိမ်က ပန်းကန် နဲ့ ထည့်စားတယ်။ မတတ်နိုင်တဲ့ အခြေအနေမှ ပလတ်စတစ်သုံးတာToilet ကို အပေါ့ သွားတာတောင် ၃ ခါလောက်မှ ရေဆွဲချတယ်။(ညစ်ပတ်တာနဲ့ ချွေတာ ခြင်းနဲ့ မတူပါ) အပင်တွေ စိုက်တယ် ။ကျမ တို့  ကကျမ တို့ရဲ့ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းရမှာပါ။ မြေအောက်ရေ ရအောင် မြက်ခင်း အစစ်ကို ပဲ စိုက်ထားတယ် ။
Tissues တွေ မကုန်အောင် လက်သုတ်ပဝါ သုံးပါတယ်ေ။ရကို ချွေတာ ပလတ်စတ် နဲ့ လျော့သုံး အပင်တွေစိုက်ရင်း
သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းသင့်ကြောင်းဂျက်ကီချန်း က အခုပြောတာကို အရမ်း ဝမ်းသာပါတယ်။ ” ဆိုပြီး သူမကိုယ်တိုင်လိုက်နာနေကြောင်းကို သူမရဲက လူမှုကွန်ရက်စာမျက်နှာမှာ ဝေမျှခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးရော ပိုပိုလို သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းနေကြလား ဆိုတာမှတ်ချက်ပေးခဲ့ပါဦးနော်။

crd : celegabar