၁လအတြင္း တင္းတိပ္ နွင့္ မွဲ႕ေျခာက္မ်ား သိသိသာသာ ေလ်ာ့ပါးသြားေစမယ့္ နည္းလမ္း

တင္းတိပ္ေတြဟာ မွဲ႔လို မထူဘဲ ပါးလႊာျပီး အရြယ္အစား ပံုသ႑ာန္မ်ိဳးစံုျဖင့္ မ်က္နွာေပၚမွာ ေပါက္ေလ့ရွိပါတယ္ ။ အေရာင္အားျဖင့္ အညိဳေရာင္ ျဖစ္ၾကပါတယ္ ။

တင္းတိပ္ေပါက္ျခင္းဟာ အေရျပားဆိုင္ရာ ပ်က္စီးမႈတစ္ခုပဲ ျဖစ္ပါတယ္ ။ တင္းတိပ္ေပါက္ရတဲ့ အေၾကာင္းအရင္းေတြကေတာ့ ေနပူထဲအထြက္မ်ားျခင္း ၊ ေဟာ္မုန္းမညီမွ်ျခင္း နွင့္ မ်ိဳးရိုးလိုက္ျခင္းေၾကာင့္ ျဖစ္ပါတယ္ ။

တင္းတိပ္ဟာ မ်က္နွာတင္မက ေနအထိမ်ားေသာ ခႏၶာကိုယ္အစိတ္အပိုင္းမ်ားတြင္လည္း ေပါက္ေရာက္တတ္ပါတယ္ ။

ဒီလို တင္းတိပ္ ၊ မွဲ႔ေျခာက္ေတြကို ေလ်ာ့ပါးသက္သာေစမယ့္ အိမ္တြင္း နည္းလမး္ေကာင္းမ်ားကို ရွာေဖြေပးထားပါတယ္။

၁။ၾကက္သြန္နီ

ၾကက္သြန္နီကို ခပ္ပါးပါးလွီးျပီး တင္းတိပ္မ်ားေပၚ ပြတ္ေပးပါ ။ ပြတ္ျပီး ၁၀ မိနစ္ ၊ ၁၅ မိနစ္ခန္႔ၾကာလွ်င္ ေရျဖင့္ စင္ၾကယ္စြာ ေဆးေၾကာပါ ။တစ္ေန႔ ၂ၾကိမ္ ျဖင့္ ေလ်ာ့ပါးသြားသည္အထိ ျပဳလုပ္နိုင္ပါသည္ ။ ၾကက္သြန္နီကို အရည္ညွစ္ျပီးေတာ့လည္း ထိုနည္းအတိုင္း ပြတ္ေပးကာ အသံုးျပဳနုိင္ပါသည္ ။

၂။သံပုယိုရည္

သံပုယိုရည္ကို တင္းတိပ္ရွိရာေပၚသို႔ ပြတ္ေပးကာ ခပ္ဖြဖြ နွိပ္နယ္ေပးပါ ။ ၁၅ မိနစ္ခန္႔ထားျပီးလွ်င္ ေရေႏြးေႏြးျဖင့္ ေဆးေၾကာပါ ။ တစ္ေန႔ ၂ၾကိမ္ ျပဳလုပ္ေပးပါ ။ေနာက္ထပ္နည္းလမ္းတစ္မ်ိဳးကေတာ့ scrub လုပ္တဲ့ နည္းလမ္းပါ ။ သံပုယိုသီး တစ္ျခမ္းကို အရည္ညွစ္ျပီး သၾကား လက္ဖက္ရည္ဇြန္း ၁ဇြန္းခြဲခန္႔ေရာကာ တင္းတိပ္ရွိရာ အေရျပားေပၚသို႔ ညွင္သာစြာ ပြတ္ေပးပါ ။မိနစ္အနညး္ငယ္ခန္႔ ၾကာသြားလွ်င္ ေရျဖင့္ ေဆးေၾကာေပးလိုက္ပါ ။ ဒီနည္းလမ္းကိုေတာ့ တစ္ပါတ္လွ်င္ ၁ၾကိမ္ (သို႔) ၂ၾကိမ္ ျပဳလုပ္ေပးရမွာပါ ။

၃။ၾကက္ဆူဆီ

ၾကက္ဆူဆီက တင္းတိပ္သက္သာေစဖို႔အတြက္လည္း အသံုးဝင္ပါေသးတယ္ ။ ညဘက္အိပ္ရာဝင္ခါနီးတိုင္း ၾကက္ဆူဆီကို လိမ္းအိပ္ပါ ။မနက္ခင္း တစ္သွ်ဴးျဖင့္ မ်က္နွာေပၚက ဆီေတြကို အရင္ဖယ္ရွားလိုက္ျပီး ေရေႏြးေႏြးျဖင့္ မ်က္နွာသစ္လိုက္ပါ ။ဒီနည္းကို ေန႔စဥ္ျပဳလုပ္ျခင္းျဖင့္ သိသိသာသာကို ေလ်ာ့ပါးသက္သာလာတာ ျမင္ေတြ႕ရမွာပါ ။

၄။ခရမ္းသီး

ဒီနည္းလမ္းကေတာ့ လူသိနည္းမယ့္ နည္းလမ္းထင္ပါတယ္ ။ စာေရးသူကိုယ္တိုင္လည္း မျမင္ဖူး ၊ မလုပ္ဖူးတဲ့ နည္းလမ္းပါ ။ခရမ္သီးမွာ antioxidants ေပါၾကြယ္ဝျပီး တင္းတိပ္ေတြကို ဖယ္ရွားေပးနိုင္တယ္လို႔ ဆိုပါတယ္ ။ခရမ္းသီးကို ခပ္ပါးပါးလွီးျပီး တင္းတိပ္ရွိရာေပၚသို႔ တင္ကာ စက္ဝိုင္းလည္ပတ္ပံုအတိုင္း ညွင္သာစြာ ပြတ္ေပးပါ ။ ျပီးေနာက္ ၁၅ မိနစ္ခန္႔ထားျပီး ေရျဖင့္ ေဆးေၾကာလိုက္ပါ ။ေန႔စဥ္ ပံုမွန္ျပဳလုပ္မယ္ဆို တစ္ပါတ္အတြင္းမွာကို သိသာထင္ရွားတဲ့ ရလဒ္ ျမင္ေတြ႕ရမွာပါ ။ရက္သတၱပါတ္ အနည္းငယ္ၾကာျပီးတဲ့အခါမွာေတာ့ တင္းတိပ္မ်ား ကင္းေပ်ာက္သေလာက္နီးပါးကို ျဖစ္သြားတာ ျမင္ရမွာပါ ။

Credit to CHAN (ေရႊအင္းေလး)

Unicode

တင်းတိပ်တွေဟာ မှဲ့လို မထူဘဲ ပါးလွှာပြီး အရွယ်အစား ပုံသဏ္ဍာန်မျိုးစုံဖြင့် မျက်နှာပေါ်မှာ ပေါက်လေ့ရှိပါတယ် ။ အရောင်အားဖြင့် အညိုရောင် ဖြစ်ကြပါတယ် ။

တင်းတိပ်ပေါက်ခြင်းဟာ အရေပြားဆိုင်ရာ ပျက်စီးမှုတစ်ခုပဲ ဖြစ်ပါတယ် ။ တင်းတိပ်ပေါက်ရတဲ့ အကြောင်းအရင်းတွေကတော့ နေပူထဲအထွက်များခြင်း ၊ ဟော်မုန်းမညီမျှခြင်း နှင့် မျိုးရိုးလိုက်ခြင်းကြောင့် ဖြစ်ပါတယ် ။

တင်းတိပ်ဟာ မျက်နှာတင်မက နေအထိများသော ခန္ဓာကိုယ်အစိတ်အပိုင်းများတွင်လည်း ပေါက်ရောက်တတ်ပါတယ် ။

ဒီလို တင်းတိပ် ၊ မှဲ့ခြောက်တွေကို လျော့ပါးသက်သာစေမယ့် အိမ်တွင်း နည်းလမး်ကောင်းများကို ရှာဖွေပေးထားပါတယ်။

၁။ကြက်သွန်နီ

ကြက်သွန်နီကို ခပ်ပါးပါးလှီးပြီး တင်းတိပ်များပေါ် ပွတ်ပေးပါ ။ ပွတ်ပြီး ၁၀ မိနစ် ၊ ၁၅ မိနစ်ခန့်ကြာလျှင် ရေဖြင့် စင်ကြယ်စွာ ဆေးကြောပါ ။တစ်နေ့ ၂ကြိမ် ဖြင့် လျော့ပါးသွားသည်အထိ ပြုလုပ်နိုင်ပါသည် ။ ကြက်သွန်နီကို အရည်ညှစ်ပြီးတော့လည်း ထိုနည်းအတိုင်း ပွတ်ပေးကာ အသုံးပြုနိုင်ပါသည် ။

၂။သံပုယိုရည်

သံပုယိုရည်ကို တင်းတိပ်ရှိရာပေါ်သို့ ပွတ်ပေးကာ ခပ်ဖွဖွ နှိပ်နယ်ပေးပါ ။ ၁၅ မိနစ်ခန့်ထားပြီးလျှင် ရေနွေးနွေးဖြင့် ဆေးကြောပါ ။ တစ်နေ့ ၂ကြိမ် ပြုလုပ်ပေးပါ ။နောက်ထပ်နည်းလမ်းတစ်မျိုးကတော့ scrub လုပ်တဲ့ နည်းလမ်းပါ ။ သံပုယိုသီး တစ်ခြမ်းကို အရည်ညှစ်ပြီး သကြား လက်ဖက်ရည်ဇွန်း ၁ဇွန်းခွဲခန့်ရောကာ တင်းတိပ်ရှိရာ အရေပြားပေါ်သို့ ညှင်သာစွာ ပွတ်ပေးပါ ။မိနစ်အနညး်ငယ်ခန့် ကြာသွားလျှင် ရေဖြင့် ဆေးကြောပေးလိုက်ပါ ။ ဒီနည်းလမ်းကိုတော့ တစ်ပါတ်လျှင် ၁ကြိမ် (သို့) ၂ကြိမ် ပြုလုပ်ပေးရမှာပါ ။

၃။ကြက်ဆူဆီ

ကြက်ဆူဆီက တင်းတိပ်သက်သာစေဖို့အတွက်လည်း အသုံးဝင်ပါသေးတယ် ။ ညဘက်အိပ်ရာဝင်ခါနီးတိုင်း ကြက်ဆူဆီကို လိမ်းအိပ်ပါ ။မနက်ခင်း တစ်သျှူးဖြင့် မျက်နှာပေါ်က ဆီတွေကို အရင်ဖယ်ရှားလိုက်ပြီး ရေနွေးနွေးဖြင့် မျက်နှာသစ်လိုက်ပါ ။ဒီနည်းကို နေ့စဉ်ပြုလုပ်ခြင်းဖြင့် သိသိသာသာကို လျော့ပါးသက်သာလာတာ မြင်တွေ့ရမှာပါ ။

၄။ခရမ်းသီး

ဒီနည်းလမ်းကတော့ လူသိနည်းမယ့် နည်းလမ်းထင်ပါတယ် ။ စာရေးသူကိုယ်တိုင်လည်း မမြင်ဖူး ၊ မလုပ်ဖူးတဲ့ နည်းလမ်းပါ ။ခရမ်သီးမှာ antioxidants ပေါကြွယ်ဝပြီး တင်းတိပ်တွေကို ဖယ်ရှားပေးနိုင်တယ်လို့ ဆိုပါတယ် ။ခရမ်းသီးကို ခပ်ပါးပါးလှီးပြီး တင်းတိပ်ရှိရာပေါ်သို့ တင်ကာ စက်ဝိုင်းလည်ပတ်ပုံအတိုင်း ညှင်သာစွာ ပွတ်ပေးပါ ။ ပြီးနောက် ၁၅ မိနစ်ခန့်ထားပြီး ရေဖြင့် ဆေးကြောလိုက်ပါ ။နေ့စဉ် ပုံမှန်ပြုလုပ်မယ်ဆို တစ်ပါတ်အတွင်းမှာကို သိသာထင်ရှားတဲ့ ရလဒ် မြင်တွေ့ရမှာပါ ။ရက်သတ္တပါတ် အနည်းငယ်ကြာပြီးတဲ့အခါမှာတော့ တင်းတိပ်များ ကင်းပျောက်သလောက်နီးပါးကို ဖြစ်သွားတာ မြင်ရမှာပါ ။

Credit to CHAN (ရွှေအင်းလေး)